သတင္း

ဗုိလ္ေအာင္ဒင္အက်ႌခၽြတ္တာ ေရခ်ဳိးမလုိ႔ပါ မျမဝင္း

မေၾကာက္ပါနဲ႔ဗ်ာ။ လက္နက္မကုိင္ အာဏာမရွိ ေငြေၾကးမျပည့္စုံတဲ့ ရဟန္းတစ္ပါးကုိမွ ဘာလုိ႔ ဒီေလာက္ႀကီး ေၾကာက္ေနရတာလဲ။ ဗုိလ္ေအာင္ဒင္အက်ႌခၽြတ္တာ မေၾကာက္ပါနဲ႔ မျမဝင္း ေရခ်ဳိးမလုိ႔ပါဗ်ာ။ အမုန္းတရားေခါင္းစဥ္တပ္ၿပီး ဆက္လက္ ႏွိပ္ကြပ္ မခံႏုိင္ေတာ့လုိ႔ တရားသာခ်ည္းပဲ ေဟာပါေတာ့မယ္။

အရင္လုိ ကုလားတရားမေဟာေတာ့ဘဲ ဗမာတရားပဲ ေဟာေတာ့မွာပါ။ အေရးဟယ္ အေၾကာင္းဟယ္ ပြဲႀကီးပြဲေကာင္းဆုိရင္ေတာ့ ဇာတ္ေတာ္ နိပါတ္ေတာ္ သုတၱန္ ဝတၳဳေတာ္ ေတြထဲက ႏုိင္ငံေရးနဲ႔ပတ္သက္တာေတြကုိ ေရြးခ်ယ္ၿပီး ပိဋကတ္ေတာ္ႏွင့္ ညီတဲ့တရားကုိပဲ ေဟာမွာပါ။

အခုေလာေလာဆယ္ ေဟာမယ္ဆုိလည္း ရပါတယ္။ ဒါေပမဲ့ ေရခ်ဳိးမလုိ႔ အက်ႌခၽြတ္တာကုိ မျမဝင္းက ရင္တုန္ပန္းတုန္ျဖစ္ေနတာျမင္ရလုိ႔ မျမဝင္းကုိ သနားတာနဲ႔ ဗမာတရား မေဟာေသးပါဘူး။ မျမဝင္းတင္ေၾကာက္တာမဟုတ္ပါဘူး။

အဲရစ္သားသမီးေတြအကုန္လုံး ေၾကာက္ေနၾကတာပါ။ အဲရစ္သားသမီးေတြေရ ဗုိလ္ေအာင္ဒင္ကုိ မေၾကာက္ပါနဲ႔ဗ်ာ ဗုိလ္ေအာင္ဒင္မွာလည္း ခ်စ္တတ္တဲ့ အသဲႏွလုံး ရွိပါတယ္။ အစြဲအလမ္းလည္း ႀကီးတတ္ပါတယ္။ အသဲလည္း မခုိင္ပါဘူး။ ဗုိလ္ေအာင္ဒင္လည္း ပုထုဇဥ္လူသားပဲမဟုတ္လား။

ဗုိလ္ေအာင္ဒင္လူၾကမ္းႀကီး
ဝီရသူ(မစုိးရိမ္)
9.3.2018
PM 2:22

“ဆရာေတာ္ ဦးဝီရသူ တရားေဟာခြင့္ျပန္ရ”
==============================
မဟာေအာင္ေျမၿမိဳ႕နယ္၊ မစိုးရိမ္တိုက္သစ္ နာယကအဖြဲ႔ဝင္ဆရာေတာ္ ဦးဝိစိတၱာဘိဝံသ (ဦးဝီရသူ) သည္ မတ္လ ၉ ရက္ (ယေန႔) တြင္ တရားေဟာခြင့္ ျပန္ရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္သံဃာ မဟာနာယကအဖြဲ႔ဥကၠ႒ ဆရာေတာ္ ဘဒၵႏၲကုမာရာဘိဝံသက မိန္႔ၾကားသည္။

ဆရာေတာ္ဦးဝိစိတၱာဘိဝံသ (ဦးဝီရသူ) သည္ ဘာသာတစ္ခုႏွင့္တစ္ခုအၾကား အမုန္းတရား ပြားမ်ားေစၿပီး ဘာသာေရး အဓိက႐ုဏ္း ျဖစ္ေစႏိုင္သည့္ ေဟာေျပာမႈမ်ား၊ အမုန္းတရားႀကီး ထြားေစရန္ လံႈ႔ေဆာ္ေဟာေျပာမႈမ်ား၊ တရားဥပေဒစိုးမိုးေရးကို အဟန္႔အတား ျဖစ္ေစသည့္ ေဟာေျပာမႈမ်ားႏွင့္ ႏိုင္ငံေရးပါတီမ်ားအၾကား ဘက္လိုက္ေဝဖန္ ေဟာေျပာမႈမ်ားကို ေဒသအႏွံ႔အျပား၌ ႀကိမ္ဖန္မ်ားစြာ ျပဳလုပ္ေနျခင္းသည္ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႔က ထုတ္ျပန္ထားသည့္ စည္းကမ္းမ်ားကို ေဖာက္ဖ်က္က်ဴးလြန္သည္ဟုဆိုကာ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႔ က ၂၀၁၇ ခုႏွစ္ မတ္လ ၁၀ ရက္ေန႔မွ ၂၀၁၈ ခုႏွစ္ မတ္လ ၉ ရက္ေန႔အထိ တရားေဟာခြင့္ တစ္ႏွစ္ ပိတ္ပင္ခဲ့သည္။

တရားေဟာခြင့္ ပိတ္ပင္ထားသည္မွာ တစ္ႏွစ္ျပည့္သြားၿပီျဖစ္သျဖင့္ ဦးဝီရသူအေနႏွင့္ တရားေဟာလိုပါက ေဟာေျပာႏိုင္ၿပီျဖစ္ေၾကာင္း၊ သို႔ေသာ္ ဘုရားေဟာမ်ားႏွင့္ ဆန္႔က်င္သည္မ်ား၊ အစိုးရကိုဆန္႔ က်င္သည္မ်ားကို မေဟာရန္လိုေၾကာင္း ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႔ ဥကၠ႒ ဆရာေတာ္ ဘဒၵႏၲကုမာရာဘိဝံသ (ဗန္းေမာ္ဆရာေတာ္) က မိန္႔ၾကားသည္။

“အဖြင့္၊ အ႒ကထာ၊ ပါဠိေတာ္မ်ားလာတဲ့အတိုင္း ေဟာရင္ဘာမွ အႏၲရာယ္ မရွိပါဘူး။ ဒါေတြနဲ႔ဆန္႔က်င္ၿပီး မေဟာနဲ႔၊ အစိုးရကို ဆန္႔က်င္ၿပီးေတာ့လည္း မေဟာနဲ႔၊ တခ်ိဳ႕က ဆန္႔က်င္ဘက္ လုပ္ၿပီးေဟာေတာ့ အစိုးရပိုင္းကေန အေရးယူမွာေပါ့။ ဘုရားေဟာ အ႒ကထာ၊ ဋီကာေတြနဲ႔ ဆန္႔က်င္ဘက္လုပ္ေတာ့ သံဃမဟာနာယက႐ံုးေတြက အေရးယူလိမ့္မယ္”ဟု ဆရာေတာ္က မိန္႔ဆိုသည္။

ဆရာေတာ္ဦးဝီရသူသည္ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႔က ထုတ္ျပန္ထားသည့္ ၫြန္ၾကားလႊာအမွတ္ (၈၃)၊ (၉၁)၊ (၉၃)၊ (၉၄) တို႔ကို ေဖာက္ဖ်က္က်ဴးလြန္သျဖင့္ ၂၀၁၇ ခုႏွစ္ မတ္လ ၉ ရက္ေန႔က က်င္းပသည့္ သတၱမအႀကိမ္ ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႔ (၄၇) ပါး စံုညီ စတုတၳ အထူးအစည္းအေဝး၌ ဦးဝီရသူကို ၂၀၁၇ ခုႏွစ္ မတ္လ ၁၀ ရက္ေန႔မွ ၂၀၁၈ ခုႏွစ္ မတ္လ ၉ ရက္ေန႔ထိ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္အတြင္း တရားေဟာေျပာခြင့္ တစ္ႏွစ္ပိတ္ပင္ခဲ့ေၾကာင္း၊ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက တည္ဆဲဥပေဒမ်ားအရ အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ အဆိုပါဆံုးျဖတ္ခ်က္မ်ားကို ဦးဝိစိတၱာဘိဝံသ (ဦးဝီရသူ) အား မႏၲေလး တိုင္းသံဃနာယကအဖြဲ႔က ေခၚယူအသိေပးရန္ျဖစ္ေၾကာင္း အခ်က္သံုးခ်က္ ခ်မွတ္ခဲ့သည္။
တရားေဟာခြင့္ ပိတ္ပင္ခံရၿပီး ေနာက္ ဆရာေတာ္ဦးဝီရသူသည္ တရားပြဲ မ်ားတြင္ ပါးစပ္ကိုတိပ္ျဖင့္ကပ္ကာ အသံ သြင္း တရားေတာ္မ်ားဖြင့္ျခင္းျဖင့္ ေဟာေျပာပြဲအခ်ိဳ႕ ျပဳလုပ္ခဲ့သည္။

“သူ မေဟာသင့္တာ ေဟာတယ္။ အဲဒါလည္းပဲ တကယ္က်ေတာ့ မေဟာသင့္ဘူးေပါ့။ ဘုရားေဟာက ဒီလို ပါးစပ္ပိတ္ၿပီး ေဟာရမယ္လို႔ မရွိဘူးေပါ့။ ႐ိုး႐ိုးပဲ ေဟာရမယ္။ ဒီလိုလုပ္ၿပီး ေဟာတယ္ဆိုေတာ့ သူ႔မယ္ ဘုရားေဟာနဲ႔ ဆန္႔က်င္တယ္၊ အစိုးရနဲ႔ ဆန္႔က်င္တယ္ ဆိုတာကေတာ့ မေကာင္းဘူးေပါ့။ အျပစ္နည္းနည္းရွိတယ္”ဟု ဗန္းေမာ္ဆရာေတာ္ႀကီးက ထပ္မံမိန္႔ဆိုသည္။
ဆရာေတာ္ဦးဝီရသူသည္ အမ်ိဳး သားေရး တက္ႂကြလႈပ္ရွားသူတစ္ဦး အျဖစ္ ထင္ရွားၿပီး ၂၀၁၃ ခုႏွစ္ ဇူလိုင္လ အတြင္းက ထုတ္ေဝခဲ့သည့္ ကမၻာေက်ာ္ တိုင္းမ္မဂၢဇင္း မ်က္ႏွာဖုန္းတြင္ “The Face of Buddhist Terror” ေခါင္းစဥ္ျဖင့္ ေဖာ္ျပျခင္းခံခဲ့ရသည္။

“အခုျပန္ၿပီး ေဟာခြင့္ရေတာ့မယ္ ဆိုေတာ့၊ ဆရာေတာ္ကအဘိဝံသဆရာေတာ္ တစ္ပါးျဖစ္တယ္။ ပရိယတၱိမွာလည္း ေပါက္ေျမာက္တဲ့ ဆရာေတာ္တစ္ပါးျဖစ္ တယ္။ ဆရာေတာ္အေနနဲ႔မ်ိဳးခ်စ္စိတ္ရွိ ေကာင္းရွိမယ္။ ဒါေပမဲ့ ဆရာေတာ္အေနနဲ႔ အမုန္းတရားေတြကိုထပ္ၿပီးေတာ့မေဟာ သင့္ေတာ့ဘူး၊ ဆရာေတာ္အေနနဲ႔ အမ်ိဳး ဘာသာသာသနာကို အျခားပံုစံနဲ႔ ေစာင့္ ေရွာက္သင့္ပါတယ္” ဟု မႏၲေလးၿမိဳခံ စီးပြားေရးလုပ္ငန္းရွင္ ဦးစိန္ဦးက ေျပာ ၾကားသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ မႏၲေလး တိုင္းသာသနာေရးဦးစီးဌာနထံ သြားေရာက္ ေမးျမန္းေသာ္လည္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက တစ္စံုတစ္ရာ ၫႊန္ၾကားထားျခင္း မရွိေသးေၾကာင္း ယင္းဌာနမွ အရာထမ္းတစ္ဦးက ေျပာဆိုသည္။
ႏိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႔က တရာေဟာခြင့္ တစ္ႏွစ္ပိတ္ပင္ ထားမႈျပည့္သြားၿပီျဖစ္၍ ေရွ႕ဆက္လုပ္ မည့္ကိစၥမ်ားကို သိရွိႏိုင္ရန္ ဆရာေတာ္ ဦးဝီရသူသီတင္းသံုးရာ မစိုးရိမ္တိုက္သစ္ရွိ ဓမၼကာရေက်ာင္းတိုက္သို႔ သြားေရာက္ ေတြ႔ဆံုခဲ့ေသာ္လည္း လက္ခံေတြ႔ဆံုခဲ့ျခင္း မရွိေသာေၾကာင့္ ေမးျမန္းခြင့္မရခဲ့ေပ။

ဆရာေတာ္ဦးဝီရသူ၏ လူမႈကြန္ရက္ စာမ်က္ႏွာ Facebook Account ႏွစ္ခု ဇန္နဝါရီလ ၂၄ ရက္ေန႔က ပိတ္သိမ္းခံလိုက္ရျခင္းေၾကာင့္ ဆရာေတာ္သည္ YouTube အင္တာနက္ ႐ုပ္သံမွေန၍ တရားေဟာေျပာမႈမ်ား လုပ္ေဆာင္လ်က္ရွိသည္။

Credit>The Voice

http://thevoicemyanmar.com/news/18324-wrt

 

“ဗိုလ်အောင်ဒင်အကျႌချွတ်တာ ရေချိုးမလို့ပါ မမြဝင်း”

မကြောက်ပါနဲ့ဗျာ။ လက်နက်မကိုင် အာဏာမရှိ ငွေကြေးမပြည့်စုံတဲ့ ရဟန်းတစ်ပါးကိုမှ ဘာလို့ ဒီလောက်ကြီး ကြောက်နေရတာလဲ။ ဗိုလ်အောင်ဒင်အကျႌချွတ်တာ မကြောက်ပါနဲ့ မမြဝင်း ရေချိုးမလို့ပါဗျာ။ အမုန်းတရားခေါင်းစဉ်တပ်ပြီး ဆက်လက် နှိပ်ကွပ် မခံနိုင်တော့လို့ တရားသာချည်းပဲ ဟောပါတော့မယ်။

အရင်လို ကုလားတရားမဟောတော့ဘဲ ဗမာတရားပဲ ဟောတော့မှာပါ။ အရေးဟယ် အကြောင်းဟယ် ပွဲကြီးပွဲကောင်းဆိုရင်တော့ ဇာတ်တော် နိပါတ်တော် သုတ္တန် ဝတ္ထုတော် တွေထဲက နိုင်ငံရေးနဲ့ပတ်သက်တာတွေကို ရွေးချယ်ပြီး ပိဋကတ်တော်နှင့် ညီတဲ့တရားကိုပဲ ဟောမှာပါ။

အခုလောလောဆယ် ဟောမယ်ဆိုလည်း ရပါတယ်။ ဒါပေမဲ့ ရေချိုးမလို့ အကျႌချွတ်တာကို မမြဝင်းက ရင်တုန်ပန်းတုန်ဖြစ်နေတာမြင်ရလို့ မမြဝင်းကို သနားတာနဲ့ ဗမာတရား မဟောသေးပါဘူး။ မမြဝင်းတင်ကြောက်တာမဟုတ်ပါဘူး။ အဲရစ်သားသမီးတွေအကုန်လုံး ကြောက်နေကြတာပါ။

အဲရစ်သားသမီးတွေရေ ဗိုလ်အောင်ဒင်ကို မကြောက်ပါနဲ့ဗျာ ဗိုလ်အောင်ဒင်မှာလည်း ချစ်တတ်တဲ့ အသဲနှလုံး ရှိပါတယ်။
အစွဲအလမ်းလည်း ကြီးတတ်ပါတယ်။ အသဲလည်း မခိုင်ပါဘူး။ ဗိုလ်အောင်ဒင်လည်း ပုထုဇဉ်လူသားပဲမဟုတ်လား။

ဗိုလ်အောင်ဒင်လူကြမ်းကြီး
ဝီရသူ(မစိုးရိမ်)
9.3.2018
PM 2:22

“ဆရာတော် ဦးဝီရသူ တရားဟောခွင့်ပြန်ရ”

မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင်ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) သည် မတ်လ ၉ ရက် (ယနေ့) တွင် တရားဟောခွင့် ပြန်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သံဃာ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသက မိန့်ကြားသည်။

ဆရာတော်ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) သည် ဘာသာတစ်ခုနှင့်တစ်ခုအကြား အမုန်းတရား ပွားများစေပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရားကြီး ထွားစေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရားဥပဒေစိုးမိုးရေးကို အဟန့်အတား ဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများအကြား ဘက်လိုက်ဝေဖန် ဟောပြောမှုများကို ဒေသအနှံ့အပြား၌ ကြိမ်ဖန်များစွာ ပြုလုပ်နေခြင်းသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသည့် စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်သည်ဟုဆိုကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်နေ့အထိ တရားဟောခွင့် တစ်နှစ် ပိတ်ပင်ခဲ့သည်။

တရားဟောခွင့် ပိတ်ပင်ထားသည်မှာ တစ်နှစ်ပြည့်သွားပြီဖြစ်သဖြင့် ဦးဝီရသူအနေနှင့် တရားဟောလိုပါက ဟောပြောနိုင်ပြီဖြစ်ကြောင်း၊ သို့သော် ဘုရားဟောများနှင့် ဆန့်ကျင်သည်များ၊ အစိုးရကိုဆန့် ကျင်သည်များကို မဟောရန်လိုကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်) က မိန့်ကြားသည်။

“အဖွင့်၊ အဋ္ဌကထာ၊ ပါဠိတော်များလာတဲ့အတိုင်း ဟောရင်ဘာမှ အန္တရာယ် မရှိပါဘူး။ ဒါတွေနဲ့ဆန့်ကျင်ပြီး မဟောနဲ့၊ အစိုးရကို ဆန့်ကျင်ပြီးတော့လည်း မဟောနဲ့၊ တချို့က ဆန့်ကျင်ဘက် လုပ်ပြီးဟောတော့ အစိုးရပိုင်းကနေ အရေးယူမှာပေါ့။ ဘုရားဟော အဋ္ဌကထာ၊ ဋီကာတွေနဲ့ ဆန့်ကျင်ဘက်လုပ်တော့ သံဃမဟာနာယကရုံးတွေက အရေးယူလိမ့်မယ်”ဟု ဆရာတော်က မိန့်ဆိုသည်။

ဆရာတော်ဦးဝီရသူသည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသည့် ညွန်ကြားလွှာအမှတ် (၈၃)၊ (၉၁)၊ (၉၃)၊ (၉၄) တို့ကို ဖောက်ဖျက်ကျူးလွန်သဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၉ ရက်နေ့က ကျင်းပသည့် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါး စုံညီ စတုတ္ထ အထူးအစည်းအဝေး၌ ဦးဝီရသူကို ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်နေ့ထိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တရားဟောပြောခွင့် တစ်နှစ်ပိတ်ပင်ခဲ့ကြောင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါဆုံးဖြတ်ချက်များကို ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) အား မန္တလေး တိုင်းသံဃနာယကအဖွဲ့က ခေါ်ယူအသိပေးရန်ဖြစ်ကြောင်း အချက်သုံးချက် ချမှတ်ခဲ့သည်။

တရားဟောခွင့် ပိတ်ပင်ခံရပြီး နောက် ဆရာတော်ဦးဝီရသူသည် တရားပွဲ များတွင် ပါးစပ်ကိုတိပ်ဖြင့်ကပ်ကာ အသံ သွင်း တရားတော်များဖွင့်ခြင်းဖြင့် ဟောပြောပွဲအချို့ ပြုလုပ်ခဲ့သည်။

“သူ မဟောသင့်တာ ဟောတယ်။ အဲဒါလည်းပဲ တကယ်ကျတော့ မဟောသင့်ဘူးပေါ့။ ဘုရားဟောက ဒီလို ပါးစပ်ပိတ်ပြီး ဟောရမယ်လို့ မရှိဘူးပေါ့။ ရိုးရိုးပဲ ဟောရမယ်။ ဒီလိုလုပ်ပြီး ဟောတယ်ဆိုတော့ သူ့မယ် ဘုရားဟောနဲ့ ဆန့်ကျင်တယ်၊ အစိုးရနဲ့ ဆန့်ကျင်တယ် ဆိုတာကတော့ မကောင်းဘူးပေါ့။ အပြစ်နည်းနည်းရှိတယ်”ဟု ဗန်းမော်ဆရာတော်ကြီးက ထပ်မံမိန့်ဆိုသည်။
ဆရာတော်ဦးဝီရသူသည် အမျိုး သားရေး တက်ကြွလှုပ်ရှားသူတစ်ဦး အဖြစ် ထင်ရှားပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက ထုတ်ဝေခဲ့သည့် ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုန်းတွင် “The Face of Buddhist Terror” ခေါင်းစဉ်ဖြင့် ဖော်ပြခြင်းခံခဲ့ရသည်။

“အခုပြန်ပြီး ဟောခွင့်ရတော့မယ် ဆိုတော့၊ ဆရာတော်ကအဘိဝံသဆရာတော် တစ်ပါးဖြစ်တယ်။ ပရိယတ္တိမှာလည်း ပေါက်မြောက်တဲ့ ဆရာတော်တစ်ပါးဖြစ် တယ်။ ဆရာတော်အနေနဲ့မျိုးချစ်စိတ်ရှိ ကောင်းရှိမယ်။ ဒါပေမဲ့ ဆရာတော်အနေနဲ့ အမုန်းတရားတွေကိုထပ်ပြီးတော့မဟော သင့်တော့ဘူး၊ ဆရာတော်အနေနဲ့ အမျိုး ဘာသာသာသနာကို အခြားပုံစံနဲ့ စောင့် ရှောက်သင့်ပါတယ်” ဟု မန္တလေးမြိုခံ စီးပွားရေးလုပ်ငန်းရှင် ဦးစိန်ဦးက ပြော ကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မန္တလေး တိုင်းသာသနာရေးဦးစီးဌာနထံ သွားရောက် မေးမြန်းသော်လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တစ်စုံတစ်ရာ ညွှန်ကြားထားခြင်း မရှိသေးကြောင်း ယင်းဌာနမှ အရာထမ်းတစ်ဦးက ပြောဆိုသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တရာဟောခွင့် တစ်နှစ်ပိတ်ပင် ထားမှုပြည့်သွားပြီဖြစ်၍ ရှေ့ဆက်လုပ် မည့်ကိစ္စများကို သိရှိနိုင်ရန် ဆရာတော် ဦးဝီရသူသီတင်းသုံးရာ မစိုးရိမ်တိုက်သစ်ရှိ ဓမ္မကာရကျောင်းတိုက်သို့ သွားရောက် တွေ့ဆုံခဲ့သော်လည်း လက်ခံတွေ့ဆုံခဲ့ခြင်း မရှိသောကြောင့် မေးမြန်းခွင့်မရခဲ့ပေ။

ဆရာတော်ဦးဝီရသူ၏ လူမှုကွန်ရက် စာမျက်နှာ Facebook Account နှစ်ခု ဇန်နဝါရီလ ၂၄ ရက်နေ့က ပိတ်သိမ်းခံလိုက်ရခြင်းကြောင့် ဆရာတော်သည် YouTube အင်တာနက် ရုပ်သံမှနေ၍ တရားဟောပြောမှုများ လုပ်ဆောင်လျက်ရှိသည်။
Credit>The Voice

http://thevoicemyanmar.com/news/18324-wrt