သတင္း

ဆရာေတာ္အရွင္ဝီရသူ(မစိုးရိမ္)၏ ၅၃ႏွစ္ျပည့္ေမြးေန႔ အထိမ္းအမွတ္အျဖစ္ ရန္ကုန္ၿမိဳ႕၌ စုေပါင္းေသြးလႉဒါန္းပြဲ က်င္းပ

ဆရာေတာ္အရွင္ဝီရသူ(မစိုးရိမ္)၏ ၅၃ႏွစ္ျပည့္ေမြးေန႔ အထိမ္းအမွတ္အျဖစ္ ရန္ကုန္ၿမိဳ႕၌ စုေပါင္းေသြးလႉဒါန္းပြဲ က်င္းပ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 

ရန္ကုန္၊ ဇြန္ ၂၆

ဖိုးေလာင္းတူး(ဥပေဒ)

ဝံသာႏုဓမၼကထိက အမ်ိဳးသားေရးဝါဒီဆရာေတာ္ ဘဒၵႏၲဝိစိတၱာဘိဝံသ(အရွင္ဝီရသူ-မစိုးရိမ္)၏ သက္ေတာ္ ၅၃ ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ မ်ိဳးခ်စ္ရဟန္းေတာ္မ်ားႏွင့္အမ်ိဳးသားေရးညီအစ္ကိုေမာင္ႏွမမ်ားက ဦးေဆာင္ႀကီးမႉးကာ အ႒မအႀကိမ္ စုေပါင္းေသြးလႉဒါန္းပြဲကို ရန္ကုန္ၿမိဳ႕၊ အမွတ္(၁) တပ္မေတာ္ေဆး႐ုံႀကီး(ခုတင္-၁၀၀၀)၌ နံနက္ ၈ နာရီ အခ်ိန္မွ မြန္းတည့္ ၁၂ နာရီအထိ က်င္းပခဲ့ေၾကာင္း သိရပါသည္။

ေသြးလႉဒါန္းပြဲကို ဆရာေတာ္အရွင္ဝီရသူအား ေလးစားၾကည္ညိဳၾကသူမ်ား တက္ေရာက္ခဲ့ၾကၿပီး ေသြးအိတ္ ၁၅၄ လုံး လႉဒါန္းႏိုင္ခဲ့ေၾကာင္း သိရသည္။

ေသြးလႉဒါန္းပြဲသို႔ ရန္ကုန္ၿမိဳ႕၊ မဂၤလာမ႑ိဳင္ေက်ာင္းဆရာေတာ္ အရွင္ပညာသိရီ၊ ဝီရဝံသအဖြဲ႕နာယကဆရာေတာ္ အရွင္ေကသရ၊ မ်ိဳးခ်စ္ျမန္မာရဟန္းေတာ္မ်ားသမဂၢမွ ဆရာေတာ္သံဃာေတာ္မ်ား၊ သီလရွင္ဆရာႀကီး၊ ဆရာေလးမ်ား ႂကြေရာက္ခ်ီးျမႇင့္ခဲ့ၾကၿပီး အမွတ္(၁) တပ္မေတာ္ေဆး႐ုံႀကီး(ခုတင္-၁၀၀၀)မွ တပ္မႉးဗိုလ္မႉးခ်ဳပ္ျမင့္ေဇာ္ႏွင့္တာဝန္ရွိသူမ်ား၊ ဘာသာေရးအသင္းအဖြဲ႕မ်ားမွ အဖြဲ႕ဝင္မ်ား၊ အမ်ိဳးသားေရးတက္ႂကြလႈပ္ရွားသူမ်ား၊ ပရဟိတအသင္းမ်ားမွ အသင္းဝင္မ်ား တက္ေရာက္ခဲ့ၾကသည္။

နံနက္ ၈ နာရီမွ စတင္ကာ ေသြးလႉဒါန္းမည့္သူမ်ားအား ေသြးေပါင္ခ်ိန္ျခင္း၊ ေသြးအုပ္စုခြဲျခင္း၊ ေသြးေဖာက္ျခင္းမ်ား ေဆာင္႐ြက္ခဲ့ၾကၿပီး ဆရာေတာ္သံဃာေတာ္မ်ား၊ သီလရွင္ဆရာႀကီး ဆရာေလးမ်ား၊ အမ်ိဳးသား၊ အမ်ိဳးသမီး ေသြးလႉရွင္မ်ားက စနစ္တက်တန္းစီကာ လႉဒါန္းခဲ့ၾကသည္။

နံနက္ ၁၀ နာရီအခ်ိန္တြင္ ေရစက္ခ်တရားနာအစီအစဥ္ကို စတင္ခဲ့ၾကၿပီး တပ္မႉးႏွင့္တာဝန္ရွိသူမ်ား၊ အလႉရွင္မ်ား၊ ဧည့္ပရိသတ္မ်ားအား ဆရာေတာ္အရွင္ပညာသိရီက ငါးပါးသီလ ခ်ီးျမႇင့္ပါသည္။

ထို႔ေနာက္ ဆရာေတာ္အရွင္ေကသရထံမွ ေမြးေန႔အထိမ္းအမွတ္ ၾသဝါဒကထာကို နာယူၾကၿပီး လႉဖြယ္ဝတၳဳမ်ား ဆက္ကပ္လႉဒါန္းၾကပါသည္။ 

ဆက္လက္၍ ဆရာေတာ္သံဃာေတာ္မ်ားက ပရိတ္တရားေတာ္မ်ား ခ်ီးျမႇင့္ၾကၿပီး

ဆရာေတာ္အရွင္ဝီရသူအတြက္ ေမြးေန႔ဆုေတာင္းကို ဆရာေတာ္အရွင္ေကသရက တိုင္ၾကားေပးကာ တက္ေရာက္လာၾကသူမ်ားက ညီညီညာညာ သံၿပိဳင္ဆုေတာင္းေပးၾကပါသည္။

ယင္းေနာက္ ဆရာေတာ္အရွင္ပညာသိရီထံမွ ေရစက္ခ်တရားနာယူၾကၿပီးေနာက္ ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ သီလရွင္ဆရာႀကီး၊ဆရာေလးမ်ားအား တပ္မေတာ္ေဆး႐ုံႀကီးမွ လႉဒါန္းေသာ ဆြမ္းခဲဖြယ္ေဘာစဥ္မ်ားကို တပ္မႉးႏွင့္တာဝန္ရွိသူမ်ား၊ အလႉရွင္မ်ားက ဆက္ကပ္လႉဒါန္းၾကပါသည္။

ထို႔ေနာက္ ဆရာေတာ္၏ သက္ေတာ္ ၅၃ ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ဦးရန္ႀကီးေအာင္ + ေဒၚတင္တင္ေမာ္ မိသားစုက ေဆး႐ုံတက္ေရာက္ေနေသာ လူနာမ်ား၊ လူနာေစာင့္မ်ားႏွင့္ ေဆးဝန္ထမ္းမ်ား၊ လုံၿခဳံေရးဝန္ထမ္း စုစုေပါင္း ၁၂၀၀ ဦးအား နတ္သုဓာထမင္းႏွင့္ ေရခဲမုန္႔ တန္ဖိုး တစ္ဆယ့္သုံးသိန္းငါးေသာင္းက်ပ္ လႉဒါန္းမႈအတြက္ တပ္မႉးဗိုလ္မႉးခ်ဳပ္ျမင့္ေဇာ္က အလႉရွင္မိသားစုအား ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္ပါသည္။

ေသြးလႉဒါန္းသူမ်ားအား ဆရာေတာ္ေရးသားသည့္ ျပည္သူ႔မွာတမ္းစာအုပ္၊ ေ႐ႊမ်က္စဥ္း၊ ေသြးလႉပြဲအထိမ္းအမွတ္ အက်ႌႏွင့္ ရင္ထိုးမ်ား၊ ေဆး႐ုံမွလႉဒါန္းေသာ ၾကက္ဥႏွင့္ စားေသာက္ဖြယ္ရာမ်ား

ကို လက္ေဆာင္အျဖစ္ ျပန္လည္ေပးအပ္ခဲ့ပါသည္။

ေသြးလႉဒါန္းပြဲတက္ေရာက္လာၾကသူမ်ားအား တပ္မေတာ္ေဆး႐ုံမွ ဆီခ်က္ေခါက္ဆြဲ၊ ေကာ္ဖီႏွင့္မုန္႔မ်ားျဖင့္ ဧည့္ခံေကြၽးေမြးၿပီး အလႉရွင္အခ်ိဳ႕က အေအးႏွင့္ မုန္႔မ်ား လႉဒါန္းခဲ့ေၾကာင္းသိရပါသည္။

ေသြးလႉဒါန္းပြဲအခမ္းအနားသည္ မြန္းတည့္ ၁၂ နာရီအခ်ိန္တြင္ ေအာင္ျမင္စြာၿပီးဆုံးခဲ့ေၾကာင္းႏွင့္ ယခုအႀကိမ္သည္ ရန္ကုန္ၿမိဳ႕၌ အ႒မအႀကိမ္က်င္းပျခင္းျဖစ္ၿပီး ယေန႔ ေသြးလႉဒါန္းပြဲတြင္ ရဟန္းသံဃာေတာ္ ၁၅ ပါး၊ သီလရွင္ဆရာႀကီးဆရာေလး ၅ ပါး၊ အမ်ိဳးသား ၆၆ ဦး၊ အမ်ိဳးသမီး ၆၈ ဦး စုစုေပါင္း ၁၅၄ ဦး လႉဒါန္းခဲ့ၾကပါသည္။

ရန္ကုန္ၿမိဳ႕တြင္ က်င္းပသည့္နည္းတူ

မႏၲေလးၿမိဳ႕ႏွင့္ ျပင္ဦးလြင္ၿမိဳ႕တို႔တြင္လည္း ေသြးလႉဒါန္းပြဲအခမ္းအနားကို က်င္းပခဲ့ၾကေၾကာင္း သိရပါသည္။

ဖိုးေလာင္းတူး(ဥပေဒ)———————————– 
ဆရာတော်အရှင်ဝီရသူ(မစိုးရိမ်)၏ ၅၃နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 
ရန်ကုန်၊ ဇွန် ၂၆ဖိုးလောင်းတူး(ဥပဒေ)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(အရှင်ဝီရသူ-မစိုးရိမ်)၏ သက်တော် ၅၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မျိုးချစ်ရဟန်းတော်များနှင့်အမျိုးသားရေးညီအစ်ကိုမောင်နှမများက ဦးဆောင်ကြီးမှူးကာ အဋ္ဌမအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ နံနက် ၈ နာရီ အချိန်မှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပခဲ့ကြောင်း သိရပါသည်။
သွေးလှူဒါန်းပွဲကို ဆရာတော်အရှင်ဝီရသူအား လေးစားကြည်ညိုကြသူများ တက်ရောက်ခဲ့ကြပြီး သွေးအိတ် ၁၅၄ လုံး လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
သွေးလှူဒါန်းပွဲသို့ ရန်ကုန်မြို့၊ မင်္ဂလာမဏ္ဍိုင်ကျောင်းဆရာတော် အရှင်ပညာသိရီ၊ ဝီရဝံသအဖွဲ့နာယကဆရာတော် အရှင်ကေသရ၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ ကြွရောက်ချီးမြှင့်ခဲ့ကြပြီး အမှတ်(၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ တပ်မှူးဗိုလ်မှူးချုပ်မြင့်ဇော်နှင့်တာဝန်ရှိသူများ၊ ဘာသာရေးအသင်းအဖွဲ့များမှ အဖွဲ့ဝင်များ၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၊ ပရဟိတအသင်းများမှ အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
နံနက် ၈ နာရီမှ စတင်ကာ သွေးလှူဒါန်းမည့်သူများအား သွေးပေါင်ချိန်ခြင်း၊ သွေးအုပ်စုခွဲခြင်း၊ သွေးဖောက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီး ဆရာလေးများ၊ အမျိုးသား၊ အမျိုးသမီး သွေးလှူရှင်များက စနစ်တကျတန်းစီကာ လှူဒါန်းခဲ့ကြသည်။
နံနက် ၁၀ နာရီအချိန်တွင် ရေစက်ချတရားနာအစီအစဉ်ကို စတင်ခဲ့ကြပြီး တပ်မှူးနှင့်တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များအား ဆရာတော်အရှင်ပညာသိရီက ငါးပါးသီလ ချီးမြှင့်ပါသည်။ထို့နောက် ဆရာတော်အရှင်ကေသရထံမှ မွေးနေ့အထိမ်းအမှတ် သြဝါဒကထာကို နာယူကြပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပါသည်။ 
ဆက်လက်၍ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ကြပြီးဆရာတော်အရှင်ဝီရသူအတွက် မွေးနေ့ဆုတောင်းကို ဆရာတော်အရှင်ကေသရက တိုင်ကြားပေးကာ တက်ရောက်လာကြသူများက ညီညီညာညာ သံပြိုင်ဆုတောင်းပေးကြပါသည်။ယင်းနောက် ဆရာတော်အရှင်ပညာသိရီထံမှ ရေစက်ချတရားနာယူကြပြီးနောက် ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ဆရာလေးများအား တပ်မတော်ဆေးရုံကြီးမှ လှူဒါန်းသော ဆွမ်းခဲဖွယ်ဘောစဉ်များကို တပ်မှူးနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းကြပါသည်။
ထို့နောက် ဆရာတော်၏ သက်တော် ၅၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဦးရန်ကြီးအောင် + ဒေါ်တင်တင်မော် မိသားစုက ဆေးရုံတက်ရောက်နေသော လူနာများ၊ လူနာစောင့်များနှင့် ဆေးဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်း စုစုပေါင်း ၁၂၀၀ ဦးအား နတ်သုဓာထမင်းနှင့် ရေခဲမုန့် တန်ဖိုး တစ်ဆယ့်သုံးသိန်းငါးသောင်းကျပ် လှူဒါန်းမှုအတွက် တပ်မှူးဗိုလ်မှူးချုပ်မြင့်ဇော်က အလှူရှင်မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။
သွေးလှူဒါန်းသူများအား ဆရာတော်ရေးသားသည့် ပြည်သူ့မှာတမ်းစာအုပ်၊ ရွှေမျက်စဉ်း၊ သွေးလှူပွဲအထိမ်းအမှတ် အင်္ကျီနှင့် ရင်ထိုးများ၊ ဆေးရုံမှလှူဒါန်းသော ကြက်ဥနှင့် စားသောက်ဖွယ်ရာများကို လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ပါသည်။
သွေးလှူဒါန်းပွဲတက်ရောက်လာကြသူများအား တပ်မတော်ဆေးရုံမှ ဆီချက်ခေါက်ဆွဲ၊ ကော်ဖီနှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးပြီး အလှူရှင်အချို့က အအေးနှင့် မုန့်များ လှူဒါန်းခဲ့ကြောင်းသိရပါသည်။
သွေးလှူဒါန်းပွဲအခမ်းအနားသည် မွန်းတည့် ၁၂ နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းနှင့် ယခုအကြိမ်သည် ရန်ကုန်မြို့၌ အဋ္ဌမအကြိမ်ကျင်းပခြင်းဖြစ်ပြီး ယနေ့ သွေးလှူဒါန်းပွဲတွင် ရဟန်းသံဃာတော် ၁၅ ပါး၊ သီလရှင်ဆရာကြီးဆရာလေး ၅ ပါး၊ အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၆၈ ဦး စုစုပေါင်း ၁၅၄ ဦး လှူဒါန်းခဲ့ကြပါသည်။
ရန်ကုန်မြို့တွင် ကျင်းပသည့်နည်းတူမန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင်လည်း သွေးလှူဒါန်းပွဲအခမ်းအနားကို ကျင်းပခဲ့ကြကြောင်း သိရပါသည်။
ဖိုးလောင်းတူး(ဥပဒေ)