ဆောင်းပါး

“အမေစုကို ပြုံးပျော်စေသူများ” (ယခင်အပတ်မှအဆက်)

“အမေစုကို ပြုံးပျော်စေသူများ” (ယခင်အပတ်မှအဆက်)

သင်္ဃန်းဖြူဆရာတော်
(1.7.2021 ရက်နေ့ထုတ်၊ အတွဲ(၂) အမှတ်(၂၈) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)

အမေစုကား ထိုသို့သော နိုင်ငံရေးဇာတ်ကြမ်းကို ခင်းထားနိုင်စွမ်းရှိသည့် ဧရာမဇာတ်ညွှန်းဒေ၀ီ မဟေသီ ဘုရင်မကြီးတစ်ပါး ဖြစ်ခဲ့လေ၏။ ဤအကြောင်းကို သိစေလိုမှု ဉပကဟေတုဖြင့် သက်သေပြုဦးအံ့။ တိုင်းပြည်အတွက် အရေးပေါ်သုံးစွဲရန် ထားရှိခဲ့သော အရန်ဆီ၊ အရန်ဆန်၊ အရန်ရွှေ၊ အရန်ငွေ (ဒေါ်လာ) များ ပြောင်းတလင်းခါခဲ့စဉ်က နိုင်ငံရေးစစ်တုရင်ထိုးပွဲ၌ ထိုကဲ့သို့သော ကစားကွက်မျိုးကို အမေစုကိုယ်တိုင် ကစားခဲ့ ဖူး၏။ အမေစုက ဘုရင်မကြီးကို ထိုးကျွေးလိုက်၏။ တစ်ဖက်သူက ရှောင်ထွက်သွား၏။ ဘုရင်မကိုစားလျှင် အရိုးမျက်မည်ကို သိရှိထားသောကြောင့်တည်း။ ဤသို့ဖြင့် မြန်မာ့နိုင်ငံရေးကစားကွက်၌ သိက္ခာအကျမခံနိုင်သူ နှင့် နာမည်အပျက်မခံနိုင်သူတို့ အားပြိုင်မှုကြောင့် ပြည်သူများ မြေစာပင်ဖြစ်ခဲ့ရသည့် ဖြစ်ရပ်တစ်ခုရှိခဲ့၏။

          ထိုဖြစ်ရပ်ကား မဟော်သဓာ သားတရားစီရင်ခန်းနှင့် ပြောင်းပြန်ဖြစ်၏ မဟော်သဓာ သားတရားစီရင် ခန်းကား သားလုပွဲဖြစ်၏။ မြန်မာ့နိုင်ငံရေး အားပြိုင်ပွဲကား သားစွန့်ပွဲဖြစ်၏။ မှန်၏။ သိက္ခာအကျမခံနိုင်သူက “သားကို ငါက မအပ်နိုင်။ မင်းလုယူ”ဟု ဆို၏။ နာမည်အပျက်မခံနိုင်သူက “လုတော့ မယူနိုင်ဘူး။ စေတနာ ရှိရင် သေချာပေး”ဟု တုံ့ပြန်၏။ ဤသို့ဖြင့် မိဘနှစ်ပါးက “မင်းယူ၊ နင်ယူ” အပြိုင်စွန့်ကြသော်လည်း ဒီမိုကရေစီ ရင်သွေးငယ်သည် သားမခင်သော မိခင်ရင်ခွင်၌သာ ကျန်ရစ်ခဲ့ခြင်းဖြစ်၏။ ယခုအခါ၌ကား မိခင်မေတ္တာခေါင်းပါး လွန်းသော ထိုမိခင်သည် မိမိရင်သွေးကို အသာတကြည်မပေးဘဲ လုယူနိုင်မည့် အခြေအနေတစ်ရပ်ကို ဖန်တီး ကာ ရင်သွေးငယ်ကို စွန့်ခွာသွားလေခဲ့ပြီတည်း။ ဒီမိုကရေစီရင်သွေးငယ်သည် ဖခင်လူကြမ်းကြီးလက်ထဲ၌ ကျန် ရစ်ခဲ့လေပြီတည်း။ မိခင်မေတ္တာငတ်မွတ်၍ သေလုမြောပါးဖြစ်နေသော စိတ္တဇဝေဒနာရှင် ရင်သွေးငယ်ကို ဖခင် လူကြမ်းကြီးက အချိန်ယူ ပြုစုစောင့်ရှောက်ရပေဦးတော့မည်သာတည်း။

          ဤပွဲသည် လူကြမ်းမလုပ်လို၍ အမြဲရှောင်ခဲ့သော တပ်မတော်ခေါင်းဆောင်များက လူကြမ်းမလုပ်ချင် ဘဲ လုပ်လိုက်ရသည့်ပွဲဖြစ်၏။ ထိုစကားကို ထင်ရှားစေဦးအံ့။ ရွေးကောက်ပွဲမတိုင်ခင်ကတည်းကပင် UEC ကို လည်းကောင်း၊ NLD ကိုလည်းကောင်း တပ်မတော်က အတန်တန်သတိပေးကာ အဖန်ဖန်ထောက်ပြခဲ့၏။ အငြင်းပွားဖွယ်ရလဒ်များ ပေါ်ပေါက်လာသည့်အခါ၌ကား ပို၍တိကျပြတ်သား ပြင်းထန်စွာ သတိပေးထောက်ပြ နေ၏။ အုပ်ချုပ်ရေးပိုင်း၊ ဥပဒေပြုရေးပိုင်း၊ တရားစီရင်ရေးပိုင်း၊ ရွေးကောက်ပွဲအခွင့်အာဏာရ ပြည်ထောင်စု အဆင့် ရွေးကောက်ပွဲကော်မရှင်အထိ ဖြေရှင်းပေးရန် တောင်းဆိုခဲ့၏။ ထိုသို့ စိတ်ရှည်စွာ တောင်းဆိုနေခြင်း သည်ပင် ဘုရင်မကို စားလိုစိတ်မရှိကြောင်း သက်သေပင်တည်း။ ဤပြဿနာကို ဖြေရှင်းနိုင်စွမ်းရှိသူမှာ မြန်မာ ပြည်၌ တစ်ယောက်သာရှိပါသည်။ အဆိုပါ တစ်ယောက်တည်းသော စွမ်းအားရှင်ကား စေတစ်လုံးပိုင်ရှင် မယ် တော်ကြီး အမေစုပင်တည်း။ အမေစုကိုယ်တိုင်က ပြဿနာပြေလည်စေလိုလျှင် UEC ကို တစ်ခွန်းပြောရုံဖြင့် ပြီးပေသည်။ “UEC ဘယ်လိုလုပ်တာလဲ။ ဒီမှာ ဒီလိုတွေကြားရတယ်။ ဟုတ်သလား။ ငါတော့ သိက္ခာအကျမခံ နိုင်ဘူး” သို့မဟုတ် “ငါ့အဖေမျက်နှာကိုတော့ အိုးမည်းသုတ်မခံနိုင်ဘူး။ မင်းတို့ ငါ့အတွက် လုပ်ပေးတာဆိုရင် တော့ ဒါမျိုး ငါလက်မခံနိုင်ဘူး”။ ဤစကားများ ရှည်လျားသွားလျှင်လည်း “အမေကတော့ မှန်မှန်ကန်ကန်ပဲ ဖြစ် စေချင်တယ်”ဟု စကားတစ်ခွန်းတည်းပြောလိုက်ရုံဖြင့် ရွေးကောက်ပွဲရလဒ် အမှန်ပြန်ထွက်သွားမည်သာဖြစ်၏။ သို့သော်။

          သို့သော်မှ တကယ့်သို့သော်ပင်။ “အမေစုလေ။ နိုင်ငံရေးကဝေလေ။ သိတယ်မဟုတ်လား”ဟုသာ အဖြေပေးရတော့မည်ကဲ့သို့ ရှိချေ၏။ အကြောင်းကား နှစ်ရှည်လများ ခက်ခဲစွာပုံဖော်ခဲ့ရသော သည်အကွက်ကို သူ၏နှုတ်ထွက်စကားတစ်ခွန်းဖြင့် အပျက်မခံနိုင်သောကြောင့်တည်း။ ဤအကြောင်းကို အမေစု၏အနီးနေ အနီကြီးများက ပို၍ပင် သိနိုင်ပါလေ၏။ စာရေးသူကား ဇန်န၀ါရီလ ၂၈ ရက်တွင် အမေစုကို သတင်းစာထဲ၌ နောက်ဆုံးမြင်တွေ့လိုက်ရ၏။ ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေးထိုးမှု ခံယူနေကြသည်ကို ရပ်၍ကြည့်ရှု နေသော အမေစု။ မျက်နှာကာအောက်ရှိ သူ၏မျက်နှာကို အကဲခတ်ကြည့်လိုက်သည့်အခါ တစ်စုံတစ်ရာကို အလေးအနက်တွေးနေဟန်ရှိ၏။ ဆေးထိုးအပ်နှင့် ၀န်ထမ်းများအပေါ်မှာ သူ့စိတ်က ရှိမနေ။ ခါတိုင်းဆိုလျှင် ယခုကဲ့သို့ ဆရာကြီးလုပ်ရမည့်နေရာမျိုး၌ သူ့မျက်နှာ ချိုသာပြုံးရွှင်ကာ လန်းဆန်းမြူးကြွနေတတ်၏။ ယခုမူ တည်ငြိမ်လွန်းနေ၏။ တည်ငြိမ်သည်မှ တကယ့်တည်ငြိမ်မှု အတွေးနက်နက် တည်ငြိမ်မှုဖြစ်နေလေ၏။ ရင်သွေး ငယ်ကို စွန့်ခွာရတော့မည်ကို သူသိနေ၏။ သားကိုမခင်၊ သားကို မကြင်သော်လည်း သားသံယောဇဉ်ကား ရှိသည်သာ။ မိမိကိုယ်တိုင် ယုယပိုက်ထွေးမနေနိုင်သော်ငြား အပြီးအပိုင် ခွဲခွာရတော့မည်ဆိုသည့်အသိက အတွေးနက်မှုကို လှုံ့ဆော်နေကြောင်း သူ့မျက်နှာမှာ ထင်ဟပ်ပေါ်လွင်နေလေတော့၏။

—————-

          ထို့ကြောင့်သာလျှင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကာကွယ်ဆေးအတွက် သိန်းပေါင်းတစ်သောင်း ရက်ရောပစ်လိုက်ခြင်း ဖြစ်ပေ၏။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ ပြည်တွင်း၊ ပြည်ပမှ အလှူငွေများ စီးဆင်းနေ သည်မှာ ထင်ရှားသော်လည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ပြည်သူ့ထံ ပြန်လည်လှူဒါန်းသည့်အခါ ပမာဏ များပြားလှသည့် ဒါနဟူ၍ သည်တစ်ခါသာ ကြားဖူးခြင်းဖြစ်၏။ “ဆွမ်းအုပ်ကြီး မှောက်ကျသွားမှ ရွှေစည်းခုံ လှူသည်၊ အာနန္ဒာလှူသည်”ဟု ထင်မြင်ယူဆသူများ ရှိကောင်းရှိပေမည်။ သူလှူလိုက်သည့် ငွေပမာဏကို ကြည့်၍ သူသည် ရင်သွေးငယ်ကို အမှန်တကယ် စွန့်ခွာတော့မည်ဆိုသည်ကိုမူ စာရေးသူက တွေးယူ၍ရ၏။

          ဤသို့ဆိုလျှင် အမေစုသည် အာဏာကို အဘယ့်ကြောင့် စွန့်ချင်နေသနည်း။ အခြားနည်းဖြင့် စွန့်လျှင် လည်း ရနိုင်သည်မဟုတ်လောဟု စောဒကတက်ဖွယ်ရှိလေ၏။ အမေစုသည် နိုင်ငံတကာအထိ ပတ်ရှုပ်ထား သော နိုင်ငံတကာအရှုပ်ထုပ်ကြီးဖြစ်၏။ အောကစ်ဦးဌေးအောင်ကအစပြု၍ နိုင်ငံတကာအရှုပ်ထုပ် ဖြေပြ၊ ဖွင့်ချ တော့မည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းပေါင်းများစွာရှိ၏။ သူတို့သည် အမေစု အာဏာလက်လွတ်မှသာ ဖော်ခွင့်ရမည့် သူများ ဖြစ်ကြ၏။ ရွေးကောက်ပွဲ ပကတိအမှန်ကလည်း NLD သည် အစိုးရဖွဲ့လောက်အောင် နိုင်မည့်အခြေ အနေ လုံးဝမရှိတော့ပေ။ အစိုးရသစ်လက်ထက်မှာ အဖော်ခံရလျှင် ပို၍အထိနာမည်။ အမေစုရော၊ NLD ရော မြောင်းထဲရောက်သွားမည်။ အမေစုဘက်မှရပ်တည်၍ အော်ပေး၊ လှော်ပေး၊ ဆော်ပေးမည့်သူ လုံးဝမရှိနိုင်တော့ ပေ။ ပြောရလျှင် သေတာတောင်မှ ငိုမည့်သူမရှိ ဘ၀သို့ပင် ရောက်ရှိသွားပေတော့မည်။ ဤသို့သော အဖြစ်မျိုး ကို လုံးဝမလိုလားသဖြင့် သားစွန့်ပွဲကြီး ကျင်းပလိုက်ခြင်း ဖြစ်လေတော့၏။ ယခုအခြေအနေကိုကြည့်လျှင် အမေစု ကစားကွက်မှန်ကန်ကြောင်း တွေ့ရပေလမ့်မည်။ တစ်တိုင်းပြည်လုံး အုန်းအုန်းကြွ အမေစုမှ အမေစု ဖြစ်နေကြသည်ကား အမေစုလိုချင်သော အဖြေတည်း။ ထို့ကြောင့် သွေးထွက် အသက်သေသည်အထိ ပေးဆပ်သွားခဲ့လေသော အစတေးခံပြည်သူများကို စာနာမိသည်၊ သနားမိသည်၊ ပြုံးမိသည်ဟု ဆိုခဲ့ရခြင်း ဖြစ် လေ၏။ ယခုလောက်ဆို အမေစု အကျေနပ်ကြီးကျေနပ်ကာ တိုးတိုးတိတ်တိတ် ကျိတ်ပျော်နေပေရော့မည်ပင်။

နိုင်ငံတကာအရှုပ်ထုပ်

          အို … ဆောင်းပါးရှင်၊ သင်သည် အမေစုအား နိုင်ငံတကာအရှုပ်ထုပ်ဟု ဆိုတော်မူအပ်၏။ အဘယ့် ကြောင့် ထိုသို့ဆိုအပ်ပါသနည်း။ အမေစုသည် ၎င်း၏အစ်ကို ဦးအောင်ဆန်းဦး ပြောသကဲ့သို့ ပြည်တွင်းမှာသာ ပတ်ရှုပ်ခဲ့သည် မဟုတ်ပါလော။ ဤသို့ အယုတ္တာဘောဂ စောဒနာအားဖြင့် မေးမြန်းလာခဲ့သည်ရှိသော်လည်း ကောင်း၊ အမေစု၏ နိုင်ငံတကာအရှုပ်ထုပ်၏အဖြစ်ကို ဆရာအဘယ်သို့ သိအပ်ပါသနည်း။ ပစ္စက္ခအားဖြင့် သိအပ်ပါသလော (၀ါ) သယမ္ဘူဉာဏ်ရ၍ သိအပ်ပါသလော။ ဤသို့သော သာဓျ ဉပျကို အစွဲပြု၍ သာဓကဉပက ကို သိရှိလိုကြောင်း မေးမြန်းလာခဲ့သည်ရှိသော်လည်းကောင်း စာရေးသူသည် ထင်ရှားသော သတင်းအချက် အလက် ဖြစ်ရပ်သာဓကများဖြင့် ပေါ်လွင်အောင် ဖော်နှင်ပေးနိုင်သည်သာတည်း။ ဆက်ဦးအံ့။

          ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလတွင် အမေစုသည် အမှတ် ၅၄ နေအိမ်ခြံတံခါးကြီးကို ကျပ်သိန်းငါး ထောင်ဖြင့် လေလံအောင်ခဲ့၏။ ထိုခြံတံခါးကြီးကို အဘယ်သူ ၀ယ်ပါသနည်း။ အဘယ်အတွက် ၀ယ်ပါသနည်း။ ထိုခြံတံခါးကြီးသည် ယနေ့အချိန်ထိ တော်ဝင်နှင်းဆီအိမ်တွင် မိုးထဲ၊ ရေထဲ၊ နေပူထဲ၌ ယခုအထိ ပစ်အထားခံ နေရဆဲပင် ရှိသေး၏။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမေစုသည် RSO ခေါင်းဆောင် ၀ါကာအူဒင်ထံ ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် ငွေရေးကြေးရေး အကူအညီပေးရန် စာရေးတောင်းခံခဲ့ဖူး၏။ သြစတြေးလျ ခရီးစဉ်၌ အဆိုပါ RSO ခေါင်းဆောင်နှင့် အခန်းထဲ နှစ်ဦးတည်းဆွေးနွေးရာ၌ ဘင်္ဂလီများအတွက် ကတိသုံးခု ပေးခဲ့ဖူး၏။ UN ခရီးစဉ်၌ OIC အတွင်းရေးမှူးချုပ်နှင့် နှစ်ဦးတည်း တွေ့ဆုံဆွေးနွေးမှုကို သတင်းမထုတ်ပြန်ဘဲ ပြည်ဖုံးကားချထားခဲ့ဖူး၏။ OIC အလှည့်ကျဥက္ကဋ္ဌ တူရကီနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးလာစဉ်၌လည်းကောင်း၊ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက ထုတ်ပြန်ရာ၌လည်းကောင်း NLD ကို အကူအညီများစွာပေးခဲ့ဖူးကြောင်းများ ပါဝင်၏။ ထို့အတူ ကမ္ဘာပတ်၍ ဒုက္ခပေးနိုင်သည့် အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့တို့ သားအဖနှင့် မည်သို့ အပေးအယူလုပ်ထားသည်၊ ပြည်တွင်းရေးကို နိုင်ငံတကာအရေးဖြစ်အောင် ကော်မရှင်ဖွဲ့ကာ အာနန်လက်ထဲ အပ်နှံခဲ့သည်၊ စင်္ကာပူကဲ့သို့ နိုင်ငံအသေးလေးသို့ သုံး-လေးရက် ခရီးသွားရာ၌ အဘယ်သို့သော လျှို့ဝှက်ချက် ရှိသည်၊ ပြည်သူပိုင်လေဆိပ်ကို မိမိပိုင်လေဆိပ်ကဲ့သို့ သဘောထားကာ အမှောင်ချပြီးမှ ပြည်တော်ဝင်သည်၊ ဒေးဗစ်ကင်မရွန်းကဲ့သို့ နိုင်ငံခြားသားနှင့် နှစ်ကိုယ်တည်း အိမ်တော်ခြံဝင်းထဲတွင် အဘယ်ကြောင့် လမ်း လျှောက်လျက် ဆွေးနွေးတိုင်ပင်သည်၊ ICJ တရားရုံး၌ လျှောက်လဲချက်ပေးစာကို အင်္ဂလိပ်လိုရေးထားရာ၌ မည်သူက ရေးပေးထားသည်၊ ICJ သွား ခရီးစရိတ်၊ ရုံးစရိတ် မည်မျှသုံးစွဲ၍ မည်သို့စီစဉ်သည် စသည် စသည် ဤမည် ဤမည်သော သတင်းအချက် ဖြစ်ရပ်သာဓကများကား မရေးချင်အဆုံး တစ်ပုံတစ်ပင်ပင် ရှိသေးပါ ကြောင်း သိစေအပ်ပေသတည်း။

တိုင်းပြည်ကို ရောင်းစားရက်လေသူ

          အမှန်အားဖြင့် အမေစုသည် ပထမငါးနှစ်သက်တမ်းအတွင်း ရခိုင်ပြည်ကို အပြီးအပိုင်ရောင်းစားထား နိုင်ခဲ့သော်လည်း တစ်နိုင်လုံးကိုမူ စရန်သတ်ရုံသာ သတ်နိုင်ခဲ့၏။ ဒုတိယငါးနှစ်သက်တမ်း၌မူ တိုင်းပြည်ကို အပြီးအပိုင် ရောင်းစားရန်အထိ ကြံစည်ထားခဲ့၏။ ဤအကြောင်းကို ယုတ္တိကင်းပ ဒဠှိယမျှသာဟုဆိုကာ စောဒကဆရာတို့က လှုပ်ချောက်ချားလာခဲ့သည်ရှိသော် တိုင်းပြည်အချုပ်အခြာအာဏာအတွက် လုံခြုံရေးဥပ ဒေများ၊ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးဥပဒေများ၊ တိုင်းရင်းသား (လူမျိုး) များ၏ လုံခြုံရေး ဥပဒေများကို အမေစုတစ်ဦးတည်း သဘောထားဖြင့် ဖျက်ဆီးပစ်ခဲ့ခြင်း၊ ခိုးဝင်မှုဖြင့် ထောင်ကျနေသော ဘင်္ဂလီ များကို ပြန်လွှတ်ပေးခြင်း၊ ခိုးဝင်မှုဖြင့် တရားရင်ဆိုင်နေရသော ဘင်္ဂလီများကို အမှုရုပ်သိမ်းပေးခြင်း၊ နောက် ထပ် ခိုးဝင်လာမည့် ဘင်္ဂလီများကို တရားမစွဲရန်၊ မဖမ်းဆီးရန်၊ ထောင်မချရန် အမိန့်ထုတ်ထားခြင်း၊ ဘင်္ဂလီများ ကို YBS ဖြင့် အကြိမ်ပေါင်းများစွာ ခိုးသယ်သွင်းခြင်း၊ စက်လှေများဖြင့် ခိုးသယ်သွင်းခြင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပျက်ပြယ်စေနိုင်သော ဘင်္ဂလီကလေးငယ်များကို မွေးစားနိုင်သည့်ဥပဒေကို စိတ် တိုင်းကျပြဋ္ဌာန်းခြင်းတို့သည် တိုင်းပြည်ကိုရောင်းစားဖို့ရန် စရန်သတ်ထားခြင်းပင် ဖြစ်ပါ၏။

          သို့သော် OIC က ထိုမျှဖြင့် မရောင့်ရဲနိုင်ခဲ့ပေ။ ဘင်္ဂလီများကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရ မည်။ တိုင်းရင်းသားစာရင်းဝင်အောင် တရားဝင်လုပ်ပေးခဲ့ရမည်။ တိုင်းရင်းသားအခွင့်အရေး အပြည့်အ၀ပေးရ မည် စသည်ဖြင့် ဆက်လက်တောင်းဆိုနေလေ၏။ ဤသည်ကို အမေစုက “ဆက်လက်လုပ်ဆောင်စရာ ရှိသေး သည်”ဟု အချက်ပြထား၏။ အမေစုသာ ဒုတိယသက်တမ်း အာဏာမြဲခဲ့လျှင် ဘင်္ဂလီများ တိုင်းရင်းသားဖြစ်ခွင့် ရရှိသွားကာ အင်ဒိုနီးရှား၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အမေရိကန် စသည့် နိုင်ငံများမှ ဘင်္ဂလီများ သည် ဆူနာမီလှိုင်းလုံးကြီးများသဖွယ် တစ်ရှိန်ထိုး လှိမ့်ဝင်လာနိုင်တော့မည်ဖြစ်၏။ ထိုအခါ ရွှေမြန်မာတို့ နေရာ ဖယ်ပေးရန်သာ ရှိတော့၏။ နောင် နှစ်ပေါင်းငါးဆယ်ကျော် ကာလသို့ရောက်လျှင် မြန်မာပြည်သည် ဘင်္ဂလီပြည် ဖြစ်သွားကာ ရွှေမြန်မာတို့ အမျိုးပျောက်၊ ဘာသာပျောက်ရုံသာမက နိုင်ငံပါပျောက်ကွယ်သွားတော့မည်မှာ သေချာသလောက်ပင်။ ဤဆိုအပ်ပြီးသော စကားအစဉ်ဖြင့် အမေစု တိုင်းပြည်ကိုရောင်းစားခဲ့ပုံများ သိလောက် လေပြီဖြစ်သတည်း။

ဘူးပေါ်သကဲ့သို့ ပေါ်ခဲ့သော်

          အမေစု ရွေးချယ်စရာကား နှစ်ခုသာရှိ၏။ အဖော်ခံမည်လော၊ အဆော်ခံမည်လော။ ဤနှစ်ခုအနက် တစ်ခုခုကိုသာ ရွေးရတော့မည်ဖြစ်၏။ OIC ကျေနပ်လောက်အောင် မလိုက်လျောနိုင်ခဲ့လျှင် အရှုပ်ထုပ်ကြီး အဖော်ခံရမည် သို့မဟုတ် အပြစ်မရှိ အပြစ်ရှာ ရုံးတင်၊ ဂါတ်တင် အဆော်ခံရမည်။ OIC အလိုကျ အပြည့်အ၀ လိုက်လျောလိုက်လျှင်လည်း တိုင်းပြည်ကို ရောင်းစားရတော့မည်၊ သို့မဟုတ် ဖခင်မျက်နှာ အိုးမည်းသုတ်ရ တော့မည်။ ထိုအခါ ပြည်သူဆော်သည်ကို ခံရမည်။ ထို့ကြောင့် အမေစုသည် အဆော်မခံနိုင်သောကြောင့် အဖော်ခံမည့်လမ်းကိုသာ ရွေးချယ်သွားခြင်းဖြစ်၏။ အမေစု အဆုံးအဖြတ် မှန်ခဲ့ပေသည်။ အကြောင်းကား သူ သက်သာစေမည့်နည်းလမ်းကို ရွေးချယ်နိုင်ခဲ့သောကြောင့်တည်း။

          မကြာမီတွင် အမေစု၏ နိုင်ငံတကာအရှုပ်ထုပ်ကြီး ဖုံးမရ၊ ဖိမရလောက်အောင် ပေါ်ပါတော့မည်။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ အစွဲတန်းလန်းဖြင့် ရမ်းသန်းငြင်းဆန်၊ ရမ်းသန်းတုံ့ပြန်ခြင်းမျိုးကို အဆင်ခြင်မဲ့စွာ မပြုလုပ်ကြဘဲ စဉ်းစားချင့်ချိန်ပြီးမှ ငြင်းဆန်ကြစေလိုပါ၏။ အမေစုကား တပ်မတော်အာဏာသိမ်းပြီးမှ သူ့အထုပ်ပေါ်လျှင် သူ့ သားသမီးများက ယုံကြမည်မဟုတ်ဟု ကြိုတွေးထား၍ သူသက်သာမည့်နည်းလမ်းကို ရွေးချယ်သွားခြင်းဖြစ်၏။ ဤသည်ကို အမေစုကို ပြုံးပျော်အောင်လုပ်ဆောင်နေသည့် အမေစု၏သားသမီးများ သိစေလိုခြင်းသာ ဖြစ်ပါ သတည်း။  ။

သင်္ဃန်းဖြူဆရာတော်

၆-၃-၂၀၂၁