Daily Archives: June 2, 2018

မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၀၉

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် သီတဂူ အရှင်ဇဋိလ နှင့် အရှင်သုစိတ္တတို့မှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (31.5.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ပန်းပျိုးလက် ...
ထုတ်ပြန်ကြေညာချက်သတင်း

ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း သဘောထားထုတ်ပြန်ကြေညာချက်

(က) ၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ (၂၀၁၈-ခုနှစ်၊ မေလ ၃၁ ရက်)နေ့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာအား ကနဦး လက်မှတ်ရေးထိုးခြင်း ဟုလည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် အမှတ် ၃/၂၀၁၈ ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းသွားရန်ရှိကြောင်းနှင့် ထိုကော်မရှင်တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးအပါအဝင် အဖွဲ့ဝင် ၃ ဦး ပါအဝင်မည်ဖြစ်ပြီး ကော်မရှင်အား ပြည်တွင်းနှင့် နိုင်ငံတကာမှ ...
သတင်း

သံယောဇဉ်ကြီးသော ဆရာတော်ကြီး

30.5.2018 ရက်နေ့၊ ညနေ (၆း၀၀)နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းသို့ ထိုင်းနိုင်ငံမှ အမေရိကန်လူမျိုးဆရာတော်ကြီးတစ်ပါး ကြွရောက်လာပါတယ်။ ဆရာတော်ကြီး၏တပည့် ဦးဇင်းကြီးတစ်ပါး၊ သီလရှင်ဆရာလေးတစ်ပါးနှင့် အမျိုးသမီးတစ်ဦးလည်း ပါပါတယ်။ ဘာသာပြန်ပေးသူကတော့ မန္တလေးမှ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဒီဆရာတော်ကြီးက စာရေးသူထံ မကြခဏကြွလာတတ်ပါတယ်။ ကြွလာတဲ့အခါတိုင်းလည်း သူရရှိထားတဲ့ လှူဖွယ်ဝတ္ထုအသေးအဖွဲလေးကအစ သိမ်းဆည်းထားသမျှတွေ အကုန်သယ်လာပြီး စာရေးသူအား စွန့်ကြဲလှူဒါန်းတာပါ။ သွားတိုက်တံ၊ သွားတိုက်ဆေး၊ လက်သည်းညှပ်၊ ပိုက်ဆံအိတ်၊ ရေဘူး၊ စာအုပ် စုံနေတာပါပဲ။ ဒီတစ်ခါတော့ ပုစုခရု ဘာဆိုဘာမှမပါဘဲ အားပေးရုံသက်သက်ရောက်ရှိလာတာပါ။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ရန်ကုန်မြို့ ဆရာဦးပြေသိန်းမှ နဝကမ္မအလှူငွေ ၁၀၀၀၀၀၀ိ (ဆယ်သိန်းကျပ်) လှူဒါန်းပါသည်။ (1.6.2018) အလှူရှင် ဆရာဦးပြေသိန်းနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ...