သတင္း

ဝိတ္တန္းမတူရင္ ေအာက္လမ္းမသံုးပါနဲ႔

7.7.2018 ရက္ေန႔၊ မနက္ ၉း၃၀ နာရီ၊ အ႒သာလိနီစာဝါ ပုိ႔ခ်ေနပုံေတြကို Vice Japan သတင္းဌာနက လာေရာက္မွတ္တမ္းတင္ပါတယ္။

စာေရးသူအေၾကာင္း၊ မန္း မဘသအေၾကာင္း၊ မဘသ(ဗဟို)အေၾကာင္း Documentary (မွတ္တမ္းတင္ရုပ္သံ)အတြက္ လာေရာက္ရုိက္ကူးတာပါ။

ျမဝတီမင္းႀကီးဆရာေတာ္ အရွင္အရိယဝံသထံလည္း သြားေရာက္ေမးေလွ်ာက္ေသးတယ္လုိ႔ သိရပါတယ္။

၎ဆရာေတာ္က သူ႔ထံုစံအတိုင္း ကင္မရာေရွ႕ေရာက္ရင္ သတင္းသမား ႏိုင္ငံေရးသမားေတြနဲ႔ေတြ႔ရင္ သမားဂုဏ္ျပေတာ့တာပါပဲ။

သူ႔ကိုယ္သူ ဟီးရိုးႀကီးေပါ့ဗ်ာ။ သူဟီးရုိးလုပ္တာက အေရးမႀကီးဘူး အေရးႀကီးတာက မဘသမေကာင္းေၾကာင္း၊ ဝီရသူမေကာင္းေၾကာင္း ပယ္ပယ္နယ္နယ္ ပစ္ပစ္ခါခါ ပက္ပက္စက္စက္ ပုိးစိုးပက္စက္ နင့္နင့္သီးသီး အေဖာင္းထုေတာ့တာပါပဲ။

ဒီသတင္းကို စာေရးသူျပန္ၾကားေတာ့ ၎သတင္းဌာကို ေျပာလုိက္ပါတယ္။ ၎ဆရာေတာ္ႏွင့္ စာေရးသူ ဒီဘိတ္လုပ္မယ္ ၎သတင္းဌာနမွ ထုတ္လႊင့္မယ္ စာေရးသူက အဆင္သင့္ပဲ၊ ဆရာေတာ့္သေဘာက ဘယ္လိုရွိလဲလို႔ ေမးခိုင္းလိုက္ပါတယ္။

၎ဆရာေတာ္က ဝိတ္တန္းမတူလို႔ မလုပ္ရဲပါဘူးဗ်ာလို႔ ျပန္ေျပာေၾကာင္း ဂ်ပန္သတင္းဌာနက ျပန္ေလွ်ာက္လာပါတယ္။

ျမဝတီမင္းႀကီးဆရာေတာ္ေျပာတာက ၎ကို ဥေရာပတုိ႔ အေမရိကတုိ႔က ပင့္ၾကဖိတ္ၾကတယ္၊ ဝီရသူကို ပင့္မယ့္ဖိတ္မယ့္သူမရွိဘူး၊ ဒါေၾကာင့္ ၎က ဝိတ္တန္းျမင့္တယ္၊ ဝီရသူက ဝိတ္တန္းနိမ့္တယ္၊ ဝိတ္တန္းနိမ့္သူစိန္ေခၚတာမုိ႔ လက္မခံႏိုင္ဘူးလို႔ ဆိုလုိၿပီး သူကရဇာတ္ေတာ္လာ ျခေသၤ့မင္းက ၎ကိုစိန္ေခၚသူ မစင္လူးဝက္ကို အရႈံးေပးသလို ၎ကလည္း ဝီရသူကို မယွဥ္လိုဘူးလို႔ ဆိုလုိ္တာပါ။

ျမဝတီမင္းႀကီးဆရာေတာ္ကိုေျပာလိုတာက ကိုယ့္ထက္ ဝိတ္တန္းနိမ့္တဲ့သူမုိ႔ မယွဥ္ဘူးဆိုရင္ သတင္းသမားေတြနဲ႔ေတြ႔တဲ့အခါ ႏိုင္ငံေရးသမားေတြေရွ႕ေရာက္တဲ့အခါ စင္ျမင့္ေပၚမွာမုိက္ကိုင္ရတဲ့အခါ ဝီရသူအေၾကာင္းကို နည္းနည္းေလးမွ ထည့္မေျပာမိဖုိ႔ သတိေပးခ်င္တာပါ။ ဝီရသူကလည္း ကိုယ့္ထက္ ဝိတ္တန္းနိမ့္တယ္လို႔ ယူဆထားတဲ့သူေတြဆိုရင္ နည္းနည္းေလးမွ အေရးမစုိက္ပါဘူး။ စကားအျဖစ္ကို မေျပာတာ စိ္တ္ကူးထဲေတာင္ မထည့္တာပါ။

တစ္ခ်ဳိ႕က သံဃာေတြကို ထုိင္ဆဲေနလို႔ ဘုန္းကံႀကီးေနၾကတာ၊ ေထရ္ႀကီးဝါႀကီး ဆရာေတာ္ႀကီးေတြကို ထုိင္ျပစ္မွားေနလုိ႔ လာဘ္ရႊင္ေနၾကတာ၊ မဘသကိုေစာ္ကားေနလို႔ ႏိုင္ငံတကာအပင့္ဖိတ္ခံေနရတာ၊ မဘသႏွင့္ ဆန္႔က်င္ဘက္လုပ္ေနလုိ႔ ဆုတံဆိပ္ေတြ ဆုေငြေတြ ရရွိေနၾကတာ။ တကယ္တန္းက်ေတာ့ ပရိယတၱိဘက္မွာလည္း သဒၵါသၿဂဳိဟ္ေတာင္ ဘယ္ဆီေနမွန္းမသိတဲ့သူ၊ ေမတၱာသုတ္အဖြင့္ေတာင္ လူပုဂၢဳိလ္အခ်ဳိ႕ေလာက္ မဖြင့္ဆုိတတ္တဲ့သူ၊ အသက္အရြယ္ၾကည့္ျပန္ေတာ့လည္း ကေလးသာသာ၊ ေဆာင္ရြက္ခ်က္ၾကည့္ေတာ့လည္း ဘာတစ္ခုမွမရွိ၊ ဘာမွမတတ္လုိ႔ ေဝဖန္ေလကန္ ႏိုင္ငံေရးလုပ္ေနတဲ့ အေမေခၚတတ္တာကလြဲလို႔ သံဃာေတြကို ဆဲတတ္တာကလြဲလို႔ ႏုိင္ငံေရးမွာ နကန္းလိုျဖစ္ေနတဲ့ အခ်ဳိ႕ေသာအရုိင္းအစုိင္း အၾကမ္းပတမ္းေလးေတြကို ေတြ႔ရပါတယ္။

စာေရးသူက သူတို႔ေတြအေပၚ နည္းနည္းေလးမွ ဂရုမစုိက္ဘူးဗ်။ အဲဒီလိုပဲ ျမဝတီမင္းႀကီးက စာေရးသူအေပၚ သူ႔ေလာက္ ဝိတ္တန္းမျမင့္ဘူးထင္ရင္ စာေရးသူႏွင့္ပတ္သက္ၿပီး တစ္ခြန္းတစ္ပါဒေလးေတာင္ မဟမိပါေစနဲ႔လုိ႔ သတိေပးခ်င္တာပါ။

ျမဝတီမင္းႀကီးႏွင့္ စာေရးသူ ဒီဘိတ္လုပ္ျဖစ္တဲ့အခါ ျမဝတီမင္းႀကီးက ပုဂၢဳိလ္ေရးရာအားနည္းခ်က္ေတြ ဖြင့္ခ်လိမ့္မယ္လို႔ တစ္ဖက္သတ္တြက္ခ်က္ၿပီး ဒီဘိတ္မလုပ္ရဲတာလည္း ျဖစ္ႏိုင္ပါတယ္။

စာေရးသူက ျမဝတီမင္းႀကီးႏွင့္ ဒီဘိ္တ္လုပ္တဲ့အခါ ပုဂၢဳိလ္ေရးေတြ ထည့္ေဆြးေႏြးေနမွာမဟုတ္ပါဘူး။ မူဝါဒခ်င္းသာ ရင္ဆုိင္ယွဥ္ၿပဳိင္မွာျဖစ္ပါတယ္။ သူ႔ကိုယ္သူ အုိးမလံုအံုပြင့္ၿပီး မယွဥ္ၿပဳိင္ရဲတာေတာ့ မတတ္ႏိုင္ဘူးေပါ့ဗ်ာ။

ႏိုင္ငံေရးဘုန္းႀကီးေတြက သမဂၢစိတ္မရွိၾကေပမယ့္ စာေရးသူကေတာ့ သမဂၢစိ္တ္အျပည့္အဝရွိတယ္ဗ်။

ဒါေၾကာင့္ ႏိုင္ငံေရးဘုန္းႀကီးတစ္ပါး ပထမမႈႏွင့္ျဖစ္ေစ အျခားဒုစရိုက္အမႈတစ္ခုခုႏွင့္ျဖစ္ေစ ၿငိစြန္းလို႔ အတုိင္အတန္းခံရရင္ေတာင္မွ တတ္ႏိုင္သေလာက္ အႀကံဉာဏ္ေပးတာေတြ၊ ကူညီေစာင့္ေရွာက္တာေတြ လုပ္ပါတယ္္ဗ်ာ။

အခုတေလာ လုိင္းေပၚမွာ မာတုဂါမကိစၥနဲ႔ နာမည္ႀကီးေနတဲ့ Ph.D ဆရာေတာ္ေလးတစ္ပါးဆုိရင္ စာေရးသူကိုလည္း ေစာ္ကား၊ သီတဂူဆရာေတာ္ႀကီးကိုလည္း ျပစ္မွား၊ မဘသတုိ႔ အမ်ဳိးသားေရးသမားတုိ႔ဆိုရင္ ရစရာမရွိေအာင္ ပယ္ပယ္နယ္နယ္ ေရးသားခဲ့တဲ့သူပါ။ သူအခက္အခဲေတြ႔လာေတာ့ စာေရးသူထံ အႀကံဉာဏ္ေတာင္းပါတယ္။ စာေရးသူလည္း သမဂၢစိတ္အျပည့္နဲ႔ အကူအညီ အႀကံဉာဏ္ အျပည့္အဝေပးပါတယ္။

ျမဝတီဘုန္းႀကီးအပါအဝင္ ႏိုင္ငံေရးဘုန္းႀကီးအားလံုး သိေစဖုိ႔ပါ။

ျမဝတီဘုန္းႀကီးက ဒီဘိတ္မလုပ္လို႔ ငါတို႔နဲ႔လုပ္မယ္ဆုိရင္လည္း ဝီရသူက အခ်ိန္မေရြး ေနရာမေရြးပါပဲ။

ႀကဳိက္တဲ့ကြင္းကို ခ်ိန္းလိုက္ပါ။

ဝိတ္တန္းေတာ့ တူပါေစ။

သူငယ္နပ္စားေလးေတြဆုိရင္ေတာ့ တာ့တာပဲ။

ဝီရသူ (မစိုးရိမ္)

14.7.2018

“ဝိတ်တန်းမတူရင် အောက်လမ်းမသုံးပါနဲ့”

7.7.2018 ရက်နေ့၊ မနက် ၉း၃၀ နာရီ၊ အဋ္ဌသာလိနီစာဝါ ပို့ချနေပုံတွေကို Vice Japan သတင်းဌာနက လာရောက်မှတ်တမ်းတင်ပါတယ်။ စာရေးသူအကြောင်း၊ မန်း မဘသအကြောင်း၊ မဘသ(ဗဟို)အကြောင်း Documentary (မှတ်တမ်းတင်ရုပ်သံ)အတွက် လာရောက်ရိုက်ကူးတာပါ။

မြဝတီမင်းကြီးဆရာတော် အရှင်အရိယဝံသထံလည်း သွားရောက်မေးလျှောက်သေးတယ်လို့ သိရပါတယ်။ ၎င်းဆရာတော်က သူ့ထုံစံအတိုင်း ကင်မရာရှေ့ရောက်ရင် သတင်းသမား နိုင်ငံရေးသမားတွေနဲ့တွေ့ရင် သမားဂုဏ်ပြတော့တာပါပဲ။
သူ့ကိုယ်သူ ဟီးရိုးကြီးပေါ့ဗျာ။ သူဟီးရိုးလုပ်တာက အရေးမကြီးဘူး အရေးကြီးတာက မဘသမကောင်းကြောင်း၊ ဝီရသူမကောင်းကြောင်း ပယ်ပယ်နယ်နယ် ပစ်ပစ်ခါခါ ပက်ပက်စက်စက် ပိုးစိုးပက်စက် နင့်နင့်သီးသီး အဖောင်းထုတော့တာပါပဲ။

ဒီသတင်းကို စာရေးသူပြန်ကြားတော့ ၎င်းသတင်းဌာကို ပြောလိုက်ပါတယ်။ ၎င်းဆရာတော်နှင့် စာရေးသူ ဒီဘိတ်လုပ်မယ် ၎င်းသတင်းဌာနမှ ထုတ်လွှင့်မယ် စာရေးသူက အဆင်သင့်ပဲ၊ ဆရာတော့်သဘောက ဘယ်လိုရှိလဲလို့ မေးခိုင်းလိုက်ပါတယ်။
၎င်းဆရာတော်က ဝိတ်တန်းမတူလို့ မလုပ်ရဲပါဘူးဗျာလို့ ပြန်ပြောကြောင်း ဂျပန်သတင်းဌာနက ပြန်လျှောက်လာပါတယ်။
မြဝတီမင်းကြီးဆရာတော်ပြောတာက ၎င်းကို ဥရောပတို့ အမေရိကတို့က ပင့်ကြဖိတ်ကြတယ်၊ ဝီရသူကို ပင့်မယ့်ဖိတ်မယ့်သူမရှိဘူး၊ ဒါကြောင့် ၎င်းက ဝိတ်တန်းမြင့်တယ်၊ ဝီရသူက ဝိတ်တန်းနိမ့်တယ်၊ ဝိတ်တန်းနိမ့်သူစိန်ခေါ်တာမို့ လက်မခံနိုင်ဘူးလို့ ဆိုလိုပြီး သူကရဇာတ်တော်လာ ခြင်္သေ့မင်းက ၎င်းကိုစိန်ခေါ်သူ မစင်လူးဝက်ကို အရှုံးပေးသလို ၎င်းကလည်း ဝီရသူကို မယှဉ်လိုဘူးလို့ ဆိုလို်တာပါ။

မြဝတီမင်းကြီးဆရာတော်ကိုပြောလိုတာက ကိုယ့်ထက် ဝိတ်တန်းနိမ့်တဲ့သူမို့ မယှဉ်ဘူးဆိုရင် သတင်းသမားတွေနဲ့တွေ့တဲ့အခါ နိုင်ငံရေးသမားတွေရှေ့ရောက်တဲ့အခါ စင်မြင့်ပေါ်မှာမိုက်ကိုင်ရတဲ့အခါ ဝီရသူအကြောင်းကို နည်းနည်းလေးမှ ထည့်မပြောမိဖို့ သတိပေးချင်တာပါ။ ဝီရသူကလည်း ကိုယ့်ထက် ဝိတ်တန်းနိမ့်တယ်လို့ ယူဆထားတဲ့သူတွေဆိုရင် နည်းနည်းလေးမှ အရေးမစိုက်ပါဘူး။ စကားအဖြစ်ကို မပြောတာ စိ်တ်ကူးထဲတောင် မထည့်တာပါ။

တစ်ချို့က သံဃာတွေကို ထိုင်ဆဲနေလို့ ဘုန်းကံကြီးနေကြတာ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေကို ထိုင်ပြစ်မှားနေလို့ လာဘ်ရွှင်နေကြတာ၊ မဘသကိုစော်ကားနေလို့ နိုင်ငံတကာအပင့်ဖိတ်ခံနေရတာ၊ မဘသနှင့် ဆန့်ကျင်ဘက်လုပ်နေလို့ ဆုတံဆိပ်တွေ ဆုငွေတွေ ရရှိနေကြတာ။ တကယ်တန်းကျတော့ ပရိယတ္တိဘက်မှာလည်း သဒ္ဒါသဂြိုဟ်တောင် ဘယ်ဆီနေမှန်းမသိတဲ့သူ၊ မေတ္တာသုတ်အဖွင့်တောင် လူပုဂ္ဂိုလ်အချို့လောက် မဖွင့်ဆိုတတ်တဲ့သူ၊ အသက်အရွယ်ကြည့်ပြန်တော့လည်း ကလေးသာသာ၊ ဆောင်ရွက်ချက်ကြည့်တော့လည်း ဘာတစ်ခုမှမရှိ၊ ဘာမှမတတ်လို့ ဝေဖန်လေကန် နိုင်ငံရေးလုပ်နေတဲ့ အမေခေါ်တတ်တာကလွဲလို့ သံဃာတွေကို ဆဲတတ်တာကလွဲလို့ နိုင်ငံရေးမှာ နကန်းလိုဖြစ်နေတဲ့ အချို့သောအရိုင်းအစိုင်း အကြမ်းပတမ်းလေးတွေကို တွေ့ရပါတယ်။
စာရေးသူက သူတို့တွေအပေါ် နည်းနည်းလေးမှ ဂရုမစိုက်ဘူးဗျ။ အဲဒီလိုပဲ မြဝတီမင်းကြီးက စာရေးသူအပေါ် သူ့လောက် ဝိတ်တန်းမမြင့်ဘူးထင်ရင် စာရေးသူနှင့်ပတ်သက်ပြီး တစ်ခွန်းတစ်ပါဒလေးတောင် မဟမိပါစေနဲ့လို့ သတိပေးချင်တာပါ။

မြဝတီမင်းကြီးနှင့် စာရေးသူ ဒီဘိတ်လုပ်ဖြစ်တဲ့အခါ မြဝတီမင်းကြီးက ပုဂ္ဂိုလ်ရေးရာအားနည်းချက်တွေ ဖွင့်ချလိမ့်မယ်လို့ တစ်ဖက်သတ်တွက်ချက်ပြီး ဒီဘိတ်မလုပ်ရဲတာလည်း ဖြစ်နိုင်ပါတယ်။

စာရေးသူက မြဝတီမင်းကြီးနှင့် ဒီဘိ်တ်လုပ်တဲ့အခါ ပုဂ္ဂိုလ်ရေးတွေ ထည့်ဆွေးနွေးနေမှာမဟုတ်ပါဘူး။ မူဝါဒချင်းသာ ရင်ဆိုင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ သူ့ကိုယ်သူ အိုးမလုံအုံပွင့်ပြီး မယှဉ်ပြိုင်ရဲတာတော့ မတတ်နိုင်ဘူးပေါ့ဗျာ။

နိုင်ငံရေးဘုန်းကြီးတွေက သမဂ္ဂစိတ်မရှိကြပေမယ့် စာရေးသူကတော့ သမဂ္ဂစိ်တ်အပြည့်အဝရှိတယ်ဗျ။ ဒါကြောင့် နိုင်ငံရေးဘုန်းကြီးတစ်ပါး ပထမမှုနှင့်ဖြစ်စေ အခြားဒုစရိုက်အမှုတစ်ခုခုနှင့်ဖြစ်စေ ငြိစွန်းလို့ အတိုင်အတန်းခံရရင်တောင်မှ တတ်နိုင်သလောက် အကြံဉာဏ်ပေးတာတွေ၊ ကူညီစောင့်ရှောက်တာတွေ လုပ်ပါတယ််ဗျာ။

အခုတလော လိုင်းပေါ်မှာ မာတုဂါမကိစ္စနဲ့ နာမည်ကြီးနေတဲ့ Ph.D ဆရာတော်လေးတစ်ပါးဆိုရင် စာရေးသူကိုလည်း စော်ကား၊ သီတဂူဆရာတော်ကြီးကိုလည်း ပြစ်မှား၊ မဘသတို့ အမျိုးသားရေးသမားတို့ဆိုရင် ရစရာမရှိအောင် ပယ်ပယ်နယ်နယ် ရေးသားခဲ့တဲ့သူပါ။ သူအခက်အခဲတွေ့လာတော့ စာရေးသူထံ အကြံဉာဏ်တောင်းပါတယ်။ စာရေးသူလည်း သမဂ္ဂစိတ်အပြည့်နဲ့ အကူအညီ အကြံဉာဏ် အပြည့်အဝပေးပါတယ်။ မြဝတီဘုန်းကြီးအပါအဝင် နိုင်ငံရေးဘုန်းကြီးအားလုံး သိစေဖို့ပါ။

မြဝတီဘုန်းကြီးက ဒီဘိတ်မလုပ်လို့ ငါတို့နဲ့လုပ်မယ်ဆိုရင်လည်း ဝီရသူက အချိန်မရွေး နေရာမရွေးပါပဲ။
ကြိုက်တဲ့ကွင်းကို ချိန်းလိုက်ပါ။
ဝိတ်တန်းတော့ တူပါစေ။
သူငယ်နပ်စားလေးတွေဆိုရင်တော့ တာ့တာပဲ။

ဝီရသူ (မစိုးရိမ်)
14.7.2018