Daily Archives: October 11, 2017

သတင်း

တရားဥပဒေစိုးမိုးရေးမယ်မယ်ကြီးသိစေရန်

နာမည်ကြီးမင်္ဂလာတောင်ညွန့်ဖြစ်ရပ်မှာ အဖမ်းခံထားရတဲ့ အမျိုးသားရေးသမားတွေကို ရုံးထုတ်ပြီး လုံးဝမစစ်ဆေးဘဲ ပြန်လွှတ်နေတာ လေးချိန်းရှိပါပြီ။ လိုပြသက်သေငါးဦးထဲက နောက်ဆုံးတစ်ဦးဖြစ်သူ တောင်ညွန့်အုပ်ချုပ်ရေးမှူး မလာနိုင်တာကြောင့်ပါ။ ကချင်ပြည်နယ်ပြောင်းသွားလို့ မလာနိုင်တာလို့ တရားသူကြီးက ဆိုပါတယ်။ မစစ်ဘဲပြန်လွှတ်တဲ့ နှစ်ပတ်မြောက်မှာ လူမလာနိုင်လည်း စာနဲ့သက်သေထွက်ဖို့ စီစဉ်ပေးမယ်လို့ တရားသူကြီးက ဆိုပေမယ့် ခုဆိုရင် စာလည်းမလာ လူလည်းမရောက်တာ လေးပတ်ရှိပါပြီ။ လိုပြသက်သေကို ပယ်ပေးဖို့ တင်ပြပေမယ့် တရားလိုဘက်ကသက်သေဖြစ်တာကြောင့် ပယ်လို့မရဘူးလို့ဆိုပါတယ်။ ငါးဦးလုံးကို ၅၀၅ (ဂ)နဲ့ စွဲဆိုထားပြီး အချုပ်ခံထားရတာ မေလ ၁၅ ရက်နေ့ကတည်းက ဖြစ်တာကြောင့် အခုဆိုရင် ...
သတင်းအင်တာဗျူး

အမျိုးသားရေးဝါဒဘက်ကနေ တစ်ဆံခြည်မျှင်မှ ပြောင်းမသွားဘူး (၂) နိဂုံး

မေး – မန္တလေး အကြမ်းဖက်ဘင်္ဂါလီရှုတ်ချပွဲမှာတုန်းက ရိုဟင်ဂျာဆိုတဲ့စကားလုံး၊ ကိုဖီအာနန်၊ ယန်ဟီးလီ ဆိုတဲ့စကားလုံးတွေ မသုံးရဘူးလို့ သိရပါတယ်ဘုရား။ အဲဒါကို အတည်ပြုပေးလို့ရမလားဘုရား။ ဖြေ – ရပါတယ်။ နီးကပ်မှ ခွင့်ပြုမိန့်ပေးပြီးမှ ပွဲမိန့်လျှောက်တဲ့သူကို ခေါ်ပြောတာပေါ့နော်။ ဦးဇင်းတို့ဘက်က သေချာအောင် မဟာအောင်မြေအုပ်ချုပ်ရေးမှုဆီကို ဖုန်းဆက်ပြီး မေးလိုက်တာပေါ့နော်။ တအားကြီးချုပ်ချယ်လာရင်တော့ အကြမ်းဖက်သမားကို အကြမ်းဖက်သမားလို့ မပြောရဲတဲ့ဘ၀ကို ရောက်သွားနိုင်တယ်။ ဘင်္ဂါလီကို ဘင်္ဂါလီလို့ မပြောရဲတဲ့ဘ၀ကြီးကို ရောက်သွားနိုင်တယ်။ ပြောရမယ်ဆိုရင်တော့ အချုပ်အခြာအာဏာယိုင်နဲ့သွားနိုင်တယ်။ ဒါကြောင့်မခံနိုင်တာ။ မေး – ရခိုင်အရေးကို ပြောမယ်ဆိုရင် ...
သတင်း

အနောက်တံခါး လုံခြုံရေးခရီးစဉ် (၁၆)

ဇူလိုင်လ ၁၃ ရက်နေ့မှာ ဥဒေါင်းရွာသို့ ရောက်ရှိခဲ့ပါတယ်။ ဥဒေါင်းရွာဆိုတာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်တောင်ပိုင်းမှာရှိတဲ့ နတလ ရွာလေးတစ်ခုပါ။ တစ်နေ့တာခရီးရဲ့ ဂိတ်ဆုံးရွာဖြစ်လို့ မှောင်စပြုနေပါပြီ။ ကလေးလည်ပေါ၊ အင်အားလည်း ကောင်း၊ လုံခြုံရေးရဲတပ်ရင်းနှင့်လည်း နီးလို့ တစ်ခါမှ အကြမ်းဖက်မခံရတဲ့ ရွာလေးပါ။ အခုနှစ် နောက်ဆုံးအရေးအခင်းမှာလည်း အန္တရာယ်ကင်းခဲ့ပါတယ်။ ဒီရွာကိုရောက်တော့ ငါးခြောက်နှင့် ဆန် လှူခဲ့တာ မှတ်မိကြသလို နမောတဿ နာနာရွတ်ဖို့ မှာခဲ့တာလည်း လိုက်နာကြပါတယ်။ ဒေါက်တာအရှင်ဥတ္တမသီရိက ကလေးပေါတာကိုကြည့်ပြီး အားရကျေနပ်ကာ မွေးအားကောင်းတဲ့ အမျိုးတွေကို ချီးကျူးနေပါတယ်။ ရန်ကုန် မဘသ ဆရာတော် ဦးဇယန္တက ...
ဂျာနယ်သတင်း

ပြည်ချစ်သားဂျာနယ် အတွဲ(၂)၊ အမှတ်(၂) ထွက်ရှိပါပြီ။

■ ပြည်ချစ်သားတို့ သန္နိဋ္ဌာန် ■ မြင်းမူရွှေမင်းသား၏ အမျိုးသားလှုပ်ရှားမှုများနှင့် တက္ကသိုလ်ပေါ်ပေါက်လာခြင်း ■ ကိုရင်ချစ်(ရွှေထနောင်းကန်)၏ ပါရာဇိကဟူသည်(၁၀) ■ ရှင်မတောင်ဆရာတော် ဘဒ္ဒန္တက၀ိန္ဒောဘာသ၏ အချုပ်အခြာအာဏာပိုင်သော မြန်မာနိုင်ငံ ■ အရှင်စန္ဒဇောတိ (ပါဠိပါရဂူ၊ ပိဋကတ်တစ်ပုံအောင်)၏ ဘယ်လိုလုပ်မလဲ ■ မန္တလေးသား၏ ဣဿာ မစ္ဆရိယတဲ့လား…(ဇာတ်သိမ်း) ■ ၀ီရသူ(မစိုးရိမ်)၏ ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူး(၂) ■ နေဇင်လတ်၏ ပုထုဇဉ်သည် ကင်းလွတ်ခွင့်ဟုတ်ပါသလား ■ Right Man ၏ လိပ်ပြာလုံရဲ့လား ■ ငါးမင်းဆွေ၏ မြန်မာမျိုးချစ်များငိုကြရတော့မည် ...
သတင်း

ဒကာနေ့သစ်ရဲ့ နောက်ဆုံးခရီး

ဒကာနေ့သစ်ရဲ့ နောက်ဆုံးခရီး လိုက်မပို့လိုက်ရပေမယ့် ဒကာ့အပေါ်မှာ ကံသုံးပါးအပ်ြစ်ဖြစ်ခဲ့ပါက ခွင့်လွှတ်ပါရန် တောင်းပန်လိုက်ပါတယ်။ ဒကာနေ့သစ် ဘဝသစ်မှာ မင်္ဂလာနေ့သစ်များဖြင့် ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ — ဦးပဉ္စင်း ဝီရသူ ( မစိုးရိမ်) 10.10.2017 pm 3:12