သတင်း

ကုလားထိလို့ နာတာလား

ကုလားထိလို့ နာတာလား
ကုလားမယားထိလို့ နာတာလား
အမှန်တရားဆိုတာ ထိရင်နာတတ်တဲ့သဘောရှိတယ်။

ဝီရသူ( မစိုးရိမ်)
30.10.2017
pm 12:25

– – – – –

အမုန်းတရားခေါင်းစဉ်တပ်၍ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်း
● —————————————————————
(၁)
အောက်တိုဘာလလယ်ပိုင်းတုန်းက ဆရာတော်ဦးဝီရသူရဲ့ Facebook အကောင့်ကို ပိတ်ချပေးဖို့ လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ် ခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီလက်မှတ်ကောက်ခံမှုကို အောက်တိုဘာ လ ၂၈ ရက်နေ့အထိ လက်မှတ်ရေးထိုးသူပေါင်း ၇,၇၅၈ ဦး ရေးထိုးပေး ပို့ထားပါတယ်။

ဆရာတော်ဦးဝီရသူကြောင့် လူတွေအသတ်ခံနေရတယ်၊ ဆရာတော် ရဲ့ ပို့စ်အတော်များများကလည်းပဲ အမုန်းစကားတွေနဲ့ ပြည့်နေတယ် ..စတဲ့ ပြင်းထန်တဲ့ စွပ်စွဲချက်တွေနဲ့အတူ ဆရာတော်ဦးဝီရသူရဲ့ အကောင့်ကိုပိတ် ချပေးဖို့နဲ့ ဆရာတော်နဲ့ ဆက်စပ်မှုရှိနေတFacebook Pages တွေကို ပိတ်ချပေးဖို့၊ Wirathu, Wira thu, ဝီရသူ၊ ဦးဝီရသူ’စတဲ့ စကားလုံးတွေ ကို ပိတ်ပေးဖို့တွေကို တောင်းဆိုခဲ့တာကို တွေ့ရပါတယ်။

ဒီမိုကရေစီနဲ့ မိုဘိုကရေစီ(mobocracy)ကြားမှာ ခြားထားတဲ့ မျဉ်းက သိပ်ပါးလျတယ်ဆိုတဲ့ စကားကို သတိရမိပါတယ်။ မိုဘိုကရေစီဆိုတာ အုပ်စုဖွဲ့အနိုင်ကျင့်တာပါ။

ဦးဝီရသူရဲ့ လူမှုကွန်ရက်စာမျက်နှာကို ပိတ်ဖို့ကြိုးစားခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာတွေးတောခွင့်၊ လွတ်လပ်စွာ ယူဆ ပိုင်ခွင့်၊ လွတ်လပ်စွာရေးသားခွင့် … စတဲ့ အကြောင်းအရာတွေကို အမုန်း စကားဆိုတဲ့ စွပ်စွဲချက်နဲ့ ပိတ်ပင်တားဆီးဖို့ ကြိုးစားကြတာ (ဝါ) အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ကြတာသာဖြစ်ပါတယ်။ နိုင်ငံရေးစကားလုံးတွေသုံးပြီး လွတ် လပ်တရားမျှတတဲ့ ယှဉ်ပြိုင်မှုမျိုးကို ကွယ်ဖျောက်ပစ်ဖို့ ကြိုးစားကြတဲ့ လုပ် ရပ်တစ်ခုလို့သာ မှတ်ချက်ပေးရမှာပါပဲ။

(၂)
ဦးဝီရသူက အမုန်းစကားကိုတွေ ပြောနေတယ်ဆိုပေမယ့် အမုန်းစကား ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲဆိုတဲ့ မေးခွန်းကိုတော့ အမုန်းစကားရပ်တန့် ရေးခေါင်းစဉ်အောက်မှာ ဝင်ရပ်နေတဲ့သူတွေကိုယ်တိုင်တောင် ပြည့်စုံမှန် ကန်ကောင်းမွန်အောင် ဖြေဆိုနိုင်ခြင်းမရှိကြပါဘူး။ သူတို့ရဲ့ အနုမာနမှန်းဆ ချက်တွေရယ်၊ သိပ်ကျယ်ပြန့်ပါတယ်ဆိုတဲ့ ဆင်ခြေရယ်နဲ့ အမုန်းစကားရဲ့ အဓိပ္ပါယ်ဟာ အခု အချိန်ထိ ဝေဝါးနေဆဲဖြစ်ပါတယ်။

အမှန်တရားဟာ အမြဲတန်း နားဝင်မချိုနိုင်ပါဘူး။ ကိုယ့်ရဲ့သဘောဆန္ဒ၊ ယူဆချက်၊ ရပ်တည်ချက်၊ ခံယူချက်၊ ယုံကြည်ချက်တွေနဲ့ တသားတည်း မကျတဲ့ အမှန်တရားတိုင်း၊ ဖြစ်ရပ်မှန်တိုင်း၊ သတင်းတိုင်းကို အမုန်းစကား ခေါင်းစဉ်ပို့ပြီး အပြတ်ချေမှုန်းရေး လမ်းစဉ်ကို ကိုင်စွဲရင်တော့ တိုင်းပြည် အတွက် နစ်နာမှုသာဖြစ်လာမှာပါ။ ပြည်သူတွေရဲ့ သိပိုင်ခွင့်ကို အမုန်းစကား ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆင်ဆာဖြတ်ဖို့ ကြိုးစားနေကြခြင်းဟာ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ကြိုးစားမှု မဟုတ်ဘူးဆိုတာကို သိထားကြ ဖို့လည်း အထူးလိုအပ်ပါလိမ့်မယ်။

အမုန်းစကားတွေ ဘယ်သူတွေပြောနေသလဲ၊ အမုန်းတရားတွေကို ဘယ် သူတွေ ဖြန့်ဝေနေသလဲဆိုတာ ယနေ့ကမ္ဘာမှာဖြစ်ပျက်နေတဲ့ သတင်းအချက် အလက်စီးဆင်းမှုတွေထဲ ပျော်ဝင်ကြည့်ရုံမျှနဲ့တင် ရှင်းလင်းမြင်သာအောင် တွေ့ရနိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် စက်တင်ဘာလ ၂၂ ရက်နေ့ကနေ အောက်တိုဘာလ ၂၂ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ အစွန်းရောက် အစ္စလာမ်မစ် တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု (၁၁)မှုမှာ သေဆုံးသူအရေအတွက်(၄၂၁)ဦး ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၃၅၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။

အာဖဂန်တစ်နိုင်ငံလုံးမှာ အောက်တိုဘာလ တတိယပတ်(တစ်ပတ်)အတွင်း မှာပဲ ဗုံးခွဲတိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေ ၁၇၆ ဦးထက်မနည်းရှိခဲ့ပါပြီ။

အစ္စရေးမှာ ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်း ဓားဖြင့်ထိုးခြင်း၊ သေနတ်ဖြင့်ပစ်ခြင်း၊ ကားဖြင့်ဝင်တိုက်ခြင်း အစရှိသည့် အကြမ်းဖက်မှုတွေ
ကြောင့် အစ္စရေးနိုင်ငံသား ၅ဝ ကျော်နဲ့ နိုင်ငံခြားသား ၅ ဦး သေဆုံးခဲ့ရ ပြီးပါပြီ။

၂ဝ၁၅ ခုနှစ်မှစပြီး ပြင်သစ်မှာ ဂျီဟတ်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံး သူ ၂၃၉ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

ဒီနေရာမှာ မေးစရာရှိလာတာက ဦးဝီရသူရဲ့ စကားလုံးတွေကြောင့် အသေခံဗုံးခွဲတိုက်ခိုက်မှု ဘယ်လောက်ဖြစ်ခဲ့ပြီးပြီလဲ၊ ဘုရားသခင်သာအကြီး မြတ်ဆုံးလို့ အော်ပြီး မြင်မြင်သမျှ ဓားနဲ့လိုက်ခုတ်တဲ့သူ ဘယ်လောက်ပေါ် ခဲ့ပြီးပြီလဲဆိုတဲ့ မေးခွန်းတွေပါ။အမုန်းတရား၊ အမုန်းစကားတွေ ဘာကြောင့်၊ ဘယ်လိုဖြစ်တည်နေသလဲ ဆိုတဲ့မေးခွန်းအတွက် ကျွန်တော်တို့မှာ လုံလောက်တဲ့ အဖြေတွေ ရှိပြီးဖြစ် ပါတယ်။ အဲဒီအဖြေတွေကို မြင်အောင်ကြည့်ဖို့မကြိုးစားဘဲ ကိုယ်အမုန်းစိတ် ကဲတဲ့ သူကို အမုန်းစကားပြောသူ၊ အမုန်းတရားဟောသူ တံဆိပ်ကပ်တာဟာ အမှန်တရားနဲ့ မိုင်ပေါင်းများစွာ ဝေးစေနိုင်တဲ့ လုပ်ရပ်မျှသာပါပဲ။

(၃)
‘လွတ်လပ်စွာ တွေးတောကြံစည်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ဆိုတဲ့ ကံသုံးပါး(မနောကံ၊ ဝစီကံ၊ ကာယကံ)အတွက် လွတ်လပ်ခွင့်ဟာ ယဉ်ကျေးတဲ့တိုင်းပြည်၊ ယဉ်ကျေးတဲ့ လူ့လောကရဲ့ အမြင့်ဆုံးလက္ခဏာရပ်၊ အမြင့်ဆုံး ပြယုဂ်တစ်ခုဖြစ်တယ်’ လို့ ဆရာဇော်ဇော်အောင်က ရွာကလူတွေဖတ်ဖို့ နိုင်ငံရေး စာအုပ်ထဲမှာ ရေးထား တာ အမှတ်ရပါတယ်။

အခု ဆရာတော်ဦးဝီရသူရဲ့ အကောင့်ကိုပိတ်ပစ်ဖို့ ကြိုးစားနေကြခြင်း ဟာ အပြတ်ချေမှုန်းရေးလမ်းစဉ်တစ်ခုဖြစ်ပြီး ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက် လုပ်ရပ်ဖြစ်တယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ပြုလုပ်လေ့မရှိတဲ့ လုပ်ရပ် တစ်ခုဖြစ်တယ်၊ အုပ်စုဖွဲ့အနိုင်ကျင့်တဲ့ မိုဘိုကရေစီလမ်းစဉ်တစ်ခုသာဖြစ် တယ်လို့ မြန်မာ့ဥဒါန်းဂျာနယ်က မှတ်ယူပါကြောင်း။

#အယ်ဒီတာတစ်ဦး
(မြန်မာ့ဥဒါန်းဂျာနယ် အမှတ် ၅)

https://www.facebook.com/myanmarudan/posts/125258641488271