သတင်း

ရွှေဆံနွယ်ဆရာတော် ကံထပ်ပွဲ

28.12.2017 ရက်နေ့ စဥ့်ကိုင်မြို့နယ် ပေါ်တော်မူဘုရားအနီး ရတနာဖြိုးဝေစာသင်တိုက်မှာ ကျင်းပပါတယ်။ ကံထပ်အလှူရှင် ရဟန်းဒကာ ဒကာမများကတော့ မြစ်ကြီးနားမြို့ကပါ။ ပူတာအိုမြို့နယ် ဟိုခိုဆရာတော်အမှူးရှိသော ဆရာတော်သံဃာတော်များ တက်ရောက်ကြပါတယ်။

မွေးနေ့ပွဲ လေးရပ်လုပ်ရာတွင် နောက်ဆုံးနေ့အဖြစ် သိက္ခာထပ် အခန်းအနား ကျင်းပခြင်းပါ။ သိမ်ဆင်းလောင်းလှူကြသူတွေလည်း မနည်းပါဘူး။ စာရေးသူနှင့်သိကျွမ်းတဲ့ မြစ်ကြီးနား ဗန်းမော် ဝိုင်းမော် မြို့များမှ တရားနာပရိသတ်များလည်း ပါကြပါတယ်။ နေ့ဆွမ်းစားပြီး ကျောင်းပေါ်တက်ခါ ဘုရားအစုံဖူးရင်း ကုသိုလ်ယူခဲ့ပါတယ်။

ရွှေဆံနွယ်ဆရာတော်ကံထပ်ပွဲ နဝကမ္မအလှူရှင်များ

၁။ ဒေါ်ရှယ်ကီ မိသားစု မြစ်ကြီးနား ၅၀၀၀ကျပ်
၂။ ဦးS ကူးမား+ဒေါ်သန်းသန်းနု မိသားစု ၁၀၀၀၀ကျပ်
၃။ မြစ်ကြီးနားမိသားစု ၁၀၀၀၀ကျပ်
၎။ ကိုဟိန်းစေ+မစု မြစ်ကြီးနား ၂၀၀၀၀ကျပ်
၅။ ဦးရဲထက်အောင်+မခင်နှင်းယု မြစ်ကြီးနားမြို့ ၅၀၀၀၀ကျပ်
၆။ ဦးစိုးနိုင်+ဒေါ်လှလှတင်မိသားစု ၅၀၀၀၀ကျပ်
၇။ ဦးသိန်းဝင်း+ဒေါ်စိုးစိုးဝင်းမိသားစု ၁၀၀၀၀၀ကျပ်။
၈။ သိမ်ဆင်းလောင်း စုပေါင်းအလှူ ၅၀၆၀၀ကျပ်။
ရွှေဆံနွယ်ဆရာတော်လို ဘုန်းကံကြီးမားပြီး သိက္ခာထပ်အလှူရှင်များလည်း ချမ်းသာကြွယ်ဝကြပါစေ….။