Monthly Archives: October 2021
သတင်း
“အရုဏ်ဆွမ်း လှူဒါန်းပွဲလေးပါ”
“အရုဏ်ဆွမ်း လှူဒါန်းပွဲလေးပါ”================ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ (30.10.2021)ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ သဟာယကျောင်းမှာ ဆက်ကပ်ပါတယ်။အလှူရှင်ကတော့ ဝေယျာဝစ္စဝိုင်းတော်သားများဖြစ်ကြတဲ့ ကိုစန်းဝင်း+မမော်မော် မိသားစုပါပဲ။စာရေးသူရဲ့ ပါရမီဖြည့်ဖက် တပည့်ရင်းချာတွေပါ။မုန့်ဟင်းခါးဆွမ်း ဆက်ကပ်တာဖြစ်ပြီး ဆွမ်းကပ်အပြီးမှာတော့ နမောတဿ တရားထိုင်နည်း သင်ပြပေးခဲ့ပါတယ်။ နမောတဿဖြင့် ဘေးရန်ကင်းစေဖို့ အသက်အိုးအိမ်စည်းစိမ် လုံခြုံစေဖို့ စီးပွားလာဘ်လာဘ တိုးတက်စေဖို့ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း နေ့စဉ်စီးဖြန်းနိုင်ရေးပါပဲ။နမောတဿဆိုတာ ဗုဒ္ဓနည်းကျ ကာကွယ်ရေးလက်နက်ပါနော်။ စီးပွားရေးအရာမှာ ဣစ္ဆာသယရွှေအိုးကြီးလို့ သတ်မှတ်ထားပါတယ်။ လူခိုးလို့မရတဲ့ ရွှေအိုးကြီးပေါ့ဗျာ။၂၄နာရီ ကိုယ်နှင့်မကွာ အမြဲရှိနေတဲ့ လိုတရ ရွှေအိုးကြီးပေါ့ဗျာ။ ...
သတင်း
“ဘုန်းကံတွေ စတက်လာပါပြီ”
“ဘုန်းကံတွေ စတက်လာပါပြီ”============== သီတင်းကျွတ်လပြည့်ကျော် ၁ ရက်၊ (21.10.2021)ရက်နေ့ ညနေ နေပြည်တော် မစိုးရိမ်တိုက်သစ်မှအပြန် လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာပြန်အရောက် ရွာသူရွာသားများက ဝိုင်းဝန်းကန်တော့ကြတာနှင့် ကြုံရပါတယ်။ ရှေးဟောင်းကျောင်းတော်ကြီး ကျောင်းထိုင်ဆရာတော် ညီတော်မောင် အရှင်ပညာ၏ ဆွေတော်မျိုးတော်များ ဝါကျွတ်ကန်တော့ပန်းအနေဖြင့် ဝိုင်းဝန်းကန်တော့ကြတာပါ။ အသက် ၂၀နှစ်အရွယ် အပျိုကြီး မကြီးပုလည်း ပါဝင်ကန်တော့ပါတယ်။ စာရေးသူ သဟာယမှာနေစဉ် ဝါကျွတ်ကန်တော့ကြတဲ့သူဆိုလို့ ဝေယျာဝစ္စအဖွဲ့လောက်ပဲ ရှိပါတယ်။ လူတွေထင်နေကြတာက ကမ္ဘာကျော်ဆရာတော်ဆိုပြီး လာရောက်ဖူးမြော်သူ လှူဒါန်းသူ များပြားလိမ့်မယ် ဆိုတာပါပဲ။တကယ်တော့ စာရေးသူမှာ ပရိသတ်သာ ပေါများတာ ...
သတင်း
“သီလပွဲလေးပါ”
သတင်း
“စာဝါ စတင်ပို့ချခြင်း”
“စာဝါ စတင်ပို့ချခြင်း”=========== စာရေးသူ မစိုးရိမ်တိုက်သစ် ပြန်ရောက်တာ 22.10.2021 ရက်နေ့ကပါ။29.10.2021 ရက်နေ့မှာတော့ စာဝါစတင်ပို့ချနေပါပြီ။ကျန်းမာရေးစည်းကမ်းနှင့်အညီ စာလိုက်သံဃာများကို နေရာချပေးထားပါတယ်။သကျသီဟ စာသင်တန်း ဋီကာကျော် စာဝါပါ။ပဋ္ဌာန်းရယ်၊ သဂြိုဟ်ရယ်၊ အဋ္ဌသာလိနီရယ် ဒီစာဝါတွေကို ပို့ချခွင့်ရတာ ကံကောင်းတယ်လို့ ပြောရပါမယ်။ဘာကြောင့်ဆို အဘိဓမ္မာကို စိတ်ဝင်စားပြီး အဘိဓမ္မာအမြင်တွေ အမြဲရှင်သန်နေလို့ပါပဲ။အဘိဓမ္မာ ဝါသနာပါတယ်လို့ဆိုရင် ရနိုင်တယ်ပေါ့ဗျာ။သဂြိုဟ် ပစ္စည်းပိုင်းမှ စတင်ပို့ချပါတယ်။သာဓုခေါ်ဆိုနိုင်ဖို့ပါ … ။——————————————- “သီလပွဲလေးပါ”========== သီတင်းကျွတ်လပြည့်ကျော် ၈ ရက် ဥပုသ်နေ့ (28.10.2021)သဟာယကျောင်းမှာပဲ သီလပေးပါတယ်။ထူးဆန်းတဲ့ သီလပွဲလေးပေါ့။တစ်ခါမျှ အခုလို သဟာယကျောင်းမှာ ဥပုသ်သီလ ...
သတင်း
“နေပြည်တော်မှ သူငယ်ချင်း”
“နေပြည်တော်မှ သူငယ်ချင်း”=============== 21.10.2021 ရက်နေ့၊ နေပြည်တော် မစိုးရိမ်ုတိုက်သစ်သို့ ရောက်ရှိခဲ့ပါတယ်။နေပြည်တော်မစိုးရိမ်တိုက်သစ်ဆရာတော်က စာရေးသူရဲ့ သူငယ်ချင်းပါ။စာရေးသူတို့ သကျသီဟစာသင်သားဘဝ စာချဘုန်းကြီးဘဝတွေမှာ စာအတူကြည့်၊ အနက်အတူလှည့်၊ ဝါကျအတူလုပ်၊ ညဝါအတူဆို၊ လမ်းအတူလျှောက်ရင်း တစ်လှည့်စီ စာအလွတ်ပြန်ခဲ့ကြတဲ့ ငယ်ပေါင်းအရင်းချာတွေပေါ့။ နေပြည်တော်ရောက်ခိုက် သူ့ကျောင်းတိုက်သို့ဝင်ပြီး နှုတ်ဆက်ရင်း စာချဆရာတော်များ၊ စာသင်သားများနှင့် ထိတွေ့ခွင့် ရရှိခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူက စာရေးသူကို သံဃာတွေနှင့်မိတ်ဆက်ပေးပြီး စာရေးသူက သံဃာတွေကို သြဝါဒပေးခဲ့ပါတယ်။ စာချဆရာတော်လေးတွေ စာကိုပိုင်နိုင်စွာ ချတတ်စေဖို့ နည်းနာကောင်းများ ပြောကြားခဲ့သလို စာသင်သားတွေကိုလည်း မိမိကြောင့် သံဃာတော်တွေကို ...
သတင်း
“လက်သုံးချောင်းတော့ လက်သုံးချောင်းပဲ”
“လက်သုံးချောင်းတော့ လက်သုံးချောင်းပဲ” ======================== 20.10.2021 နေပြည်တော် လယ်ဝေး၊ အောင်းကုန်းကျေးရွာမှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုပါ။ ပဝါရဏာပွဲ၊ သိက္ခာထပ်ပွဲ၊ ပရိဝါသ်အောင်ပွဲ သုံးခုကို တစ်ရက်တည်းကျင်းပခဲ့တဲ့ပွဲပါ။ ကျေးဇူးရှင် ရှင်မတောင်ဆရာတော်ကြီးနှင့် ဇေယျာရွှေမြေဆရာတော်ကြီးအပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ညီတော်နောင်တော် သံဃာတော်များ၊ မျိုးချစ်ပြည်သူများ၊ ရွာသူရွာသားများ တက်ရောက်ခဲ့ကြပါတယ်။ စုပေါင်းရဟန်းခံပွဲ (စုပေါင်းသိက္ခာထပ်ပွဲ) ဆိုတဲ့အတိုင်း ရဟန်းတော်တို့၏ သိက္ခာနှင့်ထပ်တူ အလေးအမြတ်ပြုအပ်သော နှစ်ထပ်သင်္ကန်းကြီးအတွက် အလှူရှင်တစ်ဦးလျှင် တစ်ထောင်ကျပ်နှုန်းဖြင့် စုပေါင်းပါဝင်ကုသိုလ်ယူခဲ့ကြတာပါ။ တစ်ထောင်ကျပ်လှူရုံနဲ့ ရဟန်းဒါယကာ ရဟန်းဒါယိကာမ ခံယူခွင့်ရတဲ့ ပွဲလေးပေါ့။ သိမ်ဆင်းလောင်း ...
Uncategorizedဆောင်းပါး
“အာဏာထိန်းတပ်မတော်နှင့် ကယ်တင်ရှင်တပ်မတော်”
“အာဏာထိန်းတပ်မတော်နှင့် ကယ်တင်ရှင်တပ်မတော်” သင်္ဃန်းဖြူဆရာတော် (14.10.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၄၃) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။) ဖေဖော်ဝါရီလ ၁ ရက် အာဏာထိန်းသည့်သတင်း ကြားသိရချိန်၌ စာရေးသူတစ်ပါးတည်း စာရေးသားနေချိန်ဖြစ်၏။ ရေးလက်စစာ အဆုံးသတ်ပြီးမှ ၎င်းသတင်းကို ပြန်လည်ဆင်ခြင်မိ၏။           ၂၀၁၀ ပြည့်နှစ် လူထုခေါင်းဆောင်မေမေ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည့်သတင်း ကြားရစဉ်ကလည်း စာရေးသူ အိုးဘိုထောင်မှာ ရှိနေ၏။ FM ရေဒီယိုမှတစ်ဆင့် တိတ်တဆိတ် သိရှိရသော်လည်း ပီတိအဟုန်ကြောင့် မိမိစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ အခန်းသားတွေသိလျှင်လည်း ...
ဆောင်းပါး
“အရူးကွက်နင်း၍ မထူးဇာတ်ခင်းနေသော NLD” (၂)
“အရူးကွက်နင်း၍ မထူးဇာတ်ခင်းနေသော NLD” (၂) သင်္ဃန်းဖြူဆရာတော် (7.10.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၄၂) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။) “ဦးစောစံချိန် ကျော်ဖြတ်ခဲ့သော NLD” အနီရောင်နိုင်ငံရးသမားများသည် ကြေးစားနိုင်ငံရေးသမားများ ဖြစ်ကြလေ၏။ ၎င်းတို့သည် ကြေးစားလူမိုက်များ တစ်ဆင့်ပြန်ငှားကာ နိုင်ငံရေးကလဲ့စား ချေနေကြခြင်းဖြစ်၏။ ယခုအချိန်အခါ၌ အဖြူအမည်းမကွဲသေး၍ ဇာတ်ရည်မလည်ကြသေးသော်လည်း နောင်တစ်ချိန်တွင် ဖုံးမရ ဖိမနိုင်လောက်အောင် ‘ဘူး’ပေါ်သလိုပေါ်သည့်အခါ၌မူ ပြည်သူများသည် NLDများကို မစင်ကိုရွံသကဲ့သို့ ရွံမုန်းစက်ဆုပ်သွားကြတော့ပေမည်။ ထိုအခါ မြန်မာ့နိုင်ငံရေး၌ NLDတစ်ဇာတ်သိမ်းရတော့မည်ဖြစ်၏။ ထိုသို့သောအခြေအနေမျိုးသို့ ရောက်ရှိရတော့မည်ကိုသိလျက် ...
ဆောင်းပါး
တရားမဲ့ကမ္ဘာ (၁) “ လူသတ်ဘုရင်နဲ့ ဘုရားရှင် ´´
တရားမဲ့ကမ္ဘာ (၁) “ လူသတ်ဘုရင်နဲ့ ဘုရားရှင် ´´ ~~~~~~~~~~~~~~~~~~ အဇာတသတ်ကို လူတိုင်းနီးပါးသိကြပါတယ်။ လူဆိုးဘုရင်ကြီးပေါ့။ အခုခေတ်အလို မင်းဆိုးမင်းညစ်ကြီးလို့ ခေါ်ရင်လည်း ခေါ်နိုင်ပါတယ်။ အာဏာရဖို့အတွက် ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ လူစားမျိုးထဲက တစ်ယောက်ပါ။ အာဏာရဖို့အတွက် ဆရာဒေဝဒတ်နဲ့ပေါင်းခဲ့တာ။ ဖခင်ကိုလုပ်ကြံပြီး နန်းချဖို့အားထုတ်တာ။ နန်းရပြန်တော့လည်း ဖခင်ကိုထောင်သွင်းအကျဉ်းချတာ၊ အစာအာဟာရဖြတ်တောက်တာ၊ စင်္ကြံမလျှောက်နိုင်အောင် ခြေဖဝါးကိုဓားနဲ့ခွဲပြီး ရှားမီးကင်တာတွေနဲ့ ဖခင်ဖြစ်သူ အရိယာသောတာပန်ကြီးကို သွေးအေးအေးနဲ့ ရက်ရက်စက်စက် ညှဉ်းဆဲသတ်ဖြတ်ခဲ့တာတွေဟာ အဇာတသတ်မင်းရဲ့ ရာဇဝင်တွင်တဲ့သမိုင်းဆိုးကြီးပေါ့။ ဒါဟာ လူအများသိထားတဲ့ ဆိုးသွမ်းမှုသာဖြစ်ပါတယ်။ လူအများမသိကြသေးတဲ့ ဆိုးသွမ်းမှုကတော့ ...
ဆောင်းပါး
“အရူးကွက်နင်း၍ မထူးဇာတ်ခင်းနေသော NLD” (၁)
“အရူးကွက်နင်း၍ မထူးဇာတ်ခင်းနေသော NLD” (၁) သင်္ဃန်းဖြူဆရာတော် (30.9.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ် (၄၁) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။) =========================== နစကအစိုးရ အာဏာထိန်းထားသည်မှာ ငါးလပင်ကြာမြင့်ခဲ့လေပြီ။ အာဏာထိန်းကာစ၌ ကြေညာခဲ့သော ရွေးကောက်ပွဲကာလ တစ်နှစ်အတွင်းဆိုသည်ကလည်း နှစ်နှစ်အတွင်း ဖြစ်ခဲ့ရပေပြီ။ ယခုကဲ့သို့ပင် တောင်းခြင်းတိုက်ခြင်း၊ ခြောက်ခြင်းမှောက်ခြင်း၊ သတ်ခြင်းဖျက်ခြင်းများ ဆက်လုပ်နေပါမူ နှစ်နှစ်ကာလသည်ပင် လုံလောက်တော့မည် မဟုတ်ပေ။ ထိုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းကာ အလုံးစုံအာဏာသိမ်းခြင်းအဆင့်သို့ ရောက်ရှိသွားပေတော့မည်။ အစိုးရတစ်ရပ်အဖြစ် အုပ်ချုပ်ခွင့်ရရှိစဉ်က ဥပဒေကို မထီမဲ့မြင်ပြုမှုများကြောင့် ...