သတင္း

ဂ်ပန္သတင္းဌာန အင္တာဗ်ဴးမိတ္ဆက္

4.7.2018 ရက္ေန႔၊ မြန္းလြဲ ၁း၀၀ နာရီ၊ ဓမၼသဟာယေက်ာင္းသုိ႔ ေရာက္ရွိလာပါတယ္။ ႀကဳိတင္ၿပီး ေလွ်ာက္လႊာတင္ထားၾကတာပါ။ Vice Japan သတင္းဌာနကပါ။ ကတိကဝတ္ေတြ ႀကဳိတင္ျပဳထားတဲ့အတုိင္း စည္းမ်ဥ္းစည္းကမ္းေတြ ေရးဆြဲပါတယ္။ သေဘာတူညီေၾကာင္း လက္မွတ္ေရးထိုးၾကပါတယ္။

5.7.2018 ရက္ေန႔မွ စတင္ၿပီး ရုပ္သံမွတ္တမ္းတင္ၾကမွာပါ။ ေလာေလာဆယ္ ေက်ာင္းတုိက္အတြင္း ရႈခင္းမ်ားရိုက္ယူျခင္း၊ စာဖတ္ဝိုင္းမွ ကိုရင္ဦးဇင္းမ်ားကို အင္တာဗ်ဴးျခင္းမ်ား ျပဳလုပ္သြားပါတယ္။

အစီအစဥ္ကေတာ့ Documentary မွတ္တမ္းတင္ရုပ္သံသတင္းပါ။ မန္း မဘသ အဖြဲ႔၊ မဘသ(ဗဟုိ)တုိ႔မွာလည္း ခြင့္ေတာင္းၿပီးသားပါ။ ရြာမဆရာေတာ္ႀကီးႏွင့္ စာေရးသူတုိ႔ႏွစ္ပါးကိုေတာ့ သီးျခားအေမးအေျဖလုပ္မွာလုိ႔ ဆိုပါတယ္။

အစြန္းေရာက္၊ အၾကမ္းဖက္၊ အမုန္းတရားျဖန္႔ျဖဴး၊ ဆူပူလႈံ႔ေဆာ္သူ စသည္ျဖင့္ မဟုတ္မဟတ္ အထူးျပဳလုပ္ဇာတ္စကားလံုးေတြ မသံုးဖုိ႔၊ ျမန္မာေနရွင္နယ္လစ္ မ်ဳိးခ်စ္ရဟန္းေတာ္တစ္ပါးဟု အထူးျပဳဖုိ႔အပါအဝင္ ကတိကဝတ္မ်ား ျပဳခဲ့ၾကၿပီးမွ မွတ္တမ္းတင္ၾကတာပါ။

ေနာက္ဆံုးအေခ်ာသတ္မူကို စာေရးသူထံေပးပို႔တဲ့အခါ စာေရးသူက အတည္ျပဳေပးမွ အတည္ျပဳေပးတဲ့အတုိင္း သတင္းလႊင့္ေပးမွာျဖစ္ပါတယ္။

ေစာင့္ေမွ်ာ္ ေစာင့္ၾကည့္ၾကပါဦးေနာ္…။

 

“ဂျပန်သတင်းဌာန အင်တာဗျူးမိတ်ဆက်”

4.7.2018 ရက်နေ့၊ မွန်းလွဲ ၁း၀၀ နာရီ၊ ဓမ္မသဟာယကျောင်းသို့ ရောက်ရှိလာပါတယ်။ ကြိုတင်ပြီး လျှောက်လွှာတင်ထားကြတာပါ။ Vice Japan သတင်းဌာနကပါ။ ကတိကဝတ်တွေ ကြိုတင်ပြုထားတဲ့အတိုင်း စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲပါတယ်။ သဘောတူညီကြောင်း လက်မှတ်ရေးထိုးကြပါတယ်။

5.7.2018 ရက်နေ့မှ စတင်ပြီး ရုပ်သံမှတ်တမ်းတင်ကြမှာပါ။ လောလောဆယ် ကျောင်းတိုက်အတွင်း ရှုခင်းများရိုက်ယူခြင်း၊ စာဖတ်ဝိုင်းမှ ကိုရင်ဦးဇင်းများကို အင်တာဗျူးခြင်းများ ပြုလုပ်သွားပါတယ်။

အစီအစဉ်ကတော့ Documentary မှတ်တမ်းတင်ရုပ်သံသတင်းပါ။ မန်း မဘသ အဖွဲ့၊ မဘသ(ဗဟို)တို့မှာလည်း ခွင့်တောင်းပြီးသားပါ။ ရွာမဆရာတော်ကြီးနှင့် စာရေးသူတို့နှစ်ပါးကိုတော့ သီးခြားအမေးအဖြေလုပ်မှာလို့ ဆိုပါတယ်။

အစွန်းရောက်၊ အကြမ်းဖက်၊ အမုန်းတရားဖြန့်ဖြူး၊ ဆူပူလှုံ့ဆော်သူ စသည်ဖြင့် မဟုတ်မဟတ် အထူးပြုလုပ်ဇာတ်စကားလုံးတွေ မသုံးဖို့၊ မြန်မာနေရှင်နယ်လစ် မျိုးချစ်ရဟန်းတော်တစ်ပါးဟု အထူးပြုဖို့အပါအဝင် ကတိကဝတ်များ ပြုခဲ့ကြပြီးမှ မှတ်တမ်းတင်ကြတာပါ။

နောက်ဆုံးအချောသတ်မူကို စာရေးသူထံပေးပို့တဲ့အခါ စာရေးသူက အတည်ပြုပေးမှ အတည်ပြုပေးတဲ့အတိုင်း သတင်းလွှင့်ပေးမှာဖြစ်ပါတယ်။

စောင့်မျှော် စောင့်ကြည့်ကြပါဦးနော်…။