သတင်း

တရုတ်ဘုန်းတော်ကြီး ကြွရောက်အားပေး

4.8.2017 ည 8:00 နာရီ တရုတ်ဘုန်းတော်ကြီးတစ်ပါး ကြွရောက်လာပါတယ်။ ပဌာန်းစာဝါချနေချိန်မှာ ရောက်နေတာပါ။
စာဝါချနေပုံတွေ မှတ်တမ်းတင်သွားပါတယ်။ စာဝါချပြီးတော့ သဟာယကျောင်းမှာ ဧည့်ခံဖြစ်ပါတယ်။

ဘာသာပြန်ပေးသူက ထိုင်းနိုင်ငံမှာ တက္ကသိုလ်တက်နေတဲ့ အရှင်ဇဝနပါ။ အရှင်ဇဝနနှင့် တရုတ်ဘုန်းတော်ကြီးက တက္ကသိုလ်မှာ ခင်မင်ရင်းနှီးသူများ ဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်ဘုန်းတော်ကြီးက စတင်မိတ်ဆက်လာပါတယ်။ နိုင်ငံတကာသတင်းတွေမှာ အရှင်ဝီရသူက ဗီလိန်ဖြစ်နေတယ်။
သူစုံစမ်းကြည့်တဲ့အခါကျတော့ တစ်ခြားစီဖြစ်နေတယ်။

ဒီအကြောင်းကို သူတတ်နိုင်တဲ့ဘက်ကနေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ရေးသားခြင်း၊ ဟောပြောခြင်း၊ ဖြန့်ချီခြင်းများပြုလုပ်မယ်လို့ဆိုပါတယ်။ 

တရုတ်ပြည်သို့ တစ်ပတ်ခန့် အချိန်ပေးပြီး လာရောက် ဟောပြောပေးဖို့လည်း ပင့်ဖိတ်သွားပါတယ်။ အစ္စလာမ်မိုက်ဇေးရှင်းစာအုပ်ကို လက်ဆောင်ပေးလိုက်ပါတယ်။ လက်မှတ်ထိုးပေးပါဆိုလို့ လက်မှတ်ထိုးပေးလိုက်ပါတယ်။

ဘုန်းတော်ကြီး၏နောက်လိုက် တပည့် ကိုရင်လေးလည်းပါပါတယ်။ ဘုန်းတော်ကြီး၏ ဘွဲ့အမည်က ယွန်တီရှမ်း(Yuanthshen ) ဖြစ်ပါတယ်။