သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၁၃)

15.10.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ မီးတိုက်ရွာသို့ ရောက်ရှိခဲ့ကြပါတယ်။ မီးတိုက်ရွာဆိုတာ မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့နယ်ထဲက ရွာကြီးတစ်ရွာပါ။ အိမ်ထောင်စု ၁၆၀ ရှိသော်လည်း လက်ရှိမှာ အိမ်ထောင်စု ၁၂၀ပဲ ပြန်ရောက်ပါသေးတယ်။

နေ့ရက်စွန့်ခွါသွားတဲ့သူတွေ ပြန်မလာကြသေးပါ။ ရွာဦးကျောင်းမှာ အထုပ်အပိုးတွေ ပြင်ဆင်ကြပါတယ်။ ရွာဦးကျောင်းဘုန်းကြီးက ကလေးတွေကိုခေါ်ပေး ရွာသူရွာသားတွေကိုခေါ်ပေးနှင့် လူစုပေးပါတယ်။ မရမ္မာကြီးလူမျိုး အမျိုးသမီးကြီးတစ်ဦးက ဖျားတာကြာပြီဖြစ်ကြောင်း ဘာဆေးမှမရှိကြောင်း အဖျားလည်း အခုအချိန်ထိမကျသေးကြောင်း လျှောက်ထားလို့ အဖျားပျောက်ဆေးပေးပြီး ဆေးညွှန်းပါ ပြောပြလိုက်ပါတယ်။

ဆေးအားလုံးကု ရွာဦးကျောင်းဘုန်းကြီးကျောင်း အပ်နှံပြီး ဖျားနာသူများရှိက ဆေးတိုက်ဖို့ လျှောက်ထားခဲ့ပါတယ်။ ရွာဦးကျောင်းဘုန်းကြီးအား ငွေတစ်သိန်းကျပ်၊ သင်္ကန်းနှင့် လှူဖွယ်များတစ်စုံလှူဒါန်းပြီး ရွာသူရွာသားများအား ဆပ်ပြာတောင့် ၁၆၀၊ ခြုံစောင်၁၆၀၊ ငရုပ်သီးခြောက်နှစ်အိတ်၊ ပဲတစ်အိတ်၊ ဟင်းချိုမှုန့်နှစ်အိတ်၊ ငပိနှစ်အိတ်၊ ခြောက်ဆွဲခြောက်နှစ်ဖာ၊ ဆီနှစ်ပုံး၊ အဝတ်အထည်တစ်ထောင်၊ ရိုးရိုးခေါက်ဆွဲတစ်အိတ် ထောက်ပံ့ခဲ့ကာ ကလေးများကို မုန့်၊ အချိုရည်၊ သကြားလုံး ဝေငှ ပေးခဲ့ပါတယ်။

ရှေ့ဆက်သွားရင် တောင်ပြိုလက်ဝဲရောက်ပါပြီ။ တောင်ပြိုလက်ဝဲမှာ နယ်စပ်ဂိတ်ရှိပါတယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကူးလူးသွားလာခွင့်ရှိတဲ့ တံတားလေးလည်းရှိပါတယ်။ အပြန်နောက်ကျရင် အန္တရာယ်ရှိတာကြောင့် ခရီးမဆက်နိုင်ခဲ့ပါ။ မီးတိုက်ရွာသူ ရွာသားများအား ဟိုးအဝေးကြီးမှလာ၍ မီးတိုက်ရွာထိရောက်အောင် လှူဒါန်းကြတဲ့အဖွဲ့ကတော့ မန်း မဘသအဖွဲ့ပဲဖြစ်ပါတယ်။

မန်း မဘသ အဖွဲ့ထံ လှူဒါန်းထားကြတဲ့ ပြည်တွင်းပြည်ပမှ အလှူရှင်များရဲ့ လှူဖွယ်အားလုံးကို မန်း မဘသက မီးတိုက်ရွာအထိရောက်အောင် လာရောက်လှူဒါန်းခဲ့တာပါ။ ရခိုင်ပြည်သူများအတွက် လှူဒါန်းကြသော ပြည်တွင်းပြည်ပ ကုသိုလ်ရှင်အားလုံး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ပါစေသော်ဝ်………။