သတင်း

“သီလပွဲလေးပါ”

“သီလပွဲလေးပါ”
==========

——————————- 
“သီလပွဲလေးပါ”
==========

သီတင်းကျွတ်လပြည့်ကျော် ၈ ရက် ဥပုသ်နေ့ (28.10.2021)
သဟာယကျောင်းမှာပဲ သီလပေးပါတယ်။
ထူးဆန်းတဲ့ သီလပွဲလေးပေါ့။
တစ်ခါမျှ အခုလို သဟာယကျောင်းမှာ ဥပုသ်သီလ မပေးဖူးပါ။
အောင်မြေသာဇံမြို့နယ်၊ ညောင်ကွဲရပ်ကွက်နေ ဦးသိန်းဆောင်အမှူးပြုသော မိသားစုသီလပွဲလေး ဖြစ်ပါတယ်။
ပထမတစ်ကြိမ် လာရောက်ဖူးမြော်ပြီး ဒုတိယအကြိမ်မှာ မိသားစုလိုက် သီလလာယူတာ ဖြစ်ပါတယ်။
နမော တဿ တရားထိုင်နည်း လက်တွေ့ပြသလိုက်ပါတယ်။
ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း၏ အကျိုးကျေးဇူးများကို လက်ဝါးထင်ထင် တွေ့မြင်နိုင်စေဖို့ပါပဲ။