သတင်း

အနောက်တံခါး လုံခြုံရေးခရီးစဉ် (၁၆)

ဇူလိုင်လ ၁၃ ရက်နေ့မှာ ဥဒေါင်းရွာသို့ ရောက်ရှိခဲ့ပါတယ်။ ဥဒေါင်းရွာဆိုတာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်တောင်ပိုင်းမှာရှိတဲ့ နတလ ရွာလေးတစ်ခုပါ။

တစ်နေ့တာခရီးရဲ့ ဂိတ်ဆုံးရွာဖြစ်လို့ မှောင်စပြုနေပါပြီ။ ကလေးလည်ပေါ၊ အင်အားလည်း ကောင်း၊ လုံခြုံရေးရဲတပ်ရင်းနှင့်လည်း နီးလို့ တစ်ခါမှ အကြမ်းဖက်မခံရတဲ့ ရွာလေးပါ။

အခုနှစ် နောက်ဆုံးအရေးအခင်းမှာလည်း အန္တရာယ်ကင်းခဲ့ပါတယ်။ ဒီရွာကိုရောက်တော့ ငါးခြောက်နှင့် ဆန် လှူခဲ့တာ မှတ်မိကြသလို နမောတဿ နာနာရွတ်ဖို့ မှာခဲ့တာလည်း လိုက်နာကြပါတယ်။

ဒေါက်တာအရှင်ဥတ္တမသီရိက ကလေးပေါတာကိုကြည့်ပြီး အားရကျေနပ်ကာ မွေးအားကောင်းတဲ့ အမျိုးတွေကို ချီးကျူးနေပါတယ်။

ရန်ကုန် မဘသ ဆရာတော် ဦးဇယန္တက ကလေးကစားစရာအရုပ်လေးတွေပြပြီး မျက်လှည့်ဆရာအလား ဟာသနှောပြောတာတွေ ရွာသူရွာသားအားလုံး တဝါးဝါးတဟားဟားနဲ့ ပွဲကျနေကြပါတယ်။

မြင်းခြံ မဘသ ဆရာတော်ဦးဇာဂရ က စာသင်ကျောင်းဝန်းထဲမှာပဲ ကလေးငယ်တွေကို ကော်ဖီမစ်ထုပ်လေးတွေ ဝေငှကြပါတယ်။ ပျော်စရာကောင်းတဲ့ ရွာလေးပါ။