သတင်း

ကလောမုဒိမ်းမှု တရားလိုပြသက်သေ စည်းရုံးခံရ

လွန်ခဲ့တဲ့ 22.1.2017ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကလောမြို့ ကျေးလက်ရတနာပညာရိပ်သာပိုင်ရှင် ဦးတော်မီအောင်က ၄င်းအဆောင်နေ ကျောင်းသူမလေးကို တစ်ဖက်လှည့်ဖြင့် အိမ်ခေါ်ကျင့်တဲ့အမှုပါ။
ဦးတော်မီအောင်က ပါတီပိုင်းရော အာဏာပိုင်အပိုင်းမှာပါ သြဇာကြီးမားသူဖြစ်တဲ့အပြင် ငွေကြေးတတ်နိုင်သူဖြစ်သောကြောင့် အမှုကို ပေါ့သည်ထက်ပေါ့အောင် လျော့သည်ထက်လျော့အောင် စည်းရုံးနိုင်စွမ်းရှိသူဖြစ်ပါတယ်။
တရားလိုပြသက်သေအဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံထားပြီး မိန်းကလေးအချင်းချင်း စာနာတာရော ကျောင်းသူအချင်းချင်း ဖြစ်တာရော ကလေးပီပီ မဟုတ်မခံချင်စိတ် ကြီးမားတာရောကြောင့် အမှန်အတိုင်း ထွက်ဆိုပေးပါမယ်လို့ ကတိပြုထားတဲ့ ကျောင်းသူမလေးဟာ ပြီးခဲ့တဲ့ ၂၀.၁၁.၂၀၁၇ ရက်နေ့ ရုံးချိန်းမှာ ဦးတော်မီအောင်ဘက်ကနေ ထွက်ဆိုသွားပါတော့တယ်။
ဦးတော်မီအောင်၏ အဆောင်မှာနေခဲ့သူလည်းဖြစ် ကျေးဇူးခံကျေးဇူးစားလည်းဖြစ် မိဘများကလည်း ဦးတော်မိအောင် သြဇာခံတွေဖြစ်နေတာကြောင့် အဲဒီလို ပြောင်းပြန်ကြီးထွက်ဆိုသွားပေမယ်လို့ ပထမသတင်းပေးတိုင်ကြားချက်အဖြစ် ရဲစခန်းမှာ စတင်ထွက်ဆိုခဲ့တုန်းက ထွက်ချက်တွေရှိနေပါသေးတယ်။
ကလေးအရွယ် ကျောင်းသူမလေးမို့ ဘာမှမပြောလိုပေမဲ့ သံဃာတော်များနှင့် ပြည်သူများကတော့ အမှုပေါ့သွားမှာ စိုးရိမ်နေမိကြပါတယ်။
ဒါနှင့်ပတ်သက်ပြီး မူရင်း ပို့စ်ရှင်ရဲ့ လင့်ကို ပူးတွဲတင်ပြထားပါတယ်။
မုဒိမ်းဖြစ်စဉ် သတင်းဟောင်းလေးကိုလည်း ပူးတွဲတင်ပြပေးလိုက်ပါတယ်။
တကယ်တော့ သက်ရှိသက်သေထက် သက်မဲ့သက်သေက ပိုခိုင်လုံတာပါ။
လူသက်သေထက် ပစ္စည်းသက်သေက ပိုခိုင်လုံတာပါ။
ဒါကြောင့် သက်မဲ့ပစ္စည်းသက်သေတွေ အခိုင်အလုံရှိနေတာကို မျက်ကွယ်ပြုပြီး မတရားဆုံးဖြတ်လိုက်မှာကိုပဲ စိုးရိမ်နေကြတာဖြစ်ပါတယ်။
ဝီရသူ(မစိုးရိမ်)
8.12.2017
PM 7:51
========================================================
“ကုလားရှိရင် မုဒိမ်းရှိမယ် (၁၈)”
(ကလော ကျေးလက်ရတနာ ဘော်ဒါဆောင်အမှု)
============================

30.1.2017 ရက်နေ့ကပါ။
အောင်ပန်း အရိန္ဒမ(မစိုးရိမ်)ကျောင်းဆရာတော်က ဆက်သွယ်လာပါတယ်။
ပင်လောင်း မဘသ က အကြောင်းကြားလို့ သက်ငယ်မုဒိမ်းမှုတစ်ခု အကူအညီလိုအပ်နေကြောင်းပါ။
စားနေကျ ကြောင်ဖားကြီကို ဆုံးမဖို့ အချက်အလက်တွေရပြီ။
အရင်ကတည်းက အပုပ်နံ့ထွက်နေပေမယ့် လက်ဆုပ်လက်ကိုင်မပြနိုင်သေးလို့ ဆုံးမခွင့်မကြုံခဲ့တာလို့ ဆိုပါတယ်။

31.1.2017 ရက်နေ့မှာတော့ အောင်ပန်း မစိုးရိမ်ဆရာတော် ဦးဇင်းမဲကြီးတို့ ကုန်းတစ်တန် ရေတစ်တန်နဲ့ ပင်လောင်းဘက်ကို သွားကြပါတယ်။
ပင်လောင်းမှာ ပင်လောင်း မဘသ အဖွဲ့နှင့် အရင်ဆွေးနွေးကြပါတယ်။
ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာမှ နဝမတန်းကျောင်းသူလေး အကျင့်ခံရတာပါ။ ကျင့်တဲ့သူက ထုံးစံအတိုင်း မုဒိမ်းဇာတ်လိုက်ကြီး မွတ်ကုလားပါပဲ။ အမည်က ဦးတော်မီအောင် (မွတ်/အစ်)၊ အသက် (၇၂)နှစ်၊ ကလောမြို့၊ ကျေးလက်ရတနာ ပရဟိတပညာရိပ်သာ (ဘော်ဒါဆောင်)ပိုင်ရှင်ပါ။

၎င်းဘော်ဒါဆောင်မှာနေတဲ့ မိန်းကလေးကို ၎င်းအိမ်ခေါ်သိပ်ပြီး အကွက်ကျကျ အဓမ္မကျင့်ခဲ့တာပါ။
ကြံရာပါ နှစ်ဦးကတော့ တစ်ရွာတည်းနေ မအေးအေးစိုးနှင့် ကုန်းသာရွာနေ ကိုဇော်မြတ်မိုး (NLD စည်းရုံးရေးမှူး)ပါ။
ကျောင်းသူမလေးက ပွေရှုပ်နေလို့ ကုလားအိမ်မှာခေါ်ထားဖို့နဲ့ ကုလားအိမ်မှာ ဆယ်တန်းကျောင်းသူ မိန်းကလေးအဖော် ငါးဦးရှိတယ်လို့ မအေးအေးစိုးက ကျောင်းသူလေးရဲ့ မိဘတွေကို ဖုန်းဆက်ပြီး ယုံကြည်အောင် လှည့်စားခဲ့တာပါ။

ကျောင်းသူမလေးက 22.1.2017 ရက်နေ့ ညမှာ ဘော်ဒါဆောင်မှ မွတ်ကုလားအိမ်ကို ပြောင်းရွှေ့အိပ်ပါတယ်။ အဲဒီညမှာပဲ မုဒိမ်းသမား မွတ်ကုလားကြီးက မြေးမြစ်အရွယ် သူငယ်မလေးကို ပါးစပ်ပိတ်ပြီး အကြမ်းဖက်တာပါ။

23.1.2017 ရက်နေ့မှာ ကျောင်းသူမလေးက ငိုယိုတိုင်ကြားလို့ မိဘများက လာခေါ်သွားတာပါ။
မိဘများက ကိုဇော်မြတ်မိုး(ကုန်းသာ NLD စည်းရုံးရေှးမှူး)ကို သမီးလေးကိစ္စတိုင်ပင်ပါတယ်။ တိုင်ပင်ခြင်းရဲ့အကြောင်းက ရွေးကောက်ပွဲအကြိုကာလမှာ ကလေးတွေကို NLD ဘော်ဒါအပ်ပေးမည်ဟု စည်းရုံးထားတဲ့အပြင် ဒီဘော်ဒါဆောင်ကိုလည်း ကိုဇော်မြတ်မိုးကပဲ အပ်ပေးလို့ပါပဲ။
ကိုဇော်မြတ်မိုးက တိုင်ပင်စမှာ ဥပဒေကြောင်းအရလုပ်ဖို့ တိုက်တွန်းသော်လည်း နောက်ပိုင်းမှာ သက်သေခံပစ္စည်းကို လိမ်လည်တောင်းယူပြီး ဖျောက်ပစ်လိုက်ပါတယ်။

သက်သေခံပစ္စည်းက ထမီပါ။ ရွာလူကြီးက တောင်းခိုင်းလို့ဆိုပြီး လိမ်ယူသွားတာပါ။ ရွာလူကြီးကမေးတော့ ရဲစခန်းမှာလို့ ပြောပါတယ်။ ရဲစခန်းမှာ မရှိဘူးပြောတော့ ဟိုလွှဲချ ဒီလွှဲချ လုပ်နေပါတယ်။
နောက်ဆုံး ကောင်မလေးရဲ့ မိဘများနှင့် ရွာလူကြီးများ၊ ရွာမိရွာဖများက ရာဇသံပေးလိုက်မှပဲ ပြန်ရတာပါ။ အားလုံး လျှော်ဖွပ် လက်စဖျောက်ပြီးသွားသလို တစ်နာရီအတွင်း လာအပ်ပါမယ်လို့ ည ၉း၀၀ နာရီမှာ ပြောသွားတာ မနက် ၂း၀၀ နာရီမှ လာအပ်သွားတာပါ။

ကုန်းသာ NLD ကိုဇော်မြတ်မိုးထံမှ သက်သေခံထမီပြန်ရတဲ့အခါ ပန်းမုဆိုးကြီး တော်မီအောင်က ရွာလူကြီးထံ ဖုန်းဆက်ပါတယ်။ ရွာဓမ္မာရုံအတွက် သိန်းနှစ်ရာ လှူမည့်အကြောင်း ကမ်းလှမ်းရင်းနဲ့ ငွေလာယူဖို့ ဖိတ်ခေါ်တာပါ။ ရွာလူကြီးက မသွာဖြစ်တဲ့အခါ မုဒိမ်းရာဇာ မွတ်ကုလားကြီးက ရွာလူကြီးထံ စာရေးပါတယ်။ ကျောင်းသူမလေးကိစ္စ ဆွေးနွေးညှိနှိုင်းဖို့ ဖိတ်ခေါ်တဲ့စာပါ။
မုဒိမ်းသမားက ရွာလာပြီး ဖြေရှင်းရမှာကို ရွာလူကြီးကို ခေါ်တယ်ဆိုတော့ ပြောင်းပြန်ကြီးဖြစ်နေတော့တာပေါ့။ မွတ်တော်မီအောင်က NLD အကြီးအကဲတွေကိုလည်း ဒီလိုပဲ ဆင့်ခေါ်နေကျလို့ ဆိုပါတယ်။
ကုလားတစ်ယောက်က ရွာလူကြီးတစ်ယောက်ကို အမိန့်အာဏာနဲ့ ဆင့်ခေါ်တာ မကျေနပ်တဲ့ရွာလူကြီးနဲ့ မိဘများက အမှုဖွင့်ဖို့ စီစဉ်ရာမှ သံဃာတော်များထံ သတင်းရောက်လာတာပါ။

၂၉ ရက်နေ့မှာ ကုလားက ရွာလူကြီးကို စာဆင့်ခေါ်ပြီး ၃၀ ရက်နေ့မျာ ရွာလူကြီးနဲ့ မိဘများက တိုင်ချက်ဖွင့်ကာ ၃၀ ရက်နေ့မှာပဲ မုဒိမ်းသာမား မွတ်ကုလားကြီးကို ဖမ်းဆီးလိုက်တာပါ။

အနိုင်ကျင့်ခံရစဉ်က တိုင်တန်းလိုစိတ်ရှိခဲ့ပေမယ့် အစစအရာရာ ချို့တဲ့တာကြောင့် မတိုင်ဖြစ်ခဲ့တဲ့ မိဘတွေဟာ ရွာလူကြီးအကူအညီနှင့် သံဃာတော်များအကူအညီကြောင့် အားရှိသွားပါပြီ။
ကလော မဘသ အဖွဲ့က ၃၁ ရက်နေ့မှာပဲ အလှူငွေ (၁)သိန်း (၃)သောင်းကျပ်၊ ဦးဝီရသူကိုယ်စား အောင်ပန်း မစိုးရိမ်ဆရာတော် ဦးဇင်းမဲကြီးက (၁)သိန်းကျပ် ထောက်ပံ့နိုင်ခဲ့ပါတယ်။
2.2.2017 ရက်နေ့မှာ ရှမ်းတောင် မဘသ နှင့် ကယား မဘသ တို့ စည်းဝေးတိုင်ပင်ပြီး ထပ်မံကူညီကြပါတယ်။
ရှမ်း/တောင် အမျိုးသားလုံခြုံရေးလူမှုကွန်ရက်မှ နှစ်သိန်းကျပ်၊ ကယား မဘသ ဆရာတော်ဦးရာဇိန္ဒမှ နှစ်သိန်းကျပ် လှူဒါန်းထားပါတယ်။

ဒီသတင်းကြီးသွားတဲ့အခါ ကလော NLD က စာထုတ်ပါတယ်။ စာထဲမှာ ကျေးလက်ရတနာရိပ်သာ ဘော်ဒါဆောင်ဖွင့်လှစ်ထားခြင်းဟာ ကလော NLD နှင့် ပတ်သက်ခြင်းမရှိကြောင်းသာပါပြီး တော်မီအောင်က NLD နှင့် ပတ်သက်ခြင်းမရှိ ဆိုတာ မပါပါဘူး။

မွတ်တော်မီဟာ ကလောမြို့နယ် NLD စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ လုပ်ခဲ့သူပါ။ စည်းကမ်းထိန်းသိမ်းရေးဆိုတာ ရှမ်းပြည်နယ် အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌက ဖွဲ့စည်းပေးခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး ပြည်နယ် NLD အကြီးအကဲတွေနဲ့ NLD ရုံးချုပ်တို့ ပြဿနာဖြစ်ပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ အလုပ်အမှုဆောင်အသစ်ကတော့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို အသစ်ဖွဲ့စည်းခြင်း၊ ပြင်ဆင်ဖွဲ့စည်းခြင်း လုံးဝ မရှိသေးဘူးလို့ ဆိုပါတယ်။

မွတ်တော်မီဟာ ၂၀၁၄ မှာ ထွက်သွားပြီး ၂၀၁၅ မှာ ထုတ်လိုက်ပြီလို့ သတင်းတွေ လွှင့်နေသလို 2.2.2017 ရက်နေ့မှာ ကလော NLD များ နန်းတုတ်ရွာလာပြီး ရွာလူကြီးကို ပြောတဲ့အခါမှာလည်း NLD နဲ့ မွတ်တော်မီနဲ့ ပတ်သက်မှုမရှိဘူးလို့ ပြောဆိုသွားပါတယ်။

မွတ်တော်မီ နှုတ်ထွက်စာ၊ မွတ်တော်မီကို ထုတ်တဲ့စာ အထောက်အထား မပြနိုင်ပေမယ့် ‘တောင်ကြီးခရိုင် NLD – ရှင်းပြည်နယ်’ အကောင့်မှာ ရှမ်းပြည်နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ဦးတော်မီအောင်လို့ ရေးသားထားတာ တွေ့ရပါတယ်။ တောင်ကြီးမြို့နယ် ပုံးအင်းရွာ ရွာလယ်ခန်းမဖွင့်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ဦးတော်မီအောင်ကို ထိပ်ဆုံးမှာအရင်ရေးပြီးမှ တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို နောက်မှရေးထားတာ တွေ့ရပါတယ်။
ရက်စွဲက 22.2.2016 ပါ။ (ဓာတ်ပုံများ ပူးတွဲ)

မွတ်ကုလား တော်မီအောင် ဖွင့်လှစ်ထားတဲ့ ကျေးလက်ရတနာရိပ်သာ ဘော်ဒါဆောင်ကို သြဇီတို့ UN တို့က ထောက်ပံ့တာလို့ သိရပါတယ်။ ကျောင်းသူကျောင်းသား ငါးဆယ်ကျော်ရှိပြီး ကျောင်းသူတွေက အရေအတွက်ပိုများတယ်လို့ ဆိုပါတယ်။
ကလောမြို့သူမြို့သားတွေကတော့ ကျေးလက်ရတနာရိပ်သာလို့ မခေါ်ကြဘဲ NLD အဆောင်လို့ ခေါ်ကြပါတယ်။
တော်မီအောင်ဘော်ဒါ လို့ လူသိများဘဲ NLD ဘော်ဒါလို့ပဲ သိကြတာပါ။

သက်သေခံထမီ ဖျက်ဆီးသူ ကုန်းသာ NLD ဇော်မြတ်မိုးကလည်း သူ့ကိုမကျေနပ်ရင် တိုင်ကြပါ။ ကြိုက်တဲ့အပြစ်ပေးကြပါ။ ကျေကျေနပ်နပ်ကြီး ခံယူပါ့မယ်။ ဘာကြောင့်ဖျောက်ဖျက်ရတယ်ဆိုတာကိုတော့ မပြောပါရစေနဲ့လို့ ရွာလူကြီးနဲ့ ရွာမိရွာဖများရှေ့မှာ ဝန်ခံထားပါတယ်။
ဒါကိုကြည့်ရင် တော်မီအောင်ကို ကလောကိုနီလို့ လူတွေသိနေကြတာ ရှင်းလောက်ပါပြီ။

ကျေးလက်ရတနာဘော်ဒါဆောင်ဝန်းထဲမှာ တော်မီအောင်နေအိမ် မထားပါဘူး။ တစ်ရပ်ကွက်စီမှာပါ။ ဘော်ဒါနဲ့ အိမ်ကို ဆိုင်ကယ်နဲ့သွားရင် ဆယ်မိနစ်ခန့် သွားရပါတယ်။ ကောင်မလေးကို အိမ်ခေါ်ပြီး ကျင့်တာပါ။ အရင်တုန်းက ဒီအနံ့တွေ ထွက်ခဲ့ပါတယ်။ ငွေနဲ့ရှင်းလိုက်တာ၊ အရှက်အကြောက်ကြီးကြတာ၊ ရုံးတွေ စခန်းတွေ မသွားတတ်တာကြောင့် လက်သည်မပေါ်ခဲ့တာပါ။
ကလေးမလေး မိသားစုကို ကလော မဘသ အဖွဲ့က တာဝန်ယူ ကူညီပေးနေပြီး ရှမ်းတောင် မဘသ နှင့် ကယား မဘသ အဖွဲ့များက အားဖြည့်ကူညီကာ အမျိုးသားရေးအဖွဲ့အစည်းများ၊ ချိုးချစ်များက ဝန်းရံနေကြပါတယ်။
၆၆(ဃ)ဖြင့် တိုင်ကြားနိုင်ပါသည်။

ဝီရသူ (မစိုးရိမ်)
3.2.2017
PM-1:40
========================================================
မူရင်း သတင်းလင့်-https://www.facebook.com/khin.yeemoe/posts/379372205847941