Monthly Archives: June 2021

သတင်း

ဆရာတော်အရှင်ဝီရသူ(မစိုးရိမ်)၏ ၅၃နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

ဆရာတော်အရှင်ဝီရသူ(မစိုးရိမ်)၏ ၅၃နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~  ရန်ကုန်၊ ဇွန် ၂၆ ဖိုးလောင်းတူး(ဥပဒေ) ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(အရှင်ဝီရသူ-မစိုးရိမ်)၏ သက်တော် ၅၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မျိုးချစ်ရဟန်းတော်များနှင့်အမျိုးသားရေးညီအစ်ကိုမောင်နှမများက ဦးဆောင်ကြီးမှူးကာ အဋ္ဌမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ နံနက် ၈ နာရီ အချိန်မှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပခဲ့ကြောင်း သိရပါသည်။ သွေးလှူဒါန်းပွဲကို ဆရာတော်အရှင်ဝီရသူအား လေးစားကြည်ညိုကြသူများ တက်ရောက်ခဲ့ကြပြီး သွေးအိတ် ၁၅၄ ...
သတင်း

“ဆရာတော်ဦးဝီရသူ၏ ၅၃နှစ်ပြည့် မွေးနေ့အကြို စုပေါင်းသွေးလှူဒါန်းပွဲ”

 “ဆရာတော်ဦးဝီရသူ၏ ၅၃နှစ်ပြည့် မွေးနေ့အကြို စုပေါင်းသွေးလှူဒါန်းပွဲ” ================================= ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- အရှင်ဝီရသူ(မစိုးရိမ်)၏ 26.6.2021 ရက်နေ့တွင်ကျရောက်မည့် ၅၃နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ပါရမီပျိုးခင်းသွေးလှူအသင်းမှ ကြီးမှူးကျင်းပသော ၂၄ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို 25.6.2021 ရက်နေ့ မွန်းလွဲ ၁း၀၀နာရီ၊ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်မှာ ကျင်းပပါတယ်။ သွေးလှူရှင်များက ဖြူးမြို့မှ ကိုဝင်းကျော်ဦးဆောင်သော အမျိုးသားရေးအင်အားစုများ ဖြစ်ပြီး သွေးအိတ်ပေါင်း ၂၄အိတ် လှူဒါန်းနိုင်ခဲ့ပါတယ်။ သွေးလှူရှင်များ၏ ဒါနဥပပါရမီကုသိုလ် ရေစက်ချပွဲကို မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာကျင်းကာ ဘရားကြီးတိုက် ဇေယျာရွှေမြေကျောင်းဆရာတော်ကြီး ...
ဆောင်းပါး

“အမေစုကို ပြုံးပျော်စေသူများ”

“အမေစုကို ပြုံးပျော်စေသူများ” သင်္ဃန်းဖြူဆရာတော် (24.6.2021 ရက်နေ့ထုတ်၊ အတွဲ(၂) အမှတ်(၂၇) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)           စာရေးသူသီတင်းသုံးရာ အင်းစိန်တောရ ဦးစောရိပ်သာကား မြို့ရွာရပ်ကွက်နှင့် နီးစပ်ပုံရ၏။ ကားသံ၊ ရထားသံများလည်း ကြားရ၏။ လူသံ၊ စက်သံများလည်း ကြားရ၏။ လူနာတင်ယာဉ်မှ အချက်ပြဥသြသံနှင့် လေယာဉ်ပျံအသံများကား မကြားချင်အဆုံးပင်။ လေယာဉ်ပျံအသံများက လှိုင်းအကြီးဆုံးဖြစ်သကဲ့သို့ လေ ယာဉ်ပျံများကိုလည်း ထင်ရှားစွာ နေ့စဉ်တွေ့မြင်နေရသည်မှာ မမြင်ချင်အဆုံးပင်။ စာရေးသူ မကြားချင်ဆုံး အသံများတွင် တို့အရေးလုပ်သံများလည်း ပါဝင်၏။ နိုင်စီမံကောင်စီ ...
ဆောင်းပါး

“၀န်ခံတောင်းပန် နိုင်ငံရေးအဖြေမှန်”

“၀န်ခံတောင်းပန် နိုင်ငံရေးအဖြေမှန်”  (17.6.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၂၆) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။) သင်္ဃန်းဖြူဆရာတော် —————————-             NLD ပါတီဝင်များသည် အတိုက်အခံလုပ်ငန်း၌ အထူးတလည် ကျွမ်းကျင်မှုရှိကြ၏။ အတွေ့အကြုံများ သောကြောင့်ဖြစ်၏။ ၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နှစ်ပေါင်း ၂၇ နှစ်မျှ အာဏာအတွက် ရင်းနှီးမြှုပ်နှံခဲ့ကြ သဖြင့် လုပ်ငန်းအတွေ့အကြုံ များပြားခဲ့သောကြောင့် ဖြစ်ပေမည်။ လူထုခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သော NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပြည်သူလူထုအတွက်ဟုဆိုကာ ...
ဆောင်းပါး

“သန့်ရှင်းသောရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှ ကြည်ဖြူစွာ အာဏာလွှဲပြောင်းရေးဆီသို့”

“သန့်ရှင်းသောရွေးကောက်ပွဲ ကျင်းပနိုင်ရေးမှ ကြည်ဖြူစွာ အာဏာလွှဲပြောင်းရေးဆီသို့” သင်္ဃန်းဖြူဆရာတော် (10.6.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၂၅) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။) ——————————————————–           ဖေဖော်ဝါရီလဆန်း ၁ ရက်နေ့၌ တပ်မတော်က နိုင်ငံ့တာဝန်ကို ယာယီထမ်းဆောင်လိုက်ရသည်မှစ၍ ယနေ့အထိ ဆူပူဆန္ဒပြပွဲများ ဥဒဟိုပေါ်ပေါက်လာနေဆဲဖြစ်၏။ ပထမသော် ငြိမ်းငြိမ်းချမ်းချမ်းပင်။ နောက်သော် အကြမ်းပတမ်းဖြစ်လာ၏။ ထို့နောက်သော်မူ ပရမ်းပတာများဖြစ်လာကာ ယခုနောက်ဆုံး၌ ရုပ်ပျက်ဆင်းပျက် ဖြစ်လာလေ၏။ ထိုသူတို့ အဘယ်ကို တောင်းဆိုနေကြသနည်း။ ထိုသူတို့ကို အဘယ်သူတွေက ဦးဆောင်နေ သနည်း။ ...
Uncategorizedဆောင်းပါး

“ဒီမိုကရေစီ မယ်ပိုင်စီးခံရခြင်း”

“ဒီမိုကရေစီ မယ်ပိုင်စီးခံရခြင်း” သင်္ဃန်းဖြူဆရာတော် (3.6.2021 ရက်နေ့ထုတ် Golden Hand ဂျာနယ် အတွဲ(၂) အမှတ်(၂၄)မှ ကူးယူဖော်ပြသည်။)           စာရေးသူသည် အင်းစိန်တောရ၊ သီးသန့်ရိပ်သာ တွင်သီတင်းသုံးနေထိုင်ရ၏။ စာရေးသူ သီတင်းသုံးရာ ရွာမရပ်ကွက်သည် အချက်အချာကျသော မိန်းလမ်းမကြီးများနှင့် စည်ကားပုံရ၏။ ညအခါဆိုလျှင် သံပုံးတပ်ဖွဲ့ ကြီး ချီတက်လာနေသည်ကို အတိုင်းသားကြားရ၏။ ၎င်းတပ်ဖွဲ့ချီတက်လာလျှင် “အရေးကြီးပြီ ညီနောင် အပေါင်းတို့” အစချီသည့် “သွေးသစ္စာ” သီချင်းသံ ဦးစွာကြားရ၏။ နောက်မှ သံပုံးတီးသံများ၊ ဗြောက်ဖောက် သံများ ကြားရ၏။ ...