သတင်းအင်တာဗျူး

အမျိုးသားရေးဝါဒဘက်ကနေ တစ်ဆံခြည်မျှင်မှ ပြောင်းမသွားဘူး (၂) နိဂုံး

မေး – မန္တလေး အကြမ်းဖက်ဘင်္ဂါလီရှုတ်ချပွဲမှာတုန်းက ရိုဟင်ဂျာဆိုတဲ့စကားလုံး၊ ကိုဖီအာနန်၊ ယန်ဟီးလီ ဆိုတဲ့စကားလုံးတွေ မသုံးရဘူးလို့ သိရပါတယ်ဘုရား။
အဲဒါကို အတည်ပြုပေးလို့ရမလားဘုရား။
ဖြေ – ရပါတယ်။ နီးကပ်မှ ခွင့်ပြုမိန့်ပေးပြီးမှ ပွဲမိန့်လျှောက်တဲ့သူကို ခေါ်ပြောတာပေါ့နော်။ ဦးဇင်းတို့ဘက်က သေချာအောင် မဟာအောင်မြေအုပ်ချုပ်ရေးမှုဆီကို ဖုန်းဆက်ပြီး မေးလိုက်တာပေါ့နော်။
တအားကြီးချုပ်ချယ်လာရင်တော့ အကြမ်းဖက်သမားကို အကြမ်းဖက်သမားလို့ မပြောရဲတဲ့ဘ၀ကို ရောက်သွားနိုင်တယ်။ ဘင်္ဂါလီကို ဘင်္ဂါလီလို့ မပြောရဲတဲ့ဘ၀ကြီးကို
ရောက်သွားနိုင်တယ်။ ပြောရမယ်ဆိုရင်တော့ အချုပ်အခြာအာဏာယိုင်နဲ့သွားနိုင်တယ်။
ဒါကြောင့်မခံနိုင်တာ။

မေး – ရခိုင်အရေးကို ပြောမယ်ဆိုရင် ရိုဟင်ဂျာလည်းပါရမယ်၊ ကိုဖီအာနန်လည်းပါရမယ်၊ ယန်ဟီးလီလည်းပါရမယ်။ အစိုးရပိုင်းက ဒါကိုကန့်သတ်တယ်ဆိုတော့
သူတို့က ဘယ်လိုသဘောကြောင့် ကန့်သတ်တယ်လို့ ယူဆပါသလဲဘုရား။
ဖြေ – ဒီပွဲကို ပွဲမိန့်ပေးတဲ့ တာဝန်ရှိသူတွေမှာ အကြောက်တရားတွေ ရှိနေတယ်။
အဲဒါကြောင့်မို့ ဘင်္ဂါလီဆိုတဲ့ စကားကို မသုံးစေချင်တာ၊ မသုံးဘူးဆိုရင် နိုင်ငံတကာဖိအားလျော့လောက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ သူတို့က အလျှော့ပေးလိုက်တာပေါ့။ နောက်တစ်ခုကတော့ ကိုဖီအာနန်တို့၊ ယန်ဟီးလီတို့ ဒီက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ရင် ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်မယ်လို့ ပြောထားတဲ့ အစိုးကို ဆန့်ကျင်ရာရောက်နေမှာပေါ့။
အဓိကတော့ သူတို့အစိုးရကို အထိမခံချင်တဲ့ အနေနဲ့ ဒီလိုကန့်သတ်ထားတဲ့သဘောလို့ ယူဆပါတယ်။

မေး – ဒီရက်ပိုင်းအတွင်းမှာပဲ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့တွေ့တဲ့ သတင်းတွေ တွေ့ပါတယ်ဘုရား။ အဲဒီအပေါ်မှာရော ဘာမှတ်ချက်ပေးချင်ပါသလဲဘုရား။
ဖြေ – ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းထဲက ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ မဇ္ဓျိမဂုဏ်ရည်ဆရာတော်နဲ့ မန်းမဘသက အတွင်းရေးမှူးချုပ်ဆရာတော်ကြီးတို့အလှူငွေပေးအပ်ပွဲသတင်းတွေ တက်လာတာ တွေ့ရတယ်ပေါ့နော်။အဲဒီအလှူငွေကလည်းပဲ ရခိုင်ပြည်သူတွေအတွက် အလှူငွေပေါ့။ အလှူငွေကိုလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် လက်ခံပေးခဲ့တယ်ပေါ့နော်။ အဲဒီပွဲမှာလည်းပဲ ရွှေရတုတိပိဋကတ်မော်ကျွန်းဆရာတော်က ညီညွတ်ရေးနဲ့ သင်ပုန်းချေရေးတရားတွေ ဟောကြားခဲ့တယ်လို့လည်း သိရတယ်။
အဲဒါနဲ့ပတ်သက်ပြီးလို့ ဦးဖြိုးမင်းသိန်းကလည်း ငြင်းဆန်ခြင်း၊ ကန့်ကွက်တဲ့အနေနဲ့ ပြန်လည်လျှောက်ထားခြင်း ရှိဘူးလို့လည်း သိရတာပေါ့။
အခုလို အရေးကြီးတဲ့အချိန်မှာ ဆရာ၊ ဒကာပဲဖြစ်ဖြစ်၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံပဲဖြစ်ဖြစ်၊ အစိုးရနဲ့သံဃာနဲ့ပဲဖြစ်ဖြစ်၊ အစိုးရနှင့်ပြည်သူပဲဖြစ်ဖြစ် သွေးစည်း ညီညွတ်နေဖို့လိုတာပေါ့နော်။ ဒါကြောင့် အလှူငွေပေးအပ်သူရော အလှူငွေလက်ခံသူကိုပါ ကျေးဇူးတင်အားရကျေနပ်မှုရှိပါတယ်။

မေး- အဲဒီပွဲမတိုင်ခင်မှာလည်းပဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ပြီး အလှူငွေပေးတာကိုလည်းတွေ့ရပါတယ်ဘုရား.။ ရခိုင်အရေးမှာ မဘသနဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့တွေ မြိုင်မြိုင်ဆိုင်ဆိုင် ကူညီနေတာနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲဘုရား။
ဖြေ – မဘသပဲဖြစ်ဖြစ်၊ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းပဲဖြစ်ဖြစ် အားလုံးဟာ အမျိုးသားရေးနဲ့ပတ်သက်လာရင် ပန်းတိုင်က တစ်ခုတည်းလေ။
လမ်းစဉ်ကလည်း တစ်ခုတည်းလေ။ အဲဒီထဲမှာမှ အရေးအကြီးဆုံးကတော့ အနောက်တံခါးလုံခြုံရေး၊ အနောက်တံခါးမှူးတွေကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊
ပြောရမယ်ဆိုရင် ရခိုင်အရေးမှာ အမျိုးသားရေးသမားတွေဟာ အခြားအဖွဲ့စည်းတွေထက် အများကြီးပေးဆပ်နိုင်ခဲ့တယ်။ အများကြီး တာဝန်ယူနိုင်ခဲ့တယ်။
ဒီအတွက် မိမိကိုယ်ကိုယ်ဂုဏ်ယူလို့မဆုံးပါဘူး။

မေး – မနေ့ကပဲ ကိုဝင်းကိုကိုလတ်တို့ ကမာရွတ်တရားရုံးက စီရင်ချက်ချတယ်။ အမျိုးသားရေးလှုပ်ရှားမှုမှာ ခေါင်းဆောင်ပိုင်းမှာရှိတဲ့သူတွေကို အစိုးရက ဖိနှိပ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားရေးလှုပ်ရှားမှုတွေက ရပ်တန့်သွားမလား၊ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုးနဲ့ ဆက်လုပ်ရမလဲဘုရား။
ဖြေ – အမျိုးသားရေးလှုပ်ရှားမှုတွေ ရပ်တန့်သွားမယ်ဆိုရင် ၀င်းကိုကိုလတ်တို့ ထောင်ကျစဉ်ကတည်းက အားလုံး ငြိမ်သက်သွားရမှာလေ။
ဒါပေမယ့် အခုအချိန်ထိ ဒီအမျိုးသားရေးပွဲတွေကို ကြည့်လိုက်တဲ့အခါမှာ အရည်အချင်းပြည့်ဝတဲ့ လူသစ်တွေ စင်ပေါ်ရောက်လာတာကိုတွေ့ရတယ်။ ရဟန်းသံဃာတွေရော အမျိုးသမီးတွေရော အမျိုးသားတွေရော တောကရော မြို့ကရောပေါ့။ တို့ပြည်သူတွေက ဖိရင်ကြွတတ်တဲ့သဘော ထိရင်ချတတ်တဲ့သဘောရှိတယ်။ အဖိမခံ အထိမခံတဲ့သဘောပေါ့။ဒါကြောင့် တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်နှင့် အမျိုးသားရေးဒေါင်ဒေါင်မြည်ခေါင်းဆောင်သစ်တွေပေါ်ထွန်းလာနေတာပါ။ အမျိုးသားရေးက ဘယ်တော့မှ ကျဆုံးသွားမှာမဟုတ်ဘူး။ ပြောရမယ်ဆိုရင် ပါတီဆိုတာယာယီပါ၊ အမျိုးသားရေးကမှ ထာဝရပါ။

မေး – အရှင်ဘုရားရဲ့ဘ၀ကို အကြမ်းဖျင်းကြည့်ရင် စာရေးတဲ့ဝီရသူ(မစိုးရိမ်)ရယ်၊ စာသင်စာချလုပ်ရင်း တရားဟောဓမ္မကထိကအလုပ်လုပ်တဲ့ အရှင်ဝိစိတ္တာဘိဝံသရယ် နောက် အမျိုးသားရေးတရားတွေဟော၊ အမျိုးသားရေးလှုပ်ရှားမှုတွေလုပ်တဲ့ ဆရာတော်ဦးဝီရသူရယ်လို့ သုံးခုတွေ့ရပါတယ်ဘုရား။ အဲဒီထဲမှာ ဘယ်ဘ၀ကို အနှစ်သက်ဆုံးဖြစ်မလဲဘုရား။
ဖြေ – အဲဒါဆိုရင်တော့ ပေါင်းပြောရမှာပေါ့။ မူလရည်ရွယ်ချက်တော့ စာရေးဆရာကြီးဖြစ်ချင်တာပေါ့။ အဆင့်မြင့်စာပေတွေရေးသားချင်လို့ဆိုပြီး သကျသီဟဘိဝံ၀ဘွဲ့သရအောင်သင်ယူခဲ့တာလေ။
ဒါကြောင့်လည်း မစိုးရိမ်တိုက်သစ်နာယက ဒီနှစ်ဖြစ်တယ်ဆို ဒီနှစ်စာအုပ်တန်းထုတ်ပြီး ၀ီရသူ(မစိုးရိမ်)ဆိုတဲ့ကလောင်နဲ့ နေရာတစ်ခုရခဲ့တာပေါ့ နော့။ ကိုယ်အဖြစ်ချင်ဆုံးကတော့ စာလေးချလိုက်၊ စာလေးရေးလိုက်၊ ဂုဏ်တော်လေးပွားလိုက်၊ မေတ္တာလည်းပို့လိုက်၊ ၀ိပဿနာလေးရှုလိုက်ပေါ့နော်။ အဲဒီလို အေးအေးချမ်းချမ်းနဲ့ဘ၀ကို ဖြတ်သန်းချင်ခဲ့တာပေါ့။ ဒါပေမယ့် ၁၉၉၇ ခုနှစ်ကနေစပြီးတော့ မြန်မာ့အမျိုး ဘာသာ သာသနာကို ခြုံငုံသုံးသပ်ကြည့်တဲ့အခါကျတော့ အရင် ရှေးရိုးပုံစံမျိုးကြီးနဲ့ မဖြစ်နိုင်တော့ဘူး၊ သာသနာပြုနေရုံနဲ့မရတော့ဘူး၊ သာသနာကို ကာကွယ်စောင့်ရှောက်မှဖြစ်တော့မယ်ဆိုပြီးတော့ အမျိုးသားရေးလမ်းကြောင်းပေါ်ကို တက်လာခဲ့တာပါ။
အမျိုး ဘာသာ သာသနာလှုပ်ရှားမှုတွေကတော့ သမိုင်းပေးတာဝန်တစ်ခုကို တာဝန်သိတဲ့ သံဃာတစ်ပါးအနေနဲ့ ဆောင်ရွက်နေရတာပါ။ ခုံမင်လွန်းလို့တော့ မဟုတ်ပါဘူး။

မေး – အမျိုးသားရေး ညီအစ်ကိုမောင်နှမတွေအတွက် သြ၀ါဒစကားလေး မိန့်ပေးပါဦးဘုရား။
ဖြေ – အမျိုးသားရေး ညီအစ်ကိုမောင်နှမတွေ အခုတလော စင်ပေါ်မှာ လူသစ်တွေကိုပါ တွေ့မြင်လာရတဲ့အတွက်ကြောင့် အင်မတန်မှ အားရကျေနပ်မိပါတယ်။
နောက်နောင်လည်းပဲ စင်ပေါ်တက်လာကြပါဦးလို့ ဖိတ်ခေါ်ပါတယ်။ တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်နဲ့ မြန်မာပြည်ကြီးနှင့် ဗုဒ္ဓသာသနာတော်ကြီးကို ကာကွယ်စောင့်ရှောက်ကြပါလို့ ပြောချင်ပါတယ်။