သတင္း

“ေနျပည္ေတာ္မွ သူငယ္ခ်င္း”

“ေနျပည္ေတာ္မွ သူငယ္ခ်င္း”
===============

21.10.2021 ရက္ေန႔၊ ေနျပည္ေတာ္ မစုိးရိမ္ုတိုက္သစ္သို႔ ေရာက္ရွိခဲ့ပါတယ္။
ေနျပည္ေတာ္မစိုးရိမ္တုိက္သစ္ဆရာေတာ္က စာေရးသူရဲ႕ သူငယ္ခ်င္းပါ။
စာေရးသူတုိ႔ သက်သီဟစာသင္သားဘဝ စာခ်ဘုန္းႀကီးဘဝေတြမွာ စာအတူၾကည့္၊ အနက္အတူလွည့္၊ ဝါက်အတူလုပ္၊ ညဝါအတူဆို၊ လမ္းအတူေလွ်ာက္ရင္း တစ္လွည့္စီ စာအလြတ္ျပန္ခဲ့ၾကတဲ့ ငယ္ေပါင္းအရင္းခ်ာေတြေပါ့။

ေနျပည္ေတာ္ေရာက္ခိုက္ သူ႔ေက်ာင္းတုိက္သုိ႔ဝင္ၿပီး ႏႈတ္ဆက္ရင္း စာခ်ဆရာေတာ္မ်ား၊ စာသင္သားမ်ားႏွင့္ ထိေတြ႔ခြင့္ ရရွိခဲ့ပါတယ္။ သူငယ္ခ်င္းျဖစ္သူက စာေရးသူကို သံဃာေတြႏွင့္မိတ္ဆက္ေပးၿပီး စာေရးသူက သံဃာေတြကို ၾသဝါဒေပးခဲ့ပါတယ္။

စာခ်ဆရာေတာ္ေလးေတြ စာကိုပိုင္ႏုိင္စြာ ခ်တတ္ေစဖုိ႔ နည္းနာေကာင္းမ်ား ေျပာၾကားခဲ့သလို စာသင္သားေတြကိုလည္း မိမိေၾကာင့္ သံဃာေတာ္ေတြကို အၾကည္ညဳိမပ်က္ေစဖို႔ႏွင့္ သာသနာေတာ္ မထိခုိက္ မနစ္နာေစဖို႔ ထုိင္းႏိုင္ငံကို သာဓကျပဳ ေဟာၾကားခဲ့ပါတယ္။
သံဃာေတြကိုပဲ ပစ္မွတ္ထားၿပီး တုိက္ခုိက္ေနၾကတဲ့ လူတစ္စု ရွိေနေၾကာင္း သိေစခ်င္တာပါပဲ။

——————– 
“နေပြည်တော်မှ သူငယ်ချင်း”
===============

21.10.2021 ရက်နေ့၊ နေပြည်တော် မစိုးရိမ်ုတိုက်သစ်သို့ ရောက်ရှိခဲ့ပါတယ်။
နေပြည်တော်မစိုးရိမ်တိုက်သစ်ဆရာတော်က စာရေးသူရဲ့ သူငယ်ချင်းပါ။
စာရေးသူတို့ သကျသီဟစာသင်သားဘဝ စာချဘုန်းကြီးဘဝတွေမှာ စာအတူကြည့်၊ အနက်အတူလှည့်၊ ဝါကျအတူလုပ်၊ ညဝါအတူဆို၊ လမ်းအတူလျှောက်ရင်း တစ်လှည့်စီ စာအလွတ်ပြန်ခဲ့ကြတဲ့ ငယ်ပေါင်းအရင်းချာတွေပေါ့။

နေပြည်တော်ရောက်ခိုက် သူ့ကျောင်းတိုက်သို့ဝင်ပြီး နှုတ်ဆက်ရင်း စာချဆရာတော်များ၊ စာသင်သားများနှင့် ထိတွေ့ခွင့် ရရှိခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူက စာရေးသူကို သံဃာတွေနှင့်မိတ်ဆက်ပေးပြီး စာရေးသူက သံဃာတွေကို သြဝါဒပေးခဲ့ပါတယ်။

စာချဆရာတော်လေးတွေ စာကိုပိုင်နိုင်စွာ ချတတ်စေဖို့ နည်းနာကောင်းများ ပြောကြားခဲ့သလို စာသင်သားတွေကိုလည်း မိမိကြောင့် သံဃာတော်တွေကို အကြည်ညိုမပျက်စေဖို့နှင့် သာသနာတော် မထိခိုက် မနစ်နာစေဖို့ ထိုင်းနိုင်ငံကို သာဓကပြု ဟောကြားခဲ့ပါတယ်။
သံဃာတွေကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်နေကြတဲ့ လူတစ်စု ရှိနေကြောင်း သိစေချင်တာပါပဲ။