သတင်းအင်တာဗျူး

အာဏာယစ်မူးတဲ့သူတွေက အမျိုးသားရေးသမားတွေကို ရန်သူလိုမြင်လာပြီးတော့ မဖြစ်မနေနှိမ်နင်းမှရတော့မယ်ဆိုပြီး အနိုင်ကျင့်ခဲ့ကြတာ (၂)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ၊ ဖြေသမျှ)

မေး-၂၀၁၇ မှာ အမျိုးသားရေးအင်အားစုဟာ အဖိနှိပ်ခံခဲ့ရတယ်။ အစိုးရဘက်ကဖိနှိပ်တာက တစ်ပိုင်းပေါ့ဘုရား။
ကိုယ့်အင်အားစုတွေကို ကိုယ်ပြန်ကြည့်ရင် အားနည်းချက်တွေရှိတယ်ပေါ့၊ ဘယ်လိုအားနည်းချက်တွေကြောင့် အဖိနှိပ်ခံရတယ်ဆိုတာမျိုးဆိုတဲ့ သုံးသပ်မှုတွေရှိမလားဘုရား။
ဖြေ – ရှိပါတယ်။ အဲဒါကတော့ သူ့အမြင် ကိုယ့်အမြင်ပေါ့။ တစ်အချက်ကတော့ – ရဲစခန်းတွေမှာ အမျိုးသားရေးအမှုမဟုတ်ဘဲ သာမန်ရာဇ၀တ်မှုတွေကို သံဃာတော်တွေလိုက်ပြီးတော့ ဖိအားပေးတာမျိုးပေါ့၊ နောက် အဲဒီအမှုမျိုးကိုပဲ ဟွန်းကြီးနဲ့ ရဲစခန်းရှေ့အော်ဟစ်ပြီး ဖွင့်ချကြတာမျိုးပေါ့၊ ဒါတွေကိုကြည့်ပြီးတော့ မျက်စိဆံပင်မွှေးစူးကြတာလည်း ရှိတယ်ပေါ့၊ ဥပဒေဘောင်ထဲကနေ မလုပ်တတ်တာရယ်၊ အမျိုးသားရေးခံယူချက်မသည်းကွဲတာရယ်လည်းပါတာပေါ့။
ဒါကတော့ ကိုယ့်ဘက်က အားနည်းချက်ပေါ့။
နောက်တစ်ခုကတော့ အစိုးရရဲ့ အားနည်းချက်ပေါ့။ မဘသရဲ့နောက်ကွယ်မှာ ခရိုနီတွေ၊ ခရိုဝါတွေရှိတယ်ဆိုပြီးတော့ အထင်လွဲပြီး ဆရာတော်သံဃာတော်တွေကို ဖြိုခွင်းတဲ့အဆင့်ထိ ရောက်သွားတာပေါ့။ ဒါကြောင့် အခုလို နှိမ်နင်းတဲ့အဆင့်ထိရောက်သွားခဲ့ရတာပါ။
နောက်တစ်ခု ဆက်ပြောမယ်ဆိုရင်တော့ အစိုးရက အမျိုးသားရေးနဲ့ပတ်သက်လို့ရှိရင် နည်းနည်းလေးမှ စိတ်မချရ၊ နည်းနည်းလေးမှ မယုံကြည်ရတဲ့အဆင့်ရှိတယ်။ အဲလို စိတ်မချရတဲ့အမူအရာတွေလည်း တွေ့နေရတယ်။ မယုံကြည်ရတဲ့ မူဝါဒတွေလည်း တွေ့နေရတယ်။ အဲဒီအပေါ်မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို တန်ဖိုးထားတဲ့ အမျိုးသားရေးသမားတွေကျတော့ ဒီအစိုးရလုပ်သမျှသည် အန္တရာယ်ကြီးတယ်လို့ အမျိုးသားရေးမျက်စိနဲ့ကြည့်ပြီး ဝေဖန်လာကြတာပေါ့။
အဲဒီမှာ အာဏာယစ်မှုးတဲ့သူတွေက အမျိုးသားရေးသမားတွေကို ရန်သူလိုမြင်လာပြီးတော့ မဖြစ်မနေနှိမ်နင်းမှ ရတော့မယ်ဆိုပြီး အနိုင်ကျင့်ခဲ့ကြတာပေါ့နော်။
အဲဒီလိုနှိမ်နင်းဖို့အတွက်လည်း အမုန်းတရာဆိုတာတွေ၊ အစွန်းရောက်ဆိုတာတွေနဲ့ ပြည်သူလူထုကို သွေးခွဲပေးခဲ့ကြတာပေါ့နော်။
နိုင်ငံတကာကလည်း ဒီအဖွဲ့ကြီးမရှိမှ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို သူတို့နည်း သူတို့ဟန်နဲ့ ကျူးကျော်စော်ကားလို့ရမှာကိုး။
အဲတော့ ဒီအဖွဲ့ကြီးကို နည်းမျိုးစုံနဲ့ ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေကြတာပေါ့နော့။

မေး- ရခိုင်ကိစ္စလည်း နည်းနည်းမေးချင်ပါတယ်ဘုရား။ ရခိုင်မှာ မောင်တော-တောင်ပြိုလမ်းပေါ်က ကျွန်းပေါက်ပြုစူးရွာနားမှာ GE စစ်တပ်ကားတစ်စီး ဆွဲမိုင်းမိပြီး (၆)ဦးဒဏ်ရာရတယ်၊ တစ်ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သတင်းတွေက ရေးကြပါတယ်ဘုရား။ သတင်းထုတ်ပြန်ရေး ကော်မတီကလည်းပဲ ထုတ်ပြန်ထားပါတယ်။ ရခိုင်ပဋိပက္ခရဲ့ ကြာချိန်ဟာ တစ်စတစ်စ ပိုပိုပြီး ကြာလာပြီဆိုတော့ ၊ အဲဒီပဋိပက္ခကို မြန်မြန်ဆန်ဆန်ပြီးပြတ်သွားအောင် အစိုးရ၊ ပြည်သူ၊တပ်မတော်ဒါတွေက ဘာတွေလုပ်သင့်တယ်လို့ ထင်ပါသလဲဘုရား။
ဖြေ-လုပ်သင့်တာတွေကတော့ အများကြီးပေါ့နော်။ အဲဒါတွေကိုလည်း ကိုယ်တိုင် ရှာဖွေတွေ့ရှိထားတာပေါ့။ ဒါပေမယ့် ရဟန်းသံဃာဖြစ်နေတဲ့အတွက် အကုန်လုံးကို ချပြလို့ မဖြစ်ဘူးလေ။
ဝိနည်းသိက္ခာပုဒ်တွေ လိုက်နာနေရတာကိုး။
အခု လက်ရှိအနေအထားဟာ ရခိုင်ပြည်ကြီး လုံးဝ တည်ငြိမ်အေးချမ်းသွားဖို့အတွက် ကြီးမားတဲ့ အခွင့်အလမ်းကြီးပေါ့။ ဒီအခွင့်အလမ်းကြီးကို အမိအရ အခွင့်ကောင်းယူပြီးတော့ တကယ့်ကို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ အကောင်အထည်ဖော်လိုက်မယ်ဆိုရင် ရခိုင်တွေဘယ်တော့မှ အသတ်မခံရတော့ဘူး။ ရခိုင်ပြည်ကြီး ထာဝရငြိမ်းချမ်းပြီး ရခိုင်ပြည်ကြီးရဲ့ အချုပ်အခြာကို ဘယ်သူမှ ကျူးကျော်လို့ မရတော့ပါဘူး။ အဲဒီနည်းကို လုပ်ဆောင်သင့်တာပေါ့။
အဲဒီနည်းကို လုပ်ဆောင်ဖို့အတွက် ဦးဇင်း ရေဖြူမှာလည်း စစ်မနိုင်မြို့တော်ဆိုတဲ့ တရားကို ဟောခဲ့ပါတယ်နော့။
အဓိကကတော့ လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားတွေဟာ ခရီးသွားရင်လည်းကြောက်နေရတယ်။
ဘာကြောင့်လဲ? လမ်းမကြီးရဲ့ ၀ဲယာမှာ ဘင်္ဂါလီတွေချည်းပဲ နေရာယူထားလို့။
မြို့ထဲ ရွာထဲသွားရင်လည်း ကြောက်နေရတယ်။ ဘင်္ဂါလီရွာကြီးတွေကို ဖြတ်သန်းပြီးတော့ သွားနေရလို့၊ ကိုယ့်အိမ်ကိုယ်ယာမှာနေထိုင်ရင်းနဲ့လည်း ကြောက်နေရတယ်။
ဘာကြောင့်လဲ? ဘင်္ဂါလီရွာတွေကြားထဲ ညပ်နေကြလို့။
ထွန်ရက်စိုက်ပျိုးနေရင်လည်း ကြောက်နေရတယ်။
ဘာကြောင့်လဲ? ဘင်္ဂါလီတွေလာပြီး သတ်လို့။
အဲတော့ ဘင်္ဂါလီတွေက ရခိုင်တိုင်းရင်းသားတွေကို ဘယ်လိုပုံစံမျိုးနဲ့မှ စော်ကားလို့မရအောင် ဘူးသီးတောင်မောင်တောမြို့နယ်ကို စနစ်တကျ ပြန်လည်တည်ဆောက်နိုင်တဲ့အခွင့်အလမ်းဟာ ဒီအစိုးရဆီမှာ အပြည့်အ၀ကို ရှိနေတယ်။ အဲဒါကြီးကို အမိအရ အကောင်အထည်ဖော်ဖို့ပဲလိုတာပါလို့နော်။

မေး – ရခိုင်ပဋိပက္ခကို နိုင်ငံတကာက ဘယ်လောက်ထိ ပုံဖော်ထားသလဲဆိုရင် မြောက်ကိုရီးယားနဲ့ အမေရိကန်ပဋိပက္ခ၊ ဆော်ဒီအာရေဗီးယားနှင့် အီရန်တို့၏ ပဋိပက္ခပြီးရင်၂၀၁၈ ခုနှစ်အတွင်း စောင့်ကြည့်ရမည့် ထိပ်တန်းအကြပ်အတည်း ၁၀ ခုမှာ ရခိုင်ဋိပက္ခကို တတိယနေရာမှာ ထည့်ထားတယ်ပေါ့ဘုရား။
ဆိုတော့ ပဋိပက္ခက တကယ်ပဲ အဲဒီလောက်ကြီးကို ကြီးလား။ နိုင်ငံတကာက တမင်ပဲ ပုံကြီးချဲ့နေတာလားဘုရား။
ဖြေ – ပြောရမယ်ဆိုရင်တော့ ဒီ ဘင်္ဂါလီရဲ့နောက်ကွယ်မှာ အစ္စလာမ်မစ်အင်အားစုတွေရှိတာပေါ့နော်။ အဲဒီ အစ္စလာမ်မစ်တွေရဲ့ နောက်ကွယ်မှာ စပွန်ဆာတွေရှိတာပေါ့။
သူတို့က အကုန်လုံးကို ပေါက်မြောက်တယ်ဆိုကြပါစို့။ အိမ်ဖြူတော်ထိလည်းရောက်တယ်၊ ကုလလူ့အခွင့်အရေးကောင်စီက အကြီးအကဲတွေနဲ့ ဌာနတွေကိုလည်း ၀င်နိုင်ထွက်နိုင်တယ်၊ နောက် လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတော်တော်များများကိုလည်း ခါးပိုက်ထဲ ထည့်ထားနိုင်တယ်။ အဲတော့ ဒီခေါင်းစဉ်ကြီးနဲ့ မြန်မာပြည်ကို အရေးယူဖို့အတွက် သူတို့တတွေက စနစ်တကျကြံစည်နိုင်တာပေါ့။
အဲတော့ သူ့ဆန်စား ရဲမှဆိုတဲ့ အတိုင်းပဲ ရိုဟင်ဂျာဆိုတဲ့ စကားလေးတစ်ခွန်းပြောဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာ သူတို့ရရှိတာကိုး။
ဒေါ်လာသန်းပေါင်းများစွာ ယူထားတဲ့အတွက်ကြောင့် ပဋိညာဉ်တွေ၊ စည်းကမ်းတွေ၊ ကျင့်ဝတ်တွေကို သူတို့ကိုယ်တိုင်က ဖောက်ဖျက်ပြီး ရိုဟင်ဂျာတသွင်သွင်ပြောလာခဲ့ကြတာလေ။
တကယ်ပဲ အီရန်တို့၊ မြောက်ကိုးရီးယားတို့လို ဖြစ်နေလို့ ဒီအဆင့်ကို သွင်းကြတာမဟုတ်ဘူး။ ဒီဟာကြီးကြောင့် နိုင်ငံတကာကနေ မြန်မာအစိုးရကို အမြင်ကပ်လို့ဆိုပြီးတော့ ပုံကြီးချဲ့ပြီးတော့ ဒီလိုလုပ်နေကြတာလည်းမဟုတ်ဘူး။
မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို လိုချင်လို့ ရခိုင်ပြည်ရဲ့ အချုပ်အခြာအာဏာကနေစပြီးတော့ သိမ်းယူချင်တဲ့အတွက်ကြောင့် အစ္စလာမ်မစ်အင်အားစုတွေရဲ့ နည်းဗျူဟာအတိုင်း ကမ္ဘာကြီးက လိုက်ပြီးတော့ ကစားပြရတာပါနော်။ အဲဒီသဘောပါ။
(ဆက်လက်ဖော်ပြပါမည်)

12.1.2018 မြန်မာ့ဥဒါန်းဂျာနယ် အမှတ်(၁၅)