သတင်း

လေထန်ကုန်းအလှ

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေနဲ့ပတ်သက်ပြီး လူသိများတာကတော့ သတင်းဆိုးတွေပါ။ ဒီသတင်းဆိုးတွေကြောင့် မောင်တောမြို့ကြီး ကြမ်းတမ်းသယောင် ဖြစ်နေတာပါ။ တကယ်တော့ မောင်တောမြို့ကြီးဟာ အင်မတန်လှပပါတယ်။

မေယုတောင်တန်းတွေ၊ ပင်လယ်ကြီးတွေ၊ နယ်စပ်ဂိတ်တွေ၊ နယ်စပ်ခြံစည်းရိုးတွေ စတာတွေနှင့် အင်မတန်ရှုမောဖွယ် သာယာလှတဲ့ ရခိုင့်နှလုံးသားပါ။ မောင်တောကအပြန် ရသေ့တောင်မြို့နယ်၊ ဆင်ပိုက်ရွာကိုမရောက်ခင် နေမဝင်မီ ပင်လယ်ရှုခင်းကို အပြေးအလွှား ခံစားကြည့်မိပါတယ်။ အရင်ခရီးစဉ်တွေမှာတော့ ကားပေါ်ကပဲ ရှုစားရတာပါ။

အနီအကြောင်တို့ရဲ့အမျိုးတွေ ကြီးစိုးထားတော့ အခုလို အေးအေးဆေးဆေး အရသာခံခွင့် မရခဲ့ဘူးလေ။ အခုတော့ အနီအကြောင်တို့ရဲ့အမျိုးတွေ မရှိတုန်း ပင်လယ်ကြီးကို ရှုမငြီးနိုင်ခဲ့ပါ။ နေကျသွားလို့ ပုံတွေ မလှပပေမယ့် ရှုခင်းကတော့ တကယ်လှတယ်ဗျာ။

ဆားငံရေထဲလမ်းလျှောက်ရင်း ဆားငွေ့လေကိုရှူရင်း ကြမ်းတမ်းလှတဲ့ ရခိုင်ခရီးစဉ်ကြောင့် ဘဝအမောတွေ ပြေခဲ့ရပါတယ်။
မောင်တောမှာ ဒီအလှတွေရှိတယ်နော်။ ဒီအလှတွေ မောင်တောမှာရှိတယ်ဆိုတာ သိစေချင်လို့ အမှတ်တရလေး ပြန်တင်ပေးလိုက်တာပါ။