သတင်း



=================================




သွေးလှူရှင်များအား



-— သတင်း- ဆရာစိုင်း —-

————————————
“ဆရာတော်ဦးဝီရသူ၏ ၅၃နှစ်ပြည့် မွေးနေ့အကြို စုပေါင်းသွေးလှူဒါန်းပွဲ”
=================================

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- အရှင်ဝီရသူ(မစိုးရိမ်)၏ 26.6.2021 ရက်နေ့တွင်ကျရောက်မည့် ၅၃နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ပါရမီပျိုးခင်းသွေးလှူအသင်းမှ ကြီးမှူးကျင်းပသော ၂၄ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို 25.6.2021 ရက်နေ့ မွန်းလွဲ ၁း၀၀နာရီ၊ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်မှာ ကျင်းပပါတယ်။

သွေးလှူရှင်များက ဖြူးမြို့မှ ကိုဝင်းကျော်ဦးဆောင်သော အမျိုးသားရေးအင်အားစုများ ဖြစ်ပြီး သွေးအိတ်ပေါင်း ၂၄အိတ် လှူဒါန်းနိုင်ခဲ့ပါတယ်။

သွေးလှူရှင်များ၏ ဒါနဥပပါရမီကုသိုလ် ရေစက်ချပွဲကို မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းမှာကျင်းကာ ဘရားကြီးတိုက် ဇေယျာရွှေမြေကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကုသလ (ပါဠိပါရဂူ)မှ ရေစက်ချ အနုမောဒနာတရား ချီးမြှင့်တော်မူခဲ့ပါတယ်။

သွေးလှူရှင်များအား
ဆရာတော်၏ အွန်လိုင်းရုပ်သံဖိုင်များမှ စာအုပ်အဖြစ်ရိုက်နှိပ်ထားသော “ပြည်သူ့မှာတမ်း”စာအုပ် (၁)အုပ်စီ
ဆရာတော်ကိုယ်တိုင်ဖော်စပ်ထားသော “ချစ်ရင်ခတ်-ရွှေမျက်စဉ်း” (၁)ဘူးစီ
ဆရာတော်ဟောကြားခဲ့သော တရားတော်များ DVD (၁)ချပ်စီ
ဆရာတော်၏မွေးနေ့လက်ဆောင်အဖြစ် ပြန်လည်လှူဒါန်းပါတယ်။

ဆရာတော်၏ ၅၃နှစ်ပြည် စုပေါင်းသွေးလှူဒါန်းပွဲကို မနက်ဖြန် (26.6.2021) မန္တလေး နန်းတွင်းစစ်ဆေးရုံနှင့် ပြင်ဦးလွင် စစ်ဆေးရုံတို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မေတ္တာဖွေးလက်၊ သွေးတစ်စက်၊ ပေးဆပ်ခဲ့လေသော်။
ဥပပါရမီ၊ မြတ်ဂုဏ်ရည်၊ ရွှေပြည်နိဗ္ဗာန် ရောက်လေသော်…။

-— သတင်း- ဆရာစိုင်း —-