Monthly Archives: December 2017

သတင်း

ပန်းလေးတစ်ပွင့် မနွမ်းရင့်မီ

28.11.2017 ရက်နေ့က တင်ခဲ့တဲ့ ပို့စ်လေးထဲက မြန်မာ့သမီးပျိုလေးကို အချုပ်ခန်းထဲမှ ထုတ်ယူကာ အမှုအားလုံးရုပ်သိမ်းပေးတဲ့အထိ လိုက်လံကူညီနိုင်ခဲ့ပါပြီ။ ပထမဦးဆုံး မြို့နယ်တရားရုံးမှာ အာမခံလျှောက်ထားခဲ့ရာ နှစ်ဦးနှစ်ဖက် ကျေနပ်တဲ့အတွက် အာမခံရရှိခဲ့လို့ ကလေးမလေးမိသားစု ချမ်းချမ်းသာသာ ပြန်လည် နေထိုင်ခွင့်ရခဲ့ပါတယ်။ ၄င်းနောက် အမှတ်(၈)ရဲစခန်း ချမ်းအေးသာစံမြို့နယ်မှူးမှသည် ခရိုင်ရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့အထိ အဆင့်ဆင့် တင်ပြရသလို ၄င်းတို့ရဲ့ ထောက်ခံချက်အရ မြို့နယ်ဥပဒေရုံး မြို့နယ်တရားရုံးသို့ ဆက်လက်တင်ပြကာ နှစ်ဦးနှစ်ဖက် ကျေနပ်မှု အပြည့်အဝရှိတာကြောင့် အမှုကို ပြန်လည် ရုပ်သိမ်းပေးလိုက်တာပါ။ တရုတ်ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တဲ့မြန်မာမိန်းကလေးတစ်ဦး အချုပ်ခန်းထဲနေရတဲ့အဖြစ်မှ ကနဦးကယ်တင်နိုင်ခဲ့ပြီး ...
သတင်း

ရွှေဆံနွယ်ဆရာတော် ကံထပ်ပွဲ

28.12.2017 ရက်နေ့ စဥ့်ကိုင်မြို့နယ် ပေါ်တော်မူဘုရားအနီး ရတနာဖြိုးဝေစာသင်တိုက်မှာ ကျင်းပပါတယ်။ ကံထပ်အလှူရှင် ရဟန်းဒကာ ဒကာမများကတော့ မြစ်ကြီးနားမြို့ကပါ။ ပူတာအိုမြို့နယ် ဟိုခိုဆရာတော်အမှူးရှိသော ဆရာတော်သံဃာတော်များ တက်ရောက်ကြပါတယ်။ မွေးနေ့ပွဲ လေးရပ်လုပ်ရာတွင် နောက်ဆုံးနေ့အဖြစ် သိက္ခာထပ် အခန်းအနား ကျင်းပခြင်းပါ။ သိမ်ဆင်းလောင်းလှူကြသူတွေလည်း မနည်းပါဘူး။ စာရေးသူနှင့်သိကျွမ်းတဲ့ မြစ်ကြီးနား ဗန်းမော် ဝိုင်းမော် မြို့များမှ တရားနာပရိသတ်များလည်း ပါကြပါတယ်။ နေ့ဆွမ်းစားပြီး ကျောင်းပေါ်တက်ခါ ဘုရားအစုံဖူးရင်း ကုသိုလ်ယူခဲ့ပါတယ်။ ရွှေဆံနွယ်ဆရာတော်ကံထပ်ပွဲ နဝကမ္မအလှူရှင်များ ၁။ ဒေါ်ရှယ်ကီ မိသားစု မြစ်ကြီးနား ၅၀၀၀ကျပ် ၂။ ဦးS ကူးမား+ဒေါ်သန်းသန်းနု မိသားစု ၁၀၀၀၀ကျပ် ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မူဆယ်မြို့ ကိုဝင်းနိုင်ဦးမှ အလှူငွေ ၄၀၀၀၀(လေးသောင်း)ကျပ် လှူဒါန်းစဉ်။ (28.12.2017) အလှူရှင်ကိုဝင်းနိုင်ဦးနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၉၀)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅မိုင် ကိုကြည်ဇော်မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (28.12.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သီခြားအလှူရှင်များ ...
သတင်း

လောကအလင်း ကျောင်းသူကျောင်းသားများအတွက် အလှူတော်

28.12.2017 ရက်နေ့ မနက် ၈း၀၀ နာရီ မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် လောကအလင်း ပညာဒါနကျူရှင်ကျောင်းမှာ လှူဒါန်းပါတယ်။ အစမ်းစာမေးပွဲဖြေဆိုနေတဲ့ ဆယ်တန်းကျောင်းသူကျောင်းသားများအား ဗလာစာအုပ် ၅ အုပ်စီနှင့် ဘော့ပင် ၅ချောင်းစီ လှူဒါန်းတာပါ။ အလှူရှင်တွေကတော့ ကလေးအဆိုတော် သမီးချောလေး နှင်းချယ်ရီ ဦးစီးသော စေတနာရှင် ချယ်ရီပရဟိတအသင်းဖြစ်ပါတယ်။ အလှူလည်းပေးရင်း သီချင်းလည်းဆိုပြရင်းနဲ့ လောကအလင်း ကျောင်းသူကျောင်းသားကို စိတ်ခွန်အားတွေ တိုက်ကျွေးခဲ့တဲ့ သမီးငယ်လေးပါ။ အလှူရှင် နှင်းချယ်ရီမိသားစုနှင့်အတူ ကုသိုလ်ပါဝင်ယူကြကုန်သော ဆရာတော်သံဃာတော်များ ဆရာ ဆရာမများ ကျောင်းသားကျောင်းသူအားလုံး ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ...
သတင်း

ထားဝယ် သင်တန်းသူများ၏ ကုသိုလ်

26.12.2017 ရက်နေ့ ဓမ္မသဟာယကျောင်းသို့ လာရောက်လှူဒါန်းသွားပါတယ်။ ရေနွေးပွဲကပ်လှူရန် ခေါက်မုန့်များနှင့် ဒေသထွက် ငပိငခြောက်များ အကြော်အလှော်များ လာရောက်လှူဒါန်းတာပါ။ လှူဒါန်းသူက သာသနာပြုစွမ်းရည်မြှင့်သင်တန်း တက်ရောက်ဖူးသူ သင်တန်းသူတစ်ဦးဖြစ်ပါတယ်။ အခြားသူများကတော့ စာရေးသူပရိသတ်ဖြစ်ပါတယ်။ ဒေါ်သန်းစိုး၊ ဒေါ်ကြည်ခိုင်နှင့် သင်တန်းသူတို့ရဲ့ ကုသိုလ်ဖြစ်ပါတယ်။ စာရေးသူထံမှာ ကပ္ပိယငါးဦး၊ ဦးဇင်းဆယ်ပါး အလုပ်လုပ်ကြပါတယ်။ ဂျာနယ်အတွက် အလုပ်လုပ်ကြသူများ စာကြည့်တိုက်ဝိုင်းတော်သားများ၊ နဂါးနီဝိုင်းတော်သားများ၊ အွန်လိုင်းဝိုင်းတော်သားများ၊ ဥပဒေပိုင်းဆိုင်ရာ ဝိုင်းတော်သားများ တာဝန်ကိုယ်စီဆောင်ရွက်နေကြတာပါ။ ဒါပေမဲ့ ဆွမ်းချိုင့်ကတော့ ရက်အပြည့်မရှိပါဘူး။ ဆွမ်းချိုင့်မရှိတဲ့နေ့ဆိုရင် ကပ္ပိယတွေ ချက်ပြုတ်ကပ်လှူကြရပါတယ်။ ဆွမ်းချိုင့်ရှိလည်း မလောက်ငတဲ့နေ့ဆိုရင် ဝယ်စရာရှိတာဝယ်၊ ချက်စရာရှိတာချက်ပြုတ် ကပ်ကြရတာပါ။ ဝီရသူက လိုင်းပေါ်မှာသာ ...
သတင်း

သာသနာ့စွမ်းရည်မြှင့်သင်တန်း

နိဒါန်း သာသနာတော်၏ လိုအပ်ချက်အရဗုဒ္ဓဘာသာတည်တံ့တိုးပွားရေးလုပ်ငန်းများမဖြစ်မနေလုပ်ရန် ခေတ်ကတောင်းဆိုလာပါသည်။ ထိုအခြေအနေတွင် သာသနာအတွက်တစ်ထောင့် တစ်နေရာမှာ အားဖြစ်လာစေရန် သာသနာ့စွမ်းရည်မြှင့်သင်တန်းကို ဖွင့်လစ်ပို့ချရန် ဆောင်ရွက်လာရခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက် ဗုဒ္ဓဘာသာ သာသနာတည်တံ့တိုးပွားရေး၊ ကာကွယ်ရေးလုပ်ငန်းနှင့် ဘာသာကြီးလေးခုအကြောင်းတို့ကို သိရှိပြီးဘာသာ သာသနာကို လက်တွေ့ကာကွယ်စောင့်ရှောက်စေရန်။ လုပ်နည်း။ ။ အောက်ပါအတိုင်း အပိုင်းနှစ်ပိုင်းနဲ့ ဆောင်ရွက်သွားပါမည်– ၁။ သင်ကြားပို့ချခြင်း။ ၂။ လေ့လာခြင်း။ ၃။ ဆွေးနွေးခြင်း။ အကြမ်းဖျဉ်းစီမံချက် ၁။ သင်တန်းနေရာ။ ခင်နှင်းပညာဒါနဖောင်ဒေးရှင်း၊ တောင်စလင်းတိုက်သစ် လေးထပ်ဆောင် ၃၂/၃၃ လမ်းကြား၊ ၆၁/၆၂လမ်းကြား။ ၂။ ...
သတင်း

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ ပေးပို့သော အမျိုးသားရေး သဝဏ်လွှာ

“မကွေးတိုင်း ပခုက္ကူမြို့၌ ကျင်းပသော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲသို့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ ပေးပို့သော အမျိုးသားရေး သဝဏ်လွှာ” =================================================== မကွေးတိုင်း၊ ပခုက္ကူမြို့၌ကျင်းပသော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြကုန်သော မျိုးချစ်ဇာနည် ရဟန်းရှင်လူပြည်သူအပေါင်းတို့ ယနေ့အချိန်အခါ၌ မြန်မာနိုင်ငံသည် အကြမ်းဖက်သမားဘင်္ဂလီများနှင့် နိုင်ငံတကာကပေးသော ဒုက္ခများကို ခါးစီးခံနေရသော အချိန်အခါဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့၌ သြဂုတ်လက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြီးတွင် အသက်သေဆုံးခဲ့ရသော နိုင်ငံ့ဝန်ထမ်းကောင်းများနှင့် ...
သတင်း

ကတုံးပေါ် ထိပ်ကွက်သူ

စာရေးသူ ငရဲပြည်မှ ပြန်ရောက်စ ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ကဖြစ်သည်။ စာရေးသူသည် စစ်ကိုင်းတိုင်း-မြို့တစ်မြို့သို့ တရားဟောရန် ကြွရောက်ခဲ့၏။ အေးအေးဆေးဆေး နားနားနေနေဖြစ်အောင် မွန်းလွဲပိုင်းကတည်းက ရောက်နှင့်နေခဲ့ပေသည်။ စာရေးသူရောက်မဆိုက်ပင် တရားပွဲစီစဉ်သူတစ်ဦးက ဓမ္မပူဇာငွေတွေ ပြန်လှူခဲ့စေလိုကြောင်း ရေလာမြောင်းပေးဖြင့် စကားခေါ်၍နေလေ၏။ ဇွန်လ -၁ရက်နေ့က ဟောခဲ့သော ဓမ္မကထိကဆရာတော်လည်း လှူခဲ့သည်ဆို၏။ လှူခဲ့သော ဆရာတော်မှာ တရားပွဲကျင်းပရာ မြို့နယ်ဇာတိဖြစ်လေသည်။ ၄င်းဇာတိမှာ ၄င်းတရားဟောရသည့် ငွေများကို ပြန်လှူသွားခြင်းဖြစ်၏။ စာရေးသူက ချက်ချင်းအဖြေမပေးသည့်အခါ ခေါင်းဆောင်ဆိုသူကို သတင်းပို့ဟန်ရှိ၏။ ခေါင်းဆောင်ဆိုသူ စာရေးသူထံရောက်လာ၏။ လွယ်အိတ်ကလေးလွယ်ထား၏။ လွယ်အိတ်ကလေးက ...
သတင်း

လောကအလင်း ကျောင်းသားကျောင်းသူများ လာရောက်ဖူးမြော်

ဒီနေ့ ပြာသိုလဆန်း(၁၁)ရက် 28.12.2017 ညနေ ၅း၃၀နာရီမှာ ဓမ္မသဟာယကျောင်းသို့ လာရောက်ဖူးမြော်ကြပါတယ်။ အင်္ဂလိပ်စာနှင့် မြန်မာစာ ဆရာတော်နှစ်ပါး ဦးဆောင်ပြီး သြဝါဒခံယူကြတာပါ။ ဒီနေ့ အစမ်းစာမေးပွဲ နောက်ဆုံးနေ့ဖြေပြီးချိန်ဖြစ်လို့ မနက်ဖြန်ဆို ဘုရားဖူးထွက်ကြမှာပါ။ ဘုရားဖူးမသွားခင် လာရောက် ဖူးမြော်ကြခြင်းဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူများ ဆရာ ဆရာမများအားလုံး ဦးရေ ၆၀ ဘုရားဖူးထွက်ကြပါမယ်။ ဘုရားဖူးထွက်တဲ့အခါ ကုသိုလ်ရအောင်ယူဖို့ သြဝါဒပေးပါတယ်။ စာမေးပွဲ ရက် ၆၀ပဲလိုတော့တာမို့ ကျန်းမာရေးနဲ့ပတ်သက်တာလေးတွေ သြဝါဒပေးပါတယ်။ ဓမ္မစေတိယကျောင်းတော်ကြီး အပေါ်ဆုံးထပ်မှ လောကနာထစေတီတော်ကြီးကို သွားရောက်ဖူးမြော်ပြီးမှ ပြန်ကြပါတယ်။ လောကအလင်း တည်ထောင်ခဲ့တာ ၆နှစ်ရှိပါပြီ။ ကျောင်းသူကျောင်းသားများ မစိုးရိမ်ထိလာပြီးကန်တော့တာ ဒီတစ်ကြိမ်ပါပဲ။ သူတို့လေးတွေပညာရေးအတွက် ...
သတင်း

ရှေးဟောင်းစေတီပုထိုးများနှင့် သီတဂူကြယ်တစ်ပွင့် ဇာတိရွာ

25.12.2017 ပြာသိုလဆန်း(၈)ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အင်းဘဲကြီးကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ အင်းဘဲကြီးကျေးရွာ ရွှေညောင်တော်ကျောင်းတိုက်မှာ ခဏနားပြီး ကျောင်းထိုင်ဆရာတော်နှင့် တွေ့ဆုံကာ ရွှေဟောင်းစေတီပုထိုးများကို ဖူးမြော်ပူဇော်ပါတယ်။ နေ့ဆွမ်းစားနေစဉ် သီတဂူကြယ်တစ်ပွင့်ဆရာတော် အရှင်ပညာနန္ဒ ရောက်ရှိလာပါတယ်။ ဓမ္မကထိက ညီနောင်များ စကားလက်ဆုံကျပြီးသကာလ နေ့ဆွမ်းစားအပြီးမှာ သီတဂူကြယ်တစ်ပွင့်၏ ဇာတိရွာ ဖိုးဝင်းတပ်ရွာသို့ ရောက်ရှိပါတယ်။ ဖိုးဝင်းတပ်ရွာမှာ သီတဂူကြယ်တစ်ပွင့်ဆရာတော် ဆောင်ရွက်လျက်ရှိသော သာသနာပြု ပရဟိတ လုပ်ငန်းများကို လေ့လာခွင့်ရခဲ့ပါတယ်။ အင်းဘဲကြီးကျေးရွာနှင့် ကပ်လျက်ရှိပြီး အင်းဘဲကြီးကျေးရွာမှာလည်း ရှေးဟောင်းစေတီပုထိုး တစ်ရာနီးပါး ရှိတယ်လို့ဆိုပါတယ်။ ဘုရားဒကာ ဦးနိုင်နိုင်အောင်+ဒေါ်ဖြူဖြူအောင် မိသားစုက စေတီ ၂ဆူ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (လောကအလင်း ပညာရေးအလှူတော်)

ဆရာတော် ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန ကျူရှင်ကျောင်းအတွက် ရန်ကုန်မြို့ စေတနာရှင်ချယ်ရီပရဟိတအသင်းမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (27.12.2017) အလှူရှင် စေတနာရှင်ချယ်ရီပရဟိတအသင်းနှင့်အတူ ဆင်းရဲသူ/သားတို့၏ ပညာရေးကို လိုလားကြကုန်ုသော အနုမောဒနာပြုကြသူ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ…။ လောကအလင်း ပညာဒါန ကျူရှင်ကျောင်းသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃ လမ်းနှင့် ယုဇနလမ်းသွယ်ရှိ မဟာဣန္ဒကာရာမကျောင်းတိုက်အတွင်းမှာ တည်ရှိပါတယ်။ ဆရာတော် ဦးဝီရသူ ၂၀၁၂-ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ဆယ်တန်းကျောင်းသူ/သား ...
သတင်း

ဦးဝင်းတင်စကားနဲ့ ပြောရရင်တော့ ဒီအစိုးရကို ငါမယုံဘူး ဒါပဲ(အပိုင်း-၂-နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- တစ်လောကပဲ မုံရွာက ဆရာတော်ဦးပညာစက္ကာဘိဝံက အရှင်ဘုရားအကြောင်း ရေးထားတဲ့အထဲမှာပါတဲ့ အစိုးရပထမပြန် စာမေးပွဲတွေမှာ ငယ်ရွယ်ပြီးဆိုးသွမ်းတဲ့ ကိုရင်ဦးဇင်းတွေကို စောင့်ကြည့်ကြပ်မတ်ဖို့အတွက် အရှင်ဘုရားဦးစီးလို့ ဝိသောဓနီအဖွဲ့ဖွဲ့ပြီးလှည့်လည် စောင့်ကြည့်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ ခုကော လုပ်သေးလားဘုရား၊ ဘာရည်ရွယ်ချက်ကြောင့် လုပ်ခဲ့တာလဲဘုရား။ ဖြေ- နံပါတ်တစ်အချက်က အဲဒီခေတ်(၂၀၀၀ခုနှစ်ဝန်းကျင်)က တော်တော်ဆိုးတယ်။ ဆယ်တန်းကျောင်းသားတွေ ပုံစံမျိုးကြီးချိုးပြီးတော့ တော်တော်စည်းကမ်းပျက်ကြတာပေါ့နော်။ ဆယ်တန်းကျောင်းသားတွေက ကားပေါ်က စာရွက်တွေကျဲချတယ်ဆိုရင် သူတို့ကလည်းပဲ အဲဒီလိုစာရွက်လေးတွေအဆင်သင့်လုပ်လာပြီး ကျဲချပေါ့၊ ဆယ်တန်းကျောင်းသားတွေက အုပ်လိုက်ကြီး ဆိုင်ကယ်နဲ့ တောင်အော်မြောက်အော်အော်သလို သူတို့ကလည်း ကားခေါင်မိုးပေါ်က တောင်အော်မြောက်အော်အော်ပေါ့နော်။ ကျောင်းသားတွေက အုပ်လိုက်ကြီး ...
သတင်း

တရိန်းရွာသားတစ်ဦး ထပ်မံ အသတ်ခံရပြန်ပါပြီ

တရိန်းရွာသားတစ်ဦး ထပ်မံ အသတ်ခံရပြန်ပါပြီ။ သြဂုတ် ၂၅ မတိုင်ခင်ကလည်း သုံးဦး အသတ်ခံခဲ့ရဖူးသည်။ —— ======= ——– တရိန်း(မြို)ကျေးရွာသားတစ်ဦး အသတ်ခံရ ဒီဇင်ဘာ ၂၇ ၊ မောင်တော ချလူးအောင် / DMG မောင်တောမြို့နယ်၊ မြိုမိချောင်း(ဘင်္ဂါလီ)ကျေးရွာအနီး လယ်ကွင်းပြင်တွင် ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က ရက်ရက်စက်စက်ဖြတ်ဖြတ်ခံထားရသော တရိန်းကျေးရွာသားတစ်ဦး၏ အလောင်းအားတွေ့ရှိရကြောင်း တရိန်းဒေသခံများက ပြောသည်။ သတ်ဖြတ်ခံရသူမှာ မောင်တောမြို့နယ် ၊ စံကားပင်ရင်းကျေးရွာအုပ်စု ၊ တရိန်း(မြို)ကျေးရွာမှာ ဦးလောင်းပျော် (အသက် ၄၅ ...
သတင်း

ဦးဝင်းတင်စကားနဲ့ ပြောရရင်တော့ ဒီအစိုးရကို ငါမယုံဘူး ဒါပဲ(အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – ယန်ဟီးလီကို ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့သတင်းတွေ အရှင်ဘုရားလည်း သိပြီးဖြစ်မှာပါ။ ပြောစရာရှိတာက အရှင်ဘုရား ယန်ဟီးလီနဲ့ပတ်သက်ပြီး ပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ကြသူတွေက အခု အစိုးရရဲ့ ပြည်ဝင်ခွင့်ပိတ်မှုကိုကျ လိုလိုလားလားကြီး ထောက်ခံကြပြန်ပါတယ်ဘုရား။ ဘာတွေများ ကွာလို့လဲဘုရား။ အရှင်ဘုရားအနေနဲ့ရော ဘယ်လိုသုံးသပ်ပါသလဲဘုရား။ ဖြေ – အဲဒါလည်း သူ့ဘက်ကိုယ့်ဘက်ဆိုတာရှိတာပေါ့နော်။ အမှန်တရားအတွက် ဝေဖန်တာလား၊ ပြည်သူလူထုအကျိုးစီးပွားအတွက်ဝေဖန်တာလား ဒီနှစ်ခုကို ခွဲခြားရမှာပေါ့နော်။ ဦးဇင်းတုန်းကလည်း အမှန်တရားအတွက်ဝေဖန်တာမဟုတ်ဘဲနဲ့ ပုဂ္ဂိုလ်ရေးအမြင်ကပ်မှု တစ်ခုတည်းနဲ့ ဇောင်းပေးဝေဖန်ကြတာ။ ဒီအမှုနဲ့ပဲ ထောင်ထဲရောက်အောင် လုပ်ကြတာပေါ့နော်။ ဝေဖန်တာထက် ပိုသွားပြီးတော့ ထောင်မကျကျအောင် မီဒီယာနဲ့ ဖိအားပေးတဲ့သဘောတွေ အပြည့်အ၀ပါတာပေါ့။ ...
သတင်း

မြန်မာ့ဥပဒေ ယနေ့အခြေအနေ

“ဥပဒေအထက်မှာ NLD အစိုးရရှိတယ်ဆိုတာ အားလုံးသိစေချင်တယ်။ အပြစ်ရှိလို့ထောင်ချတယ်ဆိုရင် အထောက်အထားပြပါ” (ဦးအရိယဝံသ-ပေါက်ကိုယ်တော်) “တစ်နှစ်နဲ့ခြောက်လဆိုပေမယ့် အပြုံးမပျက်ပါဘူး” (မင်းနန္ဒ-ဧရာမြေ) “အမျိုးသားရေးကို ဘယ်လောက်ဖိနှိပ်နေပါစေ ထောင်ကလွတ်လာရင် အမျိုးဘာသာ သာသနာအတွက် ဆက်လက်ကြိုးစားသွားမယ်” “အမျိုးသားရေးမှန်သမျှ အောင်မြင်မှုနဲ့ အဆုံးသတ်ရမယ်” (တောင်သာလေးဆရာတော် အရှင်အဂ္ဂဓဇ) “အမျိုးသားရေး အောင်ရမည် အမျိုးသားရေး အောင်ရမည် အမျိုးသားရေးအောင်ရမည်”
သတင်း

ရှေ့နေ အောင်ရဲစိုးအမြင်

မန်းလေးသပိတ် သံဃာတော်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး ရှေ့နေအောင်ရဲစိုး တင်ပြထားတဲ့ အမြင်လေးပါ။ အရင်အစိုးရနဲ့ အခုအစိုးရကို နှိုင်းယှဉ်ပြထားပါတယ်။ ဒီထက်ပိုဝမ်းနည်းစရာကောင်းတဲ့အချက်ကိုလည်း ထည့်ပြောသွားပါတယ်။ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ကျူးကျော်ခဲ့တဲ့ ဘင်္ဂလီတွေကိုတော့ Warmly Welcome လုပ်နိုင်ပြီးတော့ သာသနာ့နယ်မြေအတွင်းမှာပဲ ထိုင်သပိတ်ဆင်နွှဲပြီး လိုလားချက်ကိုတောင်းဆိုခဲ့တဲ့ သံဃာတော်တွေကိုတော့ ညှိနှိုင်းပြောဆိုခြင်းလုံးဝမရှိဘဲ ချက်ချင်းထောင်ချပစ်လိုက်တဲ့အပေါ် ဝမ်းနည်းမိကြောင်းပါ ဖွင့်ဟခဲ့တာပါ။ NLD အစိုးရကြီး ဘေးကင်းရန်ကွာ သက်တမ်းရှည်ပါစေဗျာ။ ဝီရသူ(မစိုးရိမ်) 27.12.2017 PM 9:43
သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၁၃)

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။ ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။ လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် ...
သတင်း

မဘသမဟုတ်သော မဘသ

စာရေးသူ အိုးဘိုတောရမှာ သီတင်းသုံးနေစဉ်ကဖြစ်သည်။ သတင်းစာ ဂျာနယ် မဂ္ဂဇင်းများ၌ ရွှေဆံနွယ်ဆရာတော်အကြောင်း ဖတ်ရလေ့ရှိ၏။ ထိုအခါ စာရေးသူနှင့်အတူ စိန်ပန်းမဟာစည် ရိပ်သာမှာ တရားအားထုတ်ခဲ့ဖူးသော ဆရာတော်ဦးဝါယာမိန္ဒဖြစ်လိမ့်မည်ဟု မှတ်ယူထားမိ၏။ ၂၀၁၂ ခုနှစ် မြစ်ဆုံတောရမှ ပြန်ကြွလာသည့်အခါ ရွှေဆံနွယ်ဆရာတော်၏ ရတနာဖြိုးဝေကျောင်းတိုက်၌ နိုင်ငံကျော်ဓမ္မကထိကများ အခမ်းအနားရှိသည် စာရေးသူကိုလည်း ပင့်ဖိတ်သည်ဟုဆိုသောကြောင့် ရွှေဆံနွယ်ကျောင်းတိုက်သို့ ရောက်ရှိခဲ့ပေသည်။ နိုင်ငံကျော်ဓမ္မကထိကများ စုံလင်ပါသည်။ အထူးသဖြင့် ပရိယတ္တိသာသနာ့တက္ကသိုလ်ကျောင်းဆင်း ဓမ္မကထိကများ စုံလင်ပါသည်။ ထိုပွဲရောက်မှ ရွှေဆံနွယ် ဆရာတော်ကို မြင်ဖူးခြင်းဖြစ်ပါသည်။ စာရေးသူထံ စာဝါလိုက်ဖူးသည်ဟု ဆိုလာမှ ...
သတင်း

လောကအလင်း သားသားမီးမီးလေးများ စာမေးပွဲဖြေဆိုနေကြပြီ

23.12.2017 ရက်နေ့မှာ စတင်ဖြေဆိုတာပါ။ မနက်ပိုင်း Repeater တန်း နေ့လည်ပိုင်း Fresher တန်း ကျောင်းသူကျောင်းသားများ ဖြေဆိုကြပါတယ်။ 28ရက်နေ့ နောက်ဆုံးဖြေဆိုရမှာပါ။ Repeater တန်း ၆၀ Fresher တန်း ၄၂ဦး အားလုံးပေါင်း ၁၀၂ဦးဖြေဆိုကြပါတယ်။ အလှည့်ကျဆရာတော်များနှင့် ဆရာ ဆရာမများ အထူးစောင့်ကြပ်ကြပါတယ်။ စာမေးပွဲပြီးရင် အောင်တဲ့သူတွေကို ပုဂံညောင်ဦးဘုရားဖူး လိုက်ပို့ဖို့ စီစဉ်ထားပါတယ်။ လောကအလင်း ဆရာတော်များနှင့် ဆရာ ဆရာမများကတော့ ကလေးတွေပညာရေးအတွက် တက်ကြွလျက်ပါပဲ။