Daily Archives: July 14, 2018

သတင်း

ဝိတ်တန်းမတူရင် အောက်လမ်းမသုံးပါနဲ့

7.7.2018 ရက်နေ့၊ မနက် ၉း၃၀ နာရီ၊ အဋ္ဌသာလိနီစာဝါ ပို့ချနေပုံတွေကို Vice Japan သတင်းဌာနက လာရောက်မှတ်တမ်းတင်ပါတယ်။ စာရေးသူအကြောင်း၊ မန်း မဘသအကြောင်း၊ မဘသ(ဗဟို)အကြောင်း Documentary (မှတ်တမ်းတင်ရုပ်သံ)အတွက် လာရောက်ရိုက်ကူးတာပါ။ မြဝတီမင်းကြီးဆရာတော် အရှင်အရိယဝံသထံလည်း သွားရောက်မေးလျှောက်သေးတယ်လို့ သိရပါတယ်။ ၎င်းဆရာတော်က သူ့ထုံစံအတိုင်း ကင်မရာရှေ့ရောက်ရင် သတင်းသမား နိုင်ငံရေးသမားတွေနဲ့တွေ့ရင် သမားဂုဏ်ပြတော့တာပါပဲ။ သူ့ကိုယ်သူ ဟီးရိုးကြီးပေါ့ဗျာ။ သူဟီးရိုးလုပ်တာက အရေးမကြီးဘူး အရေးကြီးတာက မဘသမကောင်းကြောင်း၊ ဝီရသူမကောင်းကြောင်း ပယ်ပယ်နယ်နယ် ပစ်ပစ်ခါခါ ပက်ပက်စက်စက် ပိုးစိုးပက်စက် နင့်နင့်သီးသီး ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၂၉

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရန်ကုန်မြို့နေ ဦးသန့်ဇင်မိသားစုမှ အလှူငွေ ၂၀၀၀၀၀ိ (နှစ်သိန်းကျပ်) လှူဒါန်းပါသည်။ (10.7.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ...
သတင်း

၂၀၁၈ ဧကဝီသတိမဓမ္မသဘင်/ ဆိပ်ဖြူ-ရှောက်ပင်အင်း

ပထမဝါဆိုလဆုတ် ၁၁ ရက်၊ 8.7.2018 တနင်္ဂနွေနေ့၊ ည ၉း၀၀ နာရီ၊ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်းကျေးရွာ ပါရမီဖောင်ဒေးရှင်း ဦးဆောင်ဆရာတော် အရှင်ပညာဓဇ (U.S.A) ပါရမီဘုန်းတော်ကြီးကျောင်းဆရာတော် အရှင်သောဘိတနှင့် ရွာသူရွာသားများ၏ 2017-2018 ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများ ပညာရည်ချွန်ဆုပေးပွဲနှင့် ဓမ္မစကူးလ်သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အထူးဓမ္မသဘင်။ တရားနာပရိသတ်များက ကျောင်းဝင်းအတွင်း ကွင်းပြည့်ကွင်းလျှံပါပဲ။ ဆိပ်ဖြူတရားပွဲ အခုမှဟောဖူးတာပါ။ အမေရိကန်ပြည်ထောင်စု L.A ပါရမီဘုန်းတော်ကြီးကျောင်းဆရာတော် အရှင်ပညာဒီပ (U.S.A မဘသ)ရဲ့ ဇာတိရွာပါ။ အလယ်တန်း အထက်တန်း စာသင်ကျောင်းဆောင်တွေ၊ ...
သတင်း

ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်း

ပထမဝါဆိုလဆုတ် ၁၅ ရက်၊ 12.7.2018 ရက်နေ့၊ ညနေပိုင်းမှာ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်းသို့ ရောက်ရှိပါတယ်။ ကိုးတန်း ဆယ်တန်း ကျောင်းသားကျောင်းသူတွေ တက်ရောက်သင်ယူနေကြပါတယ်။ သင်ကြားရေး ဆရာ ဆရာမတွေရော ဂိုက်ဆရာ ဆရာမတွေရော စုံစုံလင်လင် ပညာသင်ကြားပေးနေကြပါတယ်။ ကျောင်းအုပ်ဆရာတော်လေး ဦးဣန္ဒက မမြဲသီတင်းသုံးနေထိုင်ပြီး အထူးဂရုစိုက်နေပါတယ်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်က နေ့စဉ် တစ်ချိန်မဟုတ်တစ်ချိန် အမြဲလာပြီး ကြီးကြပ်နေပါတယ်။ စာရေးသူလည်း မကြာမကြာရောက်ပါတယ်။ ရုံးဝန်ထမ်းတစ်ဦးအမြဲခန့်ထားပြီး ဓာတ်ပုံရိုက်ပို့တာတွေ အမြဲလုပ်နေပါတယ်။ အတန်းခွဲတွေ ဘာသာတွဲတွေ သီးခြားခွဲပြီး သင်ကြားပေးနေတာလည်း ရှိပါတယ်။ ညဂိုက်တန်း သီးသန့်မခေါ်သေးပေမယ့် ...