သတင္း

“ဘုန္းကံေတြ စတက္လာပါၿပီ”

“ဘုန္းကံေတြ စတက္လာပါၿပီ”
==============

သီတင္းကၽြတ္လျပည့္ေက်ာ္ ၁ ရက္၊ (21.10.2021)ရက္ေန႔ ညေန ေနျပည္ေတာ္ မစုိးရိမ္တုိက္သစ္မွအျပန္ လယ္ေဝးၿမဳိ႕နယ္၊ ေအာင္းကုန္းေက်းရြာျပန္အေရာက္ ရြာသူရြာသားမ်ားက ဝိုင္းဝန္းကန္ေတာ့ၾကတာႏွင့္ ႀကဳံရပါတယ္။

ေရွးေဟာင္းေက်ာင္းေတာ္ႀကီး ေက်ာင္းထုိင္ဆရာေတာ္ ညီေတာ္ေမာင္ အရွင္ပညာ၏ ေဆြေတာ္မ်ဳိးေတာ္မ်ား ဝါကၽြတ္ကန္ေတာ့ပန္းအေနျဖင့္ ဝိုင္းဝန္းကန္ေတာ့ၾကတာပါ။

အသက္ ၂၀ႏွစ္အရြယ္ အပ်ဳိႀကီး မႀကီးပုလည္း ပါဝင္ကန္ေတာ့ပါတယ္။ စာေရးသူ သဟာယမွာေနစဥ္ ဝါကၽြတ္ကန္ေတာ့ၾကတဲ့သူဆိုလုိ႔ ေဝယ်ာဝစၥအဖြဲ႔ေလာက္ပဲ ရွိပါတယ္။ လူေတြထင္ေနၾကတာက ကမၻာေက်ာ္ဆရာေတာ္ဆိုၿပီး လာေရာက္ဖူးေျမာ္သူ လွဴဒါန္းသူ မ်ားျပားလိမ့္မယ္ ဆိုတာပါပဲ။
တကယ္ေတာ့ စာေရးသူမွာ ပရိသတ္သာ ေပါမ်ားတာ ဒါယကာ ဒါယိကာမ လွဴဒါန္းေထာက္ပံ့သူ အမာခံဆိုလုိ႔ မရွိသေလာက္ပါပဲ။ ေက်ာင္းသို႔လာေရာက္လွဴဒါန္းသူေတြထဲမွာ ေငြ ဆယ္သိန္းက်ပ္လွဴသူဆိုလို႔ တစ္ႏွစ္မွာ တစ္ဦးေလာက္ပဲ ရွိပါတယ္။ လုိင္းေပၚမွာသာ ခ်မ္းသာၿပီး ေျမျပင္မွာ မခ်မ္းသာသူေပါ့ဗ်ာ။
မဟုတ္မဟတ္ စြပ္စြဲသူေတြေၾကာင့္သာ အင္မတိအင္မတန္ ေငြျပည့္လွ်ံေနေအာင္ ခ်မ္းသာတယ္လို႔ အထင္ႀကီးခံရတာျဖစ္ေပမယ့္ လက္ေတြ႔မွာေတာ့ ဓမၼကထိကမြဲတာေလးပါဗ်ာ။

အခုေတာ့ ပရိတ္ပ႒ာန္းအစြမ္းေၾကာင့္ ကံတက္လာၿပီလုိ႔ ဆုိရမွာေပါ့ေနာ္။ ေအာင္းကုန္းသူ ေအာင္းကုန္းသားေတြ ဝိုင္းဝန္းကန္ေတာ့တာနဲ႔ ႀကဳံရလုိ႔ပါ။

ညီေတာ္ေမာင္ အရွင္ပညာႏွင့္အတူ ေအာင္းကုန္းသူေအာင္းကုန္းသား ပ႒ာန္းဆက္ရွိသူအားလံုး က်န္းမာခ်မ္းသာ ေဘးရန္ကြာ၍ လုိရာဆႏၵျပည့္ဝၾကပါေစ … ။
ကမၻာႀကီးလည္း အမွန္ျမင္၍ အျမင္မွန္ႏုိင္ၾကပါေစ … ။

အရွင္ဝီရသူ
31.10.2021 
———————————————————— 
“ဘုန်းကံတွေ စတက်လာပါပြီ”
==============

သီတင်းကျွတ်လပြည့်ကျော် ၁ ရက်၊ (21.10.2021)ရက်နေ့ ညနေ နေပြည်တော် မစိုးရိမ်တိုက်သစ်မှအပြန် လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာပြန်အရောက် ရွာသူရွာသားများက ဝိုင်းဝန်းကန်တော့ကြတာနှင့် ကြုံရပါတယ်။

ရှေးဟောင်းကျောင်းတော်ကြီး ကျောင်းထိုင်ဆရာတော် ညီတော်မောင် အရှင်ပညာ၏ ဆွေတော်မျိုးတော်များ ဝါကျွတ်ကန်တော့ပန်းအနေဖြင့် ဝိုင်းဝန်းကန်တော့ကြတာပါ။

အသက် ၂၀နှစ်အရွယ် အပျိုကြီး မကြီးပုလည်း ပါဝင်ကန်တော့ပါတယ်။ စာရေးသူ သဟာယမှာနေစဉ် ဝါကျွတ်ကန်တော့ကြတဲ့သူဆိုလို့ ဝေယျာဝစ္စအဖွဲ့လောက်ပဲ ရှိပါတယ်။ လူတွေထင်နေကြတာက ကမ္ဘာကျော်ဆရာတော်ဆိုပြီး လာရောက်ဖူးမြော်သူ လှူဒါန်းသူ များပြားလိမ့်မယ် ဆိုတာပါပဲ။
တကယ်တော့ စာရေးသူမှာ ပရိသတ်သာ ပေါများတာ ဒါယကာ ဒါယိကာမ လှူဒါန်းထောက်ပံ့သူ အမာခံဆိုလို့ မရှိသလောက်ပါပဲ။ ကျောင်းသို့လာရောက်လှူဒါန်းသူတွေထဲမှာ ငွေ ဆယ်သိန်းကျပ်လှူသူဆိုလို့ တစ်နှစ်မှာ တစ်ဦးလောက်ပဲ ရှိပါတယ်။ လိုင်းပေါ်မှာသာ ချမ်းသာပြီး မြေပြင်မှာ မချမ်းသာသူပေါ့ဗျာ။
မဟုတ်မဟတ် စွပ်စွဲသူတွေကြောင့်သာ အင်မတိအင်မတန် ငွေပြည့်လျှံနေအောင် ချမ်းသာတယ်လို့ အထင်ကြီးခံရတာဖြစ်ပေမယ့် လက်တွေ့မှာတော့ ဓမ္မကထိကမွဲတာလေးပါဗျာ။

အခုတော့ ပရိတ်ပဋ္ဌာန်းအစွမ်းကြောင့် ကံတက်လာပြီလို့ ဆိုရမှာပေါ့နော်။ အောင်းကုန်းသူ အောင်းကုန်းသားတွေ ဝိုင်းဝန်းကန်တော့တာနဲ့ ကြုံရလို့ပါ။

ညီတော်မောင် အရှင်ပညာနှင့်အတူ အောင်းကုန်းသူအောင်းကုန်းသား ပဋ္ဌာန်းဆက်ရှိသူအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ … ။
ကမ္ဘာကြီးလည်း အမှန်မြင်၍ အမြင်မှန်နိုင်ကြပါစေ … ။

အရှင်ဝီရသူ
31.10.2021