Daily Archives: December 31, 2017

သတင်း

ပန်းလေးတစ်ပွင့် မနွမ်းရင့်မီ

28.11.2017 ရက်နေ့က တင်ခဲ့တဲ့ ပို့စ်လေးထဲက မြန်မာ့သမီးပျိုလေးကို အချုပ်ခန်းထဲမှ ထုတ်ယူကာ အမှုအားလုံးရုပ်သိမ်းပေးတဲ့အထိ လိုက်လံကူညီနိုင်ခဲ့ပါပြီ။ ပထမဦးဆုံး မြို့နယ်တရားရုံးမှာ အာမခံလျှောက်ထားခဲ့ရာ နှစ်ဦးနှစ်ဖက် ကျေနပ်တဲ့အတွက် အာမခံရရှိခဲ့လို့ ကလေးမလေးမိသားစု ချမ်းချမ်းသာသာ ပြန်လည် နေထိုင်ခွင့်ရခဲ့ပါတယ်။ ၄င်းနောက် အမှတ်(၈)ရဲစခန်း ချမ်းအေးသာစံမြို့နယ်မှူးမှသည် ခရိုင်ရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့အထိ အဆင့်ဆင့် တင်ပြရသလို ၄င်းတို့ရဲ့ ထောက်ခံချက်အရ မြို့နယ်ဥပဒေရုံး မြို့နယ်တရားရုံးသို့ ဆက်လက်တင်ပြကာ နှစ်ဦးနှစ်ဖက် ကျေနပ်မှု အပြည့်အဝရှိတာကြောင့် အမှုကို ပြန်လည် ရုပ်သိမ်းပေးလိုက်တာပါ။ တရုတ်ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တဲ့မြန်မာမိန်းကလေးတစ်ဦး အချုပ်ခန်းထဲနေရတဲ့အဖြစ်မှ ကနဦးကယ်တင်နိုင်ခဲ့ပြီး ...
သတင်း

ရွှေဆံနွယ်ဆရာတော် ကံထပ်ပွဲ

28.12.2017 ရက်နေ့ စဥ့်ကိုင်မြို့နယ် ပေါ်တော်မူဘုရားအနီး ရတနာဖြိုးဝေစာသင်တိုက်မှာ ကျင်းပပါတယ်။ ကံထပ်အလှူရှင် ရဟန်းဒကာ ဒကာမများကတော့ မြစ်ကြီးနားမြို့ကပါ။ ပူတာအိုမြို့နယ် ဟိုခိုဆရာတော်အမှူးရှိသော ဆရာတော်သံဃာတော်များ တက်ရောက်ကြပါတယ်။ မွေးနေ့ပွဲ လေးရပ်လုပ်ရာတွင် နောက်ဆုံးနေ့အဖြစ် သိက္ခာထပ် အခန်းအနား ကျင်းပခြင်းပါ။ သိမ်ဆင်းလောင်းလှူကြသူတွေလည်း မနည်းပါဘူး။ စာရေးသူနှင့်သိကျွမ်းတဲ့ မြစ်ကြီးနား ဗန်းမော် ဝိုင်းမော် မြို့များမှ တရားနာပရိသတ်များလည်း ပါကြပါတယ်။ နေ့ဆွမ်းစားပြီး ကျောင်းပေါ်တက်ခါ ဘုရားအစုံဖူးရင်း ကုသိုလ်ယူခဲ့ပါတယ်။ ရွှေဆံနွယ်ဆရာတော်ကံထပ်ပွဲ နဝကမ္မအလှူရှင်များ ၁။ ဒေါ်ရှယ်ကီ မိသားစု မြစ်ကြီးနား ၅၀၀၀ကျပ် ၂။ ဦးS ကူးမား+ဒေါ်သန်းသန်းနု မိသားစု ၁၀၀၀၀ကျပ် ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မူဆယ်မြို့ ကိုဝင်းနိုင်ဦးမှ အလှူငွေ ၄၀၀၀၀(လေးသောင်း)ကျပ် လှူဒါန်းစဉ်။ (28.12.2017) အလှူရှင်ကိုဝင်းနိုင်ဦးနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၉၀)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅မိုင် ကိုကြည်ဇော်မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (28.12.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သီခြားအလှူရှင်များ ...
သတင်း

လောကအလင်း ကျောင်းသူကျောင်းသားများအတွက် အလှူတော်

28.12.2017 ရက်နေ့ မနက် ၈း၀၀ နာရီ မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် လောကအလင်း ပညာဒါနကျူရှင်ကျောင်းမှာ လှူဒါန်းပါတယ်။ အစမ်းစာမေးပွဲဖြေဆိုနေတဲ့ ဆယ်တန်းကျောင်းသူကျောင်းသားများအား ဗလာစာအုပ် ၅ အုပ်စီနှင့် ဘော့ပင် ၅ချောင်းစီ လှူဒါန်းတာပါ။ အလှူရှင်တွေကတော့ ကလေးအဆိုတော် သမီးချောလေး နှင်းချယ်ရီ ဦးစီးသော စေတနာရှင် ချယ်ရီပရဟိတအသင်းဖြစ်ပါတယ်။ အလှူလည်းပေးရင်း သီချင်းလည်းဆိုပြရင်းနဲ့ လောကအလင်း ကျောင်းသူကျောင်းသားကို စိတ်ခွန်အားတွေ တိုက်ကျွေးခဲ့တဲ့ သမီးငယ်လေးပါ။ အလှူရှင် နှင်းချယ်ရီမိသားစုနှင့်အတူ ကုသိုလ်ပါဝင်ယူကြကုန်သော ဆရာတော်သံဃာတော်များ ဆရာ ဆရာမများ ကျောင်းသားကျောင်းသူအားလုံး ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ...
သတင်း

ထားဝယ် သင်တန်းသူများ၏ ကုသိုလ်

26.12.2017 ရက်နေ့ ဓမ္မသဟာယကျောင်းသို့ လာရောက်လှူဒါန်းသွားပါတယ်။ ရေနွေးပွဲကပ်လှူရန် ခေါက်မုန့်များနှင့် ဒေသထွက် ငပိငခြောက်များ အကြော်အလှော်များ လာရောက်လှူဒါန်းတာပါ။ လှူဒါန်းသူက သာသနာပြုစွမ်းရည်မြှင့်သင်တန်း တက်ရောက်ဖူးသူ သင်တန်းသူတစ်ဦးဖြစ်ပါတယ်။ အခြားသူများကတော့ စာရေးသူပရိသတ်ဖြစ်ပါတယ်။ ဒေါ်သန်းစိုး၊ ဒေါ်ကြည်ခိုင်နှင့် သင်တန်းသူတို့ရဲ့ ကုသိုလ်ဖြစ်ပါတယ်။ စာရေးသူထံမှာ ကပ္ပိယငါးဦး၊ ဦးဇင်းဆယ်ပါး အလုပ်လုပ်ကြပါတယ်။ ဂျာနယ်အတွက် အလုပ်လုပ်ကြသူများ စာကြည့်တိုက်ဝိုင်းတော်သားများ၊ နဂါးနီဝိုင်းတော်သားများ၊ အွန်လိုင်းဝိုင်းတော်သားများ၊ ဥပဒေပိုင်းဆိုင်ရာ ဝိုင်းတော်သားများ တာဝန်ကိုယ်စီဆောင်ရွက်နေကြတာပါ။ ဒါပေမဲ့ ဆွမ်းချိုင့်ကတော့ ရက်အပြည့်မရှိပါဘူး။ ဆွမ်းချိုင့်မရှိတဲ့နေ့ဆိုရင် ကပ္ပိယတွေ ချက်ပြုတ်ကပ်လှူကြရပါတယ်။ ဆွမ်းချိုင့်ရှိလည်း မလောက်ငတဲ့နေ့ဆိုရင် ဝယ်စရာရှိတာဝယ်၊ ချက်စရာရှိတာချက်ပြုတ် ကပ်ကြရတာပါ။ ဝီရသူက လိုင်းပေါ်မှာသာ ...
သတင်း

သာသနာ့စွမ်းရည်မြှင့်သင်တန်း

နိဒါန်း သာသနာတော်၏ လိုအပ်ချက်အရဗုဒ္ဓဘာသာတည်တံ့တိုးပွားရေးလုပ်ငန်းများမဖြစ်မနေလုပ်ရန် ခေတ်ကတောင်းဆိုလာပါသည်။ ထိုအခြေအနေတွင် သာသနာအတွက်တစ်ထောင့် တစ်နေရာမှာ အားဖြစ်လာစေရန် သာသနာ့စွမ်းရည်မြှင့်သင်တန်းကို ဖွင့်လစ်ပို့ချရန် ဆောင်ရွက်လာရခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက် ဗုဒ္ဓဘာသာ သာသနာတည်တံ့တိုးပွားရေး၊ ကာကွယ်ရေးလုပ်ငန်းနှင့် ဘာသာကြီးလေးခုအကြောင်းတို့ကို သိရှိပြီးဘာသာ သာသနာကို လက်တွေ့ကာကွယ်စောင့်ရှောက်စေရန်။ လုပ်နည်း။ ။ အောက်ပါအတိုင်း အပိုင်းနှစ်ပိုင်းနဲ့ ဆောင်ရွက်သွားပါမည်– ၁။ သင်ကြားပို့ချခြင်း။ ၂။ လေ့လာခြင်း။ ၃။ ဆွေးနွေးခြင်း။ အကြမ်းဖျဉ်းစီမံချက် ၁။ သင်တန်းနေရာ။ ခင်နှင်းပညာဒါနဖောင်ဒေးရှင်း၊ တောင်စလင်းတိုက်သစ် လေးထပ်ဆောင် ၃၂/၃၃ လမ်းကြား၊ ၆၁/၆၂လမ်းကြား။ ၂။ ...