သတင္း

သံေယာဇဥ္ႀကီးေသာ ဆရာေတာ္ႀကီး

30.5.2018 ရက္ေန႔၊ ညေန (၆း၀၀)နာရီ၊ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မစိုးရိမ္တိုက္သစ္၊ ဓမၼသဟာယေက်ာင္းသို႔ ထုိင္းႏိုင္ငံမွ အေမရိကန္လူမ်ဳိးဆရာေတာ္ႀကီးတစ္ပါး ၾကြေရာက္လာပါတယ္။

ဆရာေတာ္ႀကီး၏တပည့္ ဦးဇင္းႀကီးတစ္ပါး၊ သီလရွင္ဆရာေလးတစ္ပါးႏွင့္ အမ်ဳိးသမီးတစ္ဦးလည္း ပါပါတယ္။ ဘာသာျပန္ေပးသူကေတာ့ မႏၲေလးမွ အမ်ဳိးသမီးတစ္ဦးျဖစ္ပါတယ္။

ဒီဆရာေတာ္ႀကီးက စာေရးသူထံ မၾကခဏၾကြလာတတ္ပါတယ္။ ၾကြလာတဲ့အခါတုိင္းလည္း သူရရွိထားတဲ့ လွဴဖြယ္ဝတၳဳအေသးအဖြဲေလးကအစ သိမ္းဆည္းထားသမွ်ေတြ အကုန္သယ္လာၿပီး စာေရးသူအား စြန္႔ႀကဲလွဴဒါန္းတာပါ။

သြားတုိက္တံ၊ သြားတုိက္ေဆး၊ လက္သည္းညႇပ္၊ ပိုက္ဆံအိတ္၊ ေရဘူး၊ စာအုပ္ စံုေနတာပါပဲ။

ဒီတစ္ခါေတာ့ ပုစုခရု ဘာဆိုဘာမွမပါဘဲ အားေပးရုံသက္သက္ေရာက္ရွိလာတာပါ။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းကလည္း စာေရးသူအတြက္ နဝကမၼႏွင့္ မုဒိမ္းက်င့္ခံရတဲ့ နစ္နာသူ မိန္းကေလးမိသားစုေတြအတြက္ ေငြေၾကးရိကၡာမ်ား လွဴဒါန္းသြားပါတယ္။

အခုတစ္ခါလည္း စာေရးသူ လိုရာသံုးစြဲဖုိ႔ဆိုကာ နဝကမၼမ်ား လွဴဒါန္းသြားပါတယ္။ အရင္တစ္ခါလွဴဒါန္းခဲ့တဲ့ေငြေတြႏွင့္ ပုံႏွိပ္စက္ေလးတစ္လံုး ဝယ္ယူျဖစ္ခဲ့ပါတယ္။ ဆရေတာ္ႀကီးက ႏွစ္စဥ္ႏွစ္တုိင္း ေရာက္လာတတ္ၿပီး အားေပးစကားေျပာၾကားတဲ့အခါ စာေရးသူရဲ႕ ပကတိမ်က္ႏွာႏွင့္ တုိင္းမ္မဂၢဇင္းမ်က္ႏွာဖံုးပုံကို အၿမဲတမ္းႏႈိင္းယွဥ္ၾကည့္ကာ မီဒီယာေတြကို သေရာ္တတ္ပါတယ္။

စာေရးသူအား ေျမးတစ္ေယာက္လိုေမတၱာထားကာ စာေရးသူလိုအပ္တာမွန္သမွ် ကူညီေထာက္ပံ့ေနခ်င္တဲ့အေၾကာင္း မၾကာမၾကာမိန္႔ေတာ္မူပါတယ္။

စာေရးသူက ျမန္မာႏိုင္ငံအတြက္သာမက ထုိင္းႏိုင္ငံအတြက္ပါ အမွန္တကယ္လုိအပ္တဲ့ ရဟန္းေတာ္တစ္ပါးျဖစ္ေၾကာင္းလည္း မိန္႔ေတာ္မူပါတယ္။

စာေရးသူ ပို႔ခ်တဲ့ ပ႒ာန္းစာဝါကိုလည္း ကိုယ္တုိင္ၾကြေရာက္အားေပးသြားပါတယ္။ ေျမးအဖိုးတမွ် သံေယာဇဥ္ႀကီး ေက်းဇူးႀကီးလွပါေသာ ဆရာေတာ္ႀကီးဟာ ထုိင္းႏိုင္ငံမွာ ေအးေအးလူလူ ေတာရေဆာက္တည္ေနတဲ့ ေယာဂီရဟန္းတစ္ပါးျဖစ္ပါတယ္။

ဝီရသူ (မစုိးရိမ္)

2.6.2018

 

“သံယောဇဉ်ကြီးသော ဆရာတော်ကြီး”

30.5.2018 ရက်နေ့၊ ညနေ (၆း၀၀)နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းသို့ ထိုင်းနိုင်ငံမှ အမေရိကန်လူမျိုးဆရာတော်ကြီးတစ်ပါး ကြွရောက်လာပါတယ်။

ဆရာတော်ကြီး၏တပည့် ဦးဇင်းကြီးတစ်ပါး၊ သီလရှင်ဆရာလေးတစ်ပါးနှင့် အမျိုးသမီးတစ်ဦးလည်း ပါပါတယ်။ ဘာသာပြန်ပေးသူကတော့ မန္တလေးမှ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

ဒီဆရာတော်ကြီးက စာရေးသူထံ မကြခဏကြွလာတတ်ပါတယ်။ ကြွလာတဲ့အခါတိုင်းလည်း သူရရှိထားတဲ့ လှူဖွယ်ဝတ္ထုအသေးအဖွဲလေးကအစ သိမ်းဆည်းထားသမျှတွေ အကုန်သယ်လာပြီး စာရေးသူအား စွန့်ကြဲလှူဒါန်းတာပါ။ သွားတိုက်တံ၊ သွားတိုက်ဆေး၊ လက်သည်းညှပ်၊ ပိုက်ဆံအိတ်၊ ရေဘူး၊ စာအုပ် စုံနေတာပါပဲ။

ဒီတစ်ခါတော့ ပုစုခရု ဘာဆိုဘာမှမပါဘဲ အားပေးရုံသက်သက်ရောက်ရှိလာတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း စာရေးသူအတွက် နဝကမ္မနှင့် မုဒိမ်းကျင့်ခံရတဲ့ နစ်နာသူ မိန်းကလေးမိသားစုတွေအတွက် ငွေကြေးရိက္ခာများ လှူဒါန်းသွားပါတယ်။

အခုတစ်ခါလည်း စာရေးသူ လိုရာသုံးစွဲဖို့ဆိုကာ နဝကမ္မများ လှူဒါန်းသွားပါတယ်။ အရင်တစ်ခါလှူဒါန်းခဲ့တဲ့ငွေတွေနှင့် ပုံနှိပ်စက်လေးတစ်လုံး ဝယ်ယူဖြစ်ခဲ့ပါတယ်။ ဆရတော်ကြီးက နှစ်စဉ်နှစ်တိုင်း ရောက်လာတတ်ပြီး အားပေးစကားပြောကြားတဲ့အခါ စာရေးသူရဲ့ ပကတိမျက်နှာနှင့် တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးပုံကို အမြဲတမ်းနှိုင်းယှဉ်ကြည့်ကာ မီဒီယာတွေကို သရော်တတ်ပါတယ်။

စာရေးသူအား မြေးတစ်ယောက်လိုမေတ္တာထားကာ စာရေးသူလိုအပ်တာမှန်သမျှ ကူညီထောက်ပံ့နေချင်တဲ့အကြောင်း မကြာမကြာမိန့်တော်မူပါတယ်။

စာရေးသူက မြန်မာနိုင်ငံအတွက်သာမက ထိုင်းနိုင်ငံအတွက်ပါ အမှန်တကယ်လိုအပ်တဲ့ ရဟန်းတော်တစ်ပါးဖြစ်ကြောင်းလည်း မိန့်တော်မူပါတယ်။

စာရေးသူ ပို့ချတဲ့ ပဋ္ဌာန်းစာဝါကိုလည်း ကိုယ်တိုင်ကြွရောက်အားပေးသွားပါတယ်။ မြေးအဖိုးတမျှ သံယောဇဉ်ကြီး ကျေးဇူးကြီးလှပါသော ဆရာတော်ကြီးဟာ ထိုင်းနိုင်ငံမှာ အေးအေးလူလူ တောရဆောက်တည်နေတဲ့ ယောဂီရဟန်းတစ်ပါးဖြစ်ပါတယ်။

ဝီရသူ (မစိုးရိမ်)
2.6.2018