သတင်း

ရခိုင်ပြည်သူများအလှူတော်

တန်ဆန်မုန်းလဆန်း(၁၁)ရက် 30.10.2017 ရက်နေ့မှာ မြဝတီမြို့ ဓမ္မရတနာရိပ်သာ ဆရာတော် ဦးဥတ္တမနှင့် အမျိုးသားရေးမိသားစုများက ရခိုင်ပြည်သူများအတွက် အလှူငွေ သိန်း(၂၀)ကျပ် လှူဒါန်းပါတယ်။

ရခိုင်ပြည်သူ အရေးတကြီးလိုအပ်နေသော စပါးရိတ်စက် ဝယ်ယူလှူဒါန်းရန်ဖြစ်ပါတယ်။ ဗီယက်နမ်ထုတ် စပါးရိတ်စက်တစ်လုံး ၁,၈၅၀,၀၀၀ (ဆယ့်ရှစ်သိန်းငါးသောင်း)ကျပ် ဖြစ်ပါတယ်။

စစ်တွေမြို့မှာ ရောင်းချတဲ့ဈေးပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်း မန်းမဘသ ခရီးစဉ်မှာ မန်း မဘသအဖွဲ့မှ စပါးခြွေစက်ကြီးတစ်လုံး လှူဒါန်းခဲ့ပါတယ်။

ရွှေဆံနွယ်ဆရာတော်နှင့်အဖွဲ့က စပါးခြွေစက်ကြီးတစ်လုံး လှူဒါန်းခဲ့ပါတယ်။ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာ အောင်သိဒ္ဓိဆရာတော်နှင့် အဖွဲ့သားများက စပါးရိတ်စက် နှစ်လုံး လှူဒါန်းခဲ့ပါတယ်။

USA မှ ဝီရတင်စိုးနှင့် စီကိုစု လူပျံတော်ညီနောင်က စပါးရိတ်စက်နှစ်လုံး လှူဒါန်းခဲ့ပါတယ်။ စပါးရိတ်သိမ်းချိန်မှာ အလုပ်သမားတွေမရှိတော့တာကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲရှိနေသော ရခိုင်သူရခိုင်သားများအတွက် စပါးရိတ်စက်လေးလုံးနှင့် မလုံလောက်ပါဘူး။ ဒါကြောင့် မြဝတီမြို့ ဓမ္မရတနာဆရာတော်နှင့် အဖွဲ့သားများ လှူဒါန်းတဲ့သိန်း(၂၀)ကို စပါးရိတ်စက် ဝယ်ယူလှူဒါန်းလိုက်ခြင်း ဖြစ်ပါတယ်။ နောက်ထပ်လည်း စပါးရိတ်စက်များ လိုနေပါသေးတယ်။ လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ပါတယ်။

ဆက်သွယ်ရန်
ကိုဖိုးသား-09.420752871
ကိုအောင်သိန်းကျော်-09.8500882