သတင်း

မော်ရွှေမြိုင်သို့(၄)

4.4.2017 မွန်းလွဲပိုင်းမှာ ကျိုက်ထိုမှ မော်လမြိုင်သို့ ခရီးဆက်ပါတယ်။ မ်ာလမြိုင်မြို့၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက် ဟိတဓရဆရာတော်လေးကျောင်းမှာ အနားယူကြပါတယ်။

၎င်းနောက် မော်လမြိုင်မြို့ မြစေတီရဲကျောင်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ကာ မ.ဘ.သ(ဗဟို) အတွင်းရေးမှူး ရဲကျောင်းဆရာတော်ကြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိအား ဖူးမြော်ပူဇော်ပါတယ်။ရဲကျောင်းဆရာတော်ကြီးက စာရေးသူကိုရည်ညွှန်းပြီး သြဝါဒမြွက်ကြားပါတယ်။
ကဗျာ
လောကဓံလေလှိုင်း မုန်တိုင်းဆင်စေ
လျှိုမြောင်ခြောက်ကြား ကျသွားပါစေ
မဆုတ်မကွက် အားနှင့်မသွေ
ကျားလိုဇွဲ အားခဲကြံဆောင်လေ။
အခက်အခဲ မျက်ကွယ်ကြုံသော်
နှလုံးများခိုက်က် ပြုံးလိုက်ပါနော်။
ပူပန်ကြောင့်ကြ ဖြောင့်ဖြဖြေဖျော်
ကစားပွဲ စိတ်ထဲမှတ်လို့နော်……။