သတင်း

“စာဝါ စတင်ပို့ချခြင်း”

“စာဝါ စတင်ပို့ချခြင်း”
===========

စာရေးသူ မစိုးရိမ်တိုက်သစ် ပြန်ရောက်တာ 22.10.2021 ရက်နေ့ကပါ။
29.10.2021 ရက်နေ့မှာတော့ စာဝါစတင်ပို့ချနေပါပြီ။
ကျန်းမာရေးစည်းကမ်းနှင့်အညီ စာလိုက်သံဃာများကို နေရာချပေးထားပါတယ်။
သကျသီဟ စာသင်တန်း ဋီကာကျော် စာဝါပါ။
ပဋ္ဌာန်းရယ်၊ သဂြိုဟ်ရယ်၊ အဋ္ဌသာလိနီရယ် ဒီစာဝါတွေကို ပို့ချခွင့်ရတာ ကံကောင်းတယ်လို့ ပြောရပါမယ်။
ဘာကြောင့်ဆို အဘိဓမ္မာကို စိတ်ဝင်စားပြီး အဘိဓမ္မာအမြင်တွေ အမြဲရှင်သန်နေလို့ပါပဲ။
အဘိဓမ္မာ ဝါသနာပါတယ်လို့ဆိုရင် ရနိုင်တယ်ပေါ့ဗျာ။
သဂြိုဟ် ပစ္စည်းပိုင်းမှ စတင်ပို့ချပါတယ်။
သာဓုခေါ်ဆိုနိုင်ဖို့ပါ … ။
——————————————- 
“သီလပွဲလေးပါ”
==========

သီတင်းကျွတ်လပြည့်ကျော် ၈ ရက် ဥပုသ်နေ့ (28.10.2021)
သဟာယကျောင်းမှာပဲ သီလပေးပါတယ်။
ထူးဆန်းတဲ့ သီလပွဲလေးပေါ့။
တစ်ခါမျှ အခုလို သဟာယကျောင်းမှာ ဥပုသ်သီလ မပေးဖူးပါ။
အောင်မြေသာဇံမြို့နယ်၊ ညောင်ကွဲရပ်ကွက်နေ ဦးသိန်းဆောင်အမှူးပြုသော မိသားစုသီလပွဲလေး ဖြစ်ပါတယ်။
ပထမတစ်ကြိမ် လာရောက်ဖူးမြော်ပြီး ဒုတိယအကြိမ်မှာ မိသားစုလိုက် သီလလာယူတာ ဖြစ်ပါတယ်။
နမော တဿ တရားထိုင်နည်း လက်တွေ့ပြသလိုက်ပါတယ်။
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း၏ အကျိုးကျေးဇူးများကို လက်ဝါးထင်ထင် တွေ့မြင်နိုင်စေဖို့ပါပဲ။