ဆောင်းပါး

တန်ခိုးရှင်နိုင်ငံရေးနှင့် နိုင်ငံရေးတန်ခိုးရှင်

တန်ခိုးရှင်နိုင်ငံရေးနှင့် နိုင်ငံရေးတန်ခိုးရှင်

———————————————–

သင်္ဃန်းဖြူဆရာတော်

          တန်ခိုးရှင်နိုင်ငံရေးကို မြန်မာပြည်၌ ကိုးကွယ်မှုများကြ၏။ နိုင်ငံရေးအရာ၌ အစစအရာရာ ဖြောင့်မတ် မှန်ကန် သာလွန်ကောင်းမွန်သည့် အကျိုးတရားများကို ဖန်ဆင်းပေးနိုင်စွမ်းသည့် တန်ခိုးရှင်အဖြစ် တင်စား၍ ပူဇော်ပသနေသူများ ဖြစ်ကြ၏။ နိုင်ငံရေးကို ကိုးကွယ်ရာအသွင် လုပ်ဆောင်လာခြင်းသည် ခေတ်ရှေ့ပြေးလွန်း သည်လော၊ ခေတ်နောက်ပြန်ကျော့သွားသည်လော မပြောသာခဲ့။ ပြည်သူများက တန်ခိုးရှင်နိုင်ငံရေးကို ရွေး ချယ်ကျင့်သုံးလာကြသကဲ့သို့ နိုင်ငံ့ခေါင်းဆောင်မကြီးကလည်း နိုင်ငံရေးတန်ခိုးရှင်ကြီးအသွင် ရပ်တည်လာ သည်ကို တွေ့ရ၏။

          အမေစုတက်မှ ကြီးပွားမည်။ အမေစုတက်မှ ဖွံ့ဖြိုးမည်။ အမေစုတက်မှ တိုးတက်မည်။ အမေစုတက်မှ သာယာမည်။ အမေစုတက်မှ ဥပဒေစိုးမိုးမည်။ အမေစုတက်မှ လူ့အခွင့်အရေး အပြည့်ရမည်။ အမေစုတက်မှ တည်ငြိမ်မည်။ အမေစုတက်မှ ငြိမ်းချမ်းမည်။ စသည် စသည် စုံလင်စွာယုံကြည်လာကြ၏။ “နှစ်နှစ်လေးသာ လုပ်ပိုင်ခွင့်ပေးကြည့်၊ ဦးသိန်းစိန်ထက် သာစေရမည်”ဟူ၍လည်းကောင်း၊ “ငါးနှစ်လောက် စမ်းကြည့်လိုက်စမ်း ပါ။ စင်္ကာပူမကျော်လျှင်ပြော”ဟူ၍လည်းကောင်း၊ ယုံကြည်သူတိုးပွားလာအောင် လော်ဘီလုပ်ပေးကြသူများ လည်း ရှိကြ၏။ ပြောင်းလဲချိန်တန်ပြီ ဆောင်ပုဒ်နှင့်အတူ မဲဆွယ်ကာလ၌ တိုက်ဆောက်ရမည်၊ ကားဝယ်နိုင် မည် စသည်ဖြင့် နေ့ချင်းညချင်းကြီး တာဝတိံသာနတ်ပြည်အလား ထင်မှတ်မှားအောင် ဖန်ဆင်းနိုင်သည့် တန်ခိုး ရှင်အဖြစ် အမွှမ်းတင်ခဲ့ကြလေ၏။ ပြည်တွင်းမီဒီယာနှင့် ပြည်တွင်းလော်ဘီများသာမက နိုင်ငံတကာမီဒီယာများ၊ နိုင်ငံတကာအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကပါ ၀ိုင်းဝန်းသူကောင်းပြုခဲ့ကြသဖြင့် နိုင်ငံရေးတန်ခိုး ရှင်ဘ၀ ရုပ်လုံးကြွခဲ့ရတော့၏။ သူကိုယ်တိုင်ကလည်း စင်္ကာပူကို ကျော်စေရမည်ဟု အတိအလင်း ကြေညာ ထားသဖြင့် သူ၏တန်ခိုးဣဒ္ဓိပါဒ်များကို မမြင်ရသေးစေကာမူ တန်ခိုးဣဒ္ဓိပါဒ်ကား အထင်အရှားရှိနိုင်သည် ဖြစ် လတ္တံ့ဟု ခန့်မှန်းချက်ဖြင့် ကိုးကွယ်လာကြသူများ များပြားလာလေ၏။

နိုင်ငံရေးနတ်ဘုရားမ

          ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးတန်ခိုးရှင်ကြီးအဖြစ် ပြည်သူအများ တင်စားကြသည်ကိုလည်း တွေ့ရ၏။ ဒုတိယဘုရားသခင်၊ ပြည်ထောင်စုမိခင်၊ ငြိမ်းချမ်းရေးမိခင်၊ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်း ဆောင်၊ လူ့အခွင့်အရေးနတ်သမီး၊ တရားဥပဒေစိုးမိုးရေးနတ်သမီး၊ စတုတ္ထမြန်မာနိုင်ငံကိုတည်ထောင်သူ စသည်ဖြင့် စုံလင်လှလေ၏။ နိုင်ငံရေးကိုးကွယ်မှုမှတစ်ဆင့် နတ်ဘုရားကိုးကွယ်သည့်အဆင့်သို့ မြှင့်တင်လာ သည်ကိုလည်း တွေ့ရ၏။ ရဟန္တာရုပ်တုနေရာတွင် ဒေါ်စုရုပ်တုကို အစားထိုး၍လည်းကောင်း၊ ဘုရားရုပ်ပွား တော် မျက်နှာနေရာတွင် ဒေါ်စုမျက်နှာ အစားထိုး၍လည်းကောင်း ဘုရား၊ ရဟန္တာများနှင့် တစ်ဂိုဏ်းတည်း ထား၍ ကိုးကွယ်လာကြ၏။ ဒေါ်စုကို ထီးဖြူတော်အုပ်မိုးပေးသည့် လူပုဂ္ဂိုလ်များ၊ ဒေါ်စုခေါင်းပေါင်း နေပြောက် မထိုးရအောင် သံဃာသုံးယပ်တောင်တော်ဖြင့် ဦးခေါင်းပေါ် အုပ်မိုးအကာအကွယ်ပေးသော ဘုန်းတော်ကြီးများ ပင် ပေါ်ပေါက်လာခဲ့၏။

ပေါ်စေ၊ ပျောက်စေ နိုင်ငံရေးတန်ခိုးရှင်

          ဒေါ်စုသည် ပြည်သူအများ အားထားယုံကြည်ကြသကဲ့သို့ အမှန်တကယ်စွမ်းနိုင်သည့် နိုင်ငံရေးတန်ခိုး ရှင် ဖြစ်လေသလော စောကြောကြည့်လိုက်လျှင်လည်း နိုင်ငံ့အရေးအရာများ၌ သူသည် အမှန်တကယ် တန်ခိုး ပြနိုင်ခဲ့သည်ကိုလည်း တွေ့ရလေတော့၏။ ဒေါ်စုသည် ကိုယ်ယောင်ဖျောက် ကျွမ်းကျင်သည့် တန်ခိုးရှင်တစ်ဦး ဖြစ်၏။ အမေရိကန်ခရီးစဉ်၌ သူသည် နှစ်ရက်၊ သုံးရက် ကြာသည့်တိုင်အောင် ပျောက်ခြင်းမလှ ပျောက်ကွယ် သွားခဲ့ဖူး၏။ မြန်မာအစိုးရခေါင်းဆောင်တစ်ဦး အမေရိကန်နိုင်ငံကြီးတွင် နှစ်ရက်၊ သုံးရက် ကြာသည့်တိုင် အောင် ပျောက်ကွယ်သွားသည်မှာ အဆန်းပင်။ ဌာနေမြန်မာသံအမတ်အပါအ၀င် အမေရိကန်ရောက် နိုင်ငံရေး အသိုင်းအ၀ိုင်း၊ အစိုးရအသိုင်းအ၀ိုင်းတို့သည် ဒေါ်စု ဘယ်ရောက်နေသည်ကိုလည်းကောင်း၊ ဘာလုပ်နေသည် ကိုလည်းကောင်း၊ ဘာဖြစ်နေသည်ကိုလည်းကောင်း မည်သူမျှမသိရှိကြပေ။ အမေရိကန်မှ ပြန်လာသည့်အခါ၌ လည်း ရန်ကုန်လေဆိပ်သို့ လာရောက်ကြိုဆိုသူ ထောင်ပေါင်းများစွာသော ပြည်သူများသည် သူ့ကို မဖူးမမြင် ကြရပေ။ သူသည် သူ၏ကိုယ်ရောင်ကိုယ်ဝါကိုသာ ကွယ်ဖျောက်နိုင်သည်မဟုတ်၊ ရန်ကုန်လေဆိပ်ကြီးတစ်ခု လုံးကိုပါ မီးမှောင်ချနိုင်စွမ်းသူကြီး ဖြစ်ခဲ့လေ၏။ မှန်၏။ မြန်မာပြည် အစဉ်အဆက်အုပ်စိုးခဲ့သည့် အစိုးရခေါင်း ဆောင်ဟူသမျှသည် သူ့လို အစွမ်းမထက်၍ သူ့လိုတန်ခိုးမပြနိုင်ကြသဖြင့် လေဆိပ်ကို မီးမှောင်ချထားခြင်းငှာ မစွမ်းသာခဲ့ကြပေ။ သူသည်သာ တန်ခိုးကြီးသော နတ်ဘုရားမကြီး ဖြစ်လေသောကြောင့် ပြည်သူပိုင်လေဆိပ် ကြီးကို မယ်ပိုင်စီးကာ စေလိုရာစေ ဖန်တီးနိုင်စွမ်းသူ ဖြစ်လေ၏။

          ဒေါ်စုသည် ပြည်ပမှာသာ ကိုယ်ယောင်ဖျောက်တတ်သူမဟုတ်။ ပြည်တွင်းမှာလည်း မကြာခဏ ကိုယ် ယောင်ဖျောက်လေ့ရှိလေ၏။ လျှပ်စစ်မီတာခများ အဆမတန်တိုးကောက်သဖြင့် အခြေခံလူတန်းစားပြည်သူများ ဆန္ဒပြသည့်အခါ၌လည်းကောင်း၊ မွေးစားဥပဒေကြောင့် တိုင်းပြည်အန္တရာယ် ကျရောက်နိုင်သဖြင့် အလွှာအသီး သီးမှ ပြည်သူများ ဆန္ဒပြသည့်အခါ၌လည်းကောင်း၊ ပြည်သူများ သဘာဝဘေးသင့်သဖြင့် ဆင်းရဲဒုက္ခရောက်နေ သည့်အခါ၌လည်းကောင်း ဒေါ်စုသည် ကိုယ်ယောင်ဖျောက်ထားလေ့ရှိလေ၏။ NLD အစိုးရကို အလိုမရှိ ကြောင်း ထိုင်သပိတ်ဆင်နွှဲကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့်အခါ၌ ဒေါ်စုပျောက်ကွယ်နေရာမှ မန်းသပိတ် စခန်းကို အကြမ်းဖက်ဖြိုခွင်းပြီးသည့်အခါ ပြည်သူလူထုကို ကျေးဇူးတင်စကား စတင်ပြောကာ ပြန်လည်၍ ကိုယ် ထင်ပြခဲ့သည်ကိုလည်း တွေ့ရ၏။ ထို့အတူ သင်္ကြန်အခါ ရေကစားရာ၊ သီတင်းကျွတ်ဆီမီးထွန်းရာ၊ တန်ဆောင် မုန်း မီးရှူးမီးပန်းများ လွှင့်ဖောက်ရာ၊ မွေးနေ့ကိတ်လှီးရာ၊ ခွေးမွေးနေ့ပွဲကျင်းပရာ၊ ဦးနီတံတား ဖွင့်ပွဲကျင်းပရာ၊ အကယ်ဒမီပေးပွဲ၊ ဆိုင်းဘုတ်တင်ပွဲ၊ အောင်လံလွှင့်ပွဲ၊ မဲဆွယ်ပွဲ၊ လက်ဆေးပွဲ၊ အမှိုက်ကောက်ပွဲ ကျင်းပရာတို့၌ ရုပ်လုံးမြင်ရအောင် ကိုယ်ထင်ပြခဲ့သည်လည်း ရှိပေသည်။ အမှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ဈာန် အဘိညာဉ်တန်ခိုးဖြင့် မြေလျှိုးမိုးပျံတတ်သည့် တန်ခိုးရှင်မဟုတ်သော်လည်း ကိုယ်ယောင်ဖျောက်ခြင်း၊ ကိုယ် ထင်ပြခြင်း၌ အလွန်အမင်းကျွမ်းကျင်သည့် ပေါ်စေ၊ ပျောက်စေ နိုင်ငံရေးတန်ခိုးရှင် နတ်ဘုရားမကြီးတစ်ဆူ သာလျှင် ဖြစ်လေသတည်း။

လိမ္မာပါးနပ်သော “နပ်”ဘုရား

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟု ပါတီကို အမည်ပေးထားသော်လည်း သူ၏ပါတီ၌ ပါတီတွင်းဒီမို ကရေစီ မရှိပေ။ သူ၏ပါတီသည် သူတစ်ဦးတစ်ယောက်တည်း၏ တစ်မိန့်၊ တစ်အာဏာဖြင့်သာ နိုင်ငံရေးလုပ် နေရလေ၏။ သူ၏ အစိုးရသည်လည်း အရပ်သားဒီမိုကရေစီအစိုးရဟု အမည်ခံထားသော်လည်း အစိုးရအဖွဲ့ အတွင်း၌ဖြစ်စေ၊ အစိုးရက ပြည်သူအပေါ်တွင် ကျင့်သုံးရာ၌ဖြစ်စေ ဒီမိုကရေစီအဆင့် လုံးဝမရှိပေ။ ထိုသို့ ပါတီ တွင်း၊ အစိုးရတွင်း ဒီမိုကရေစီလုံးဝမရှိသော်လည်း ဒီမိုကရေစီခေါင်းဆောင်ဟူ၍လည်းကောင်း၊ အရပ်သားဒီမို ကရေစီအစိုးရခေါင်းဆောင်ဟူ၍လည်းကောင်း ကမ္ဘာလောကကြီးတစ်ခုလုံး ထင်မှတ်မှားရလေအောင် သူ့ တန်ခိုးဖြင့် ဖန်ဆင်းထားနိုင်ခဲ့၏။ သူသည်ကား ပြည်သူကို လှည့်စားတတ်သော ပဉ္စလက်ပညာ တစ်ဖက်ကမ်း ခပ် တတ်မြောက်ထားသည့် နိုင်ငံရေးတန်ခိုးရှင် ဧရာမ “နပ်”ဘုရားမကြီးတစ်ပါး ဖြစ်နေလေတော့၏။ ထို့အတူ လူထုကို ဦးမဆောင်ဘဲ လူထုအကြိုက်လိုက်၍ လူထုနောက်ကွယ်မှာနေသူကို လူထုခေါင်းဆောင်ဟု ကမ္ဘာ ကြီးက အသိအမှတ်ပြုလာရသည်အထိလည်းကောင်း၊ ပြည်သူကို ကောင်းကျိုးမပြုပါဘဲလျက် ပြည်သူ့အစိုးရဟု ကောင်းချီးပေးလာရသည်အထိလည်းကောင်း မြန်မာပြည်သူများသာမက ကမ္ဘာ့ပြည်သူများကိုပါ လှည့်စား၍ ထားနိုင်ခဲ့လေ၏။ ထို့ကြောင့် ထိုသို့သောမာယာမျိုးဖြင့် လူသားအားလုံးကို လှည့်စားဖြားယောင်းရာ၌ လိမ္မာပါး နပ်တော်မူသောကြောင့်လည်း ၎င်းကို နိုင်ငံရေးတန်ခိုးရှင် “နပ်”ဘုရားတစ်ဆူဟု တင်စားခေါ်ဝေါ်ရခြင်း ဖြစ်လေ ၏။

ဧရာမတန်ခိုးရှင်မကြီး

          ပြည်သူ့လွှတ်တော်ကို ပါတီလွှတ်တော်အဖြစ်သို့လည်းကောင်း၊ အမျိုးသားလွှတ်တော်ကို အမျိုးသမီး လွှတ်တော်အဖြစ်သို့လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ကို ပုဂ္ဂလိကလွှတ်တော်အဖြစ်သို့လည်းကောင်း မယ်ပိုင်စီးခွင့်ရရှိအောင်လည်း ဖန်ဆင်းပစ်နိုင်ခဲ့၏။ ထို့ကြောင့် လွှတ်တော်အသီးသီးသည် တိုင်းပြုပြည်ပြုဥပဒေ များကို ဖျက်ဆီးကာ “နပ်”ဘုရားအလိုတော်ကျ “နပ်”ဘုရား အကျိုးစီးပွားအတွက်သာ ဥပဒေများကို ပြဋ္ဌာန်းပေး နိုင်ခဲ့၏။ “နပ်”ဘုရားကလည်း ကကြီး၊ ခခွေး ကြည့်ဖတ်သည်ကိုပင် အစဉ်ချောအောင် မဖတ်နိုင်သူများ၊ အခြေခံပညာမူလတန်းအောင် အဆင့်ပင်မရှိသူများကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဖန်ဆင်းပေးနိုင်ရုံသာ မကမူ၍ သေဆုံးပြီးသော လွှတ်တော်ကိုယ်စားလှယ်လောင်းကိုပင် အနိုင်ရအောင် လုပ်ဆောင်ပေးနိုင်ခဲ့သော ၀ိရာမတန်ခိုးရှင်မကြီး ဖြစ်ခဲ့လေ၏။

အမေစုသရဏံ ဂစ္ဆာမိ

          အဆိုပါ “နပ်”ဘုရားမကြီးသည် တရားဥပဒေစိုးမိုးရေးနတ်သမီးဂုဏ်ပုဒ်ကိုလည်း ပိုင်ဆိုင်ထားသည်ဖြစ် ရာ တရားစီရင်ရေးမဏ္ဍိုင်၌ တရားဥပဒေကို သူက စိုးမိုးထားခဲ့နိုင်၏။ ထို့ကြောင့်ပင် သူ့ကို ကိုးကွယ်သူများ အာမခံပေးခွင့်မရှိသော ပုဒ်မများ၌ အာမခံပေးခွင့်ရအောင်၊ ပြစ်မှုထင်ရှားရှိသူများ ပြစ်မှုမထင်မရှား အပြစ်အရှင်း လွှတ်အောင်၊ ပြစ်ဒဏ်ကျခံရသူများ လွတ်ငြိမ်းချမ်းသာခွင့် သီးသန့်ရရှိအောင် ကယ်တင်ပေးနိုင်ခဲ့၏။ အခြား တစ်ဖက်တွင်မူ သူ့ကို မကိုးကွယ်သူများ တရားရုံးရောက်လျှင် အပြစ်မရှိသူ ရှိအောင်၊ ရှိသူ ကြီးအောင်၊ ကြီးသူ လေးအောင်၊ အာမခံပေးခွင့်ရလျှင် မရအောင် နည်းမျိုးစုံဖြင့် တန်ခိုးပြနိုင်ခဲ့၏။ သူ့ကို ကိုးကွယ်သော ဘုန်းကြီး များနှင့် မကိုးကွယ်သော ဘုန်းကြီးများကိုလည်း တန်ခိုးဖြင့် ခွဲခြားထားနိုင်ခဲ့၏။ သူ့ကို ကိုးကွယ်သောဘုန်းကြီး များ တရားဟောခွင့် အပိတ်ခံထား ရလျှင် ရရှိအောင်

(ဆက်လက်ဖော်ပြပါမည်)

သင်္ဃန်းဖြူဆရာတော်

၁၃-၃-၂၀၂၁