သတင်း

“လက်သုံးချောင်းတော့ လက်သုံးချောင်းပဲ”

“လက်သုံးချောင်းတော့ လက်သုံးချောင်းပဲ”

========================

20.10.2021 နေပြည်တော် လယ်ဝေး၊ အောင်းကုန်းကျေးရွာမှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုပါ။

ပဝါရဏာပွဲ၊ သိက္ခာထပ်ပွဲ၊ ပရိဝါသ်အောင်ပွဲ သုံးခုကို တစ်ရက်တည်းကျင်းပခဲ့တဲ့ပွဲပါ။

ကျေးဇူးရှင် ရှင်မတောင်ဆရာတော်ကြီးနှင့် ဇေယျာရွှေမြေဆရာတော်ကြီးအပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ညီတော်နောင်တော် သံဃာတော်များ၊ မျိုးချစ်ပြည်သူများ၊ ရွာသူရွာသားများ တက်ရောက်ခဲ့ကြပါတယ်။

စုပေါင်းရဟန်းခံပွဲ (စုပေါင်းသိက္ခာထပ်ပွဲ) ဆိုတဲ့အတိုင်း ရဟန်းတော်တို့၏ သိက္ခာနှင့်ထပ်တူ အလေးအမြတ်ပြုအပ်သော နှစ်ထပ်သင်္ကန်းကြီးအတွက် အလှူရှင်တစ်ဦးလျှင် တစ်ထောင်ကျပ်နှုန်းဖြင့် စုပေါင်းပါဝင်ကုသိုလ်ယူခဲ့ကြတာပါ။

တစ်ထောင်ကျပ်လှူရုံနဲ့ ရဟန်းဒါယကာ ရဟန်းဒါယိကာမ ခံယူခွင့်ရတဲ့ ပွဲလေးပေါ့။

သိမ်ဆင်းလောင်း နှစ်ခါတောင် ကုသိုလ်ပြုကြပါတယ်။

ဖိတ်စာမရောက် ကြော်ငြာမတင် မီဒီယာသုံးပြီး ဖိတ်ကြားခြင်းမျိုး မရှိခဲ့ပေမယ့် စုံလင်စွာတက်ရောက်ခဲ့ကြတဲ့ မျိုးချစ်အားလုံးကို ပုဂ္ဂိုလ်ရေးမခွဲခြားဘဲ တန်းတူကျေးဇူးတင်မိသလို ထေရ်ကြီးဝါကြီးများ၊ ကရင်ပြည်နယ်မှ ညီနောင်များနှင့် ဒိုးပတ်ဝိုင်း(ဖြူးအဖွဲ့)ကိုတော့ အထူးကျေးဇူးတင်ထိုက်တာပါနော်။

အားလုံးအပြီးမှာ တရားဦး ဟောခဲ့ပါတယ်။

ပြည်သူ့အကျိုးကို ရှေးရှုပြီး မဟောသဓာနှင့် ကေဝဋ်ပုဏ္ဏားလို ပြည်သူကို မထိခိုက်တဲ့ နိုင်ငံရေးနည်းနှင့် စကားစစ်ထိုးပြီး အဖြေရှာကြဖို့ နှစ်ဖက်အသိုင်းအဝိုင်းကို တိုက်တွန်းခဲ့တဲ့ တရားပွဲလေးပါ။

တကယ်ဆို အိုးဘိုထောင်၊ မြစ်ဆုံထောင်၊ အင်းစိန်ထောင် ထောင်သုံးထောင် စုံခဲ့သူမို့ စာရေးသူလည်း လက်သုံးချောင်းဂိုဏ်းဝင်ပါပဲနော်။

အားပေးကြပါဦးလား ….. ။