သတင်း

ပန်းလေးတစ်ပွင့် မနွမ်းရင့်မီ

28.11.2017 ရက်နေ့က တင်ခဲ့တဲ့ ပို့စ်လေးထဲက မြန်မာ့သမီးပျိုလေးကို အချုပ်ခန်းထဲမှ ထုတ်ယူကာ အမှုအားလုံးရုပ်သိမ်းပေးတဲ့အထိ လိုက်လံကူညီနိုင်ခဲ့ပါပြီ။ ပထမဦးဆုံး မြို့နယ်တရားရုံးမှာ အာမခံလျှောက်ထားခဲ့ရာ နှစ်ဦးနှစ်ဖက် ကျေနပ်တဲ့အတွက် အာမခံရရှိခဲ့လို့ ကလေးမလေးမိသားစု ချမ်းချမ်းသာသာ ပြန်လည် နေထိုင်ခွင့်ရခဲ့ပါတယ်။

၎င်းနောက် အမှတ်(၈)ရဲစခန်း ချမ်းအေးသာစံမြို့နယ်မှူးမှသည် ခရိုင်ရဲတပ်ဖွဲ့ တိုင်းရဲတပ်ဖွဲ့အထိ အဆင့်ဆင့် တင်ပြရသလို ၄င်းတို့ရဲ့ ထောက်ခံချက်အရ မြို့နယ်ဥပဒေရုံး မြို့နယ်တရားရုံးသို့ ဆက်လက်တင်ပြကာ နှစ်ဦးနှစ်ဖက် ကျေနပ်မှု အပြည့်အဝရှိတာကြောင့် အမှုကို ပြန်လည် ရုပ်သိမ်းပေးလိုက်တာပါ။

တရုတ်ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့တဲ့မြန်မာမိန်းကလေးတစ်ဦး အချုပ်ခန်းထဲနေရတဲ့အဖြစ်မှ ကနဦးကယ်တင်နိုင်ခဲ့ပြီး အကျဉ်းထောင်သို့ သွားရမည့်အခြေအနေမှ အပြီးသတ် ကယ်တင်နိုင်ခဲ့တာပါ။ ကလေးမလေးပေးဆပ်စရာရှိတဲ့ငွေများကို ကလေးမိသားစုက ရှိစုမဲ့စုလေးများ ပေါင်းနှံချေးငှား ရှာကြံခဲ့ကြသလို လိုအပ်တဲ့ ငွေကြေးများကိုလည်း စာရေးသူတည်ထောင်ထားတဲ့ မြန်မာလုပ်သားကယ်ဆယ်ရေး ဖောင်ဒေးရှင်းရန်ပုံငွေမှ စိုက်ထုတ်ပေးဆပ်ခဲ့တာပါ။

တရုတ်ထံမှာဖြစ်စေ ကုလားထံမှာဖြစ်စေ ဆန္ဒမရှိပဲ အလုပ်လုပ်နေရတဲ့ မြန်မာမိန်းကလေးတွေ ကလေးလုပ်သားတွေ ထွက်ချင်သော်လည်း ကြိုတင်လခတွေထုတ်ထားတာကြောင့် ထွက်လို့မရတဲ့ မြန်မာမိန်းကလေးတွေ ကလေးလုပ်သားတွေ တွေ့မြင်ကြားသိခဲ့ကြရင် သတင်းပေးပို့နိုင်ပါတယ်။

မြန်မာလုပ်သားကယ်ဆယ်ရေးဖောင်ဒေးရှင်းက အထက်မြန်မာပြည်ရော အောက်မြန်မာပြည်မှာပါ ဖွင့်လှစ်ထားပြီး တိုင်းရင်းသားပြည်သူများကို ကယ်တင်ကူညီစောင့်ရှောက်လျက်ရှိပါတယ်။  မြန်မာမိန်းကလေးများ ကလေးလုပ်သားများအားလုံး လူမျိုးခြား/ဘာသာခြားတို့လက်မှ အပြည့်အဝလွတ်မြောက်ကြပါစေ။

(ပို့စ်အဟောင်းလေးကို ပူးတွဲတင်ပြလိုက်ပါတယ်။)

========================================================
“ပန်းကလေးတစ်ပွင့် မလန်းစွင့်မီ အနွမ်းရင့်ဆီ မြန်းလင့်ပြီလော”
==================================

28.11.2017 ရက်နေ့ ည ၁၀နာရီလောက်မှာ မိန်းကလေးတစ်ဦးကို တရုတ်လုပ်ငန်းရှင်က ငွေရေးကြေးရေးကိစ္စနှင့် ရဲစခန်းတစ်ခုမှာ အမှုဖွင့်တိုင်ကြားတယ်လို့ သိရပါတယ်။ မိန်းကလေးရဲ့ မိခင်ကိုယ်တိုင် ရဲစခန်းမှာ ဖုန်းဆက်တာပါ။ မိန်းကလေးက တရုတ်လုပ်ငန်းမှာ စာရင်းအင်းမှတ်တဲ့ဝန်ထမ်းပါ။

ငွေ ၂၁သိန်း ကွာဟနေတဲ့အတွက် ၇သိန်းစီ သုံးရစ် ခွဲပေးရမှာကို မပေးနိုင်လို့ အတိုင်ခံရတာပါ။ လုပ်ငန်းရှင်က တရုတ်လူမျိုးလည်းဖြစ်တယ်၊ ဝန်ထမ်းဖြစ်သူက ဗမာမိန်းကလေးလည်းဖြစ် တက္ကသိုလ်ဒုတိယနှစ်မှာ ကျောင်းတက်နေတဲ့အပြင် မိခင်မုဆိုးမကြီးကို လုပ်ကျွေးနေသူလည်းဖြစ်တယ်။ မိဘကလည်း အိမ်ငှားနေရသူဖြစ်တယ်။ ဒီအကြောင်းတွေကြောင့် စခန်းမှူးနှင့်လည်းဆက်သွယ် စခန်းကိုလည်း ဦးဇင်းတွေလွှတ်ပြီး အကျိုးအကြောင်း မေးခိုင်းခဲ့ပါတယ်။ လုပ်ငန်းရှင်နှင့် ညှိနှိုင်းပြီး ၁၈နှစ်အရွယ်ကျောင်းသူမိန်းကလေး အတိဒုက္ခမရောက်ရအောင် ကူညီဖို့ပါပဲ။

ဒါပေမဲ့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ မိန်းကလေးကို ရဲစခန်းမှာ ထားရစ်ခဲ့ကာ မိသားစုကို သဟာယကျောင်းသို့ ခေါ်လာကြပါတယ်။ မိသားစုကို နှစ်သိမ့်အားပေးပြီး ပြန်လွှတ်လိုက်ပါပြီ။ ညဥ့်နက်နေလို့ မနက်ဖြန်မှပဲ နည်းလမ်းရှာကြမယ်လို့ ပြောလိုက်ရပါတယ်။ လုပ်ငန်းမကျွမ်းကျင်တာကြောင့် မနစ်နာသင့်ဘဲ နစ်နာရတဲ့မိန်းကလေးကို အချုပ်ခန်းကနေ ကယ်ထုတ်ကြဖို့ နည်းလမ်းရှာကြမှာပါ။

စခန်းမရောက်ခင် ကြိုတင်သိရရင် ကူညီနိုင်ပေမဲ့ လက်လွန်ခြေလွန်ဖြစ်မှ သိရတဲ့အတွက် ဒုက္ခမရောက်သင့်ပဲ ရောက်ခဲ့ရတာပါ။ တရုတ်ဆီမှာပဲဖြစ်ဖြစ် ကုလားဆီမှာပဲဖြစ်ဖြစ် အခြား တိုင်းရင်းသားမဟုတ်သူတွေထံမှာပဲဖြစ်ဖြစ် အလုပ်လုပ်ကြရတဲ့ တိုင်းရင်းသားဝန်ထမ်းမှန်သမျှ သတိဝီရိယ ရှိကြဖို့ပါ။

အမှုမကြီးခင် အစကတည်းက လာရောက်အကူအညီတောင်းလျှင် အခုလိုအဖြစ်ဆိုးမျိုး မကြုံရအောင် နည်းလမ်းရှာကူညီပေးလို့ရပါတယ်။ အဲဒီလိုကူညီလို့ ချမ်းသာရာရသွားတဲ့သူတွေ သက်သာရာရသွားတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့် မနစ်နာသင့်ဘဲ မနစ်နာရအောင် လူမျိုးခြားတွေထံမှာ အလုပ်လုပ်တဲ့ ရွှေမြန်မာတွေကို နီးစပ်ရာ အသိပေးထားစေလိုပါတယ်။

မဟနက ဒါမျိုးကို လူမှုရေးလို့ သတ်မှတ်ထားပေမဲ့ စာရေးသူတို့ကတော့ အမျိုးသားရေးလို့ပဲ ခံယူထားပါတယ်။ ဒါကြောင့် ကိုယ့်လူမျိုးကို အပြည့်အဝ အကာအကွယ်ပေးဖို့ ဆန္ဒရှိပါတယ်။ အခုလိုမျိုး ကြုံရတဲ့သူတွေဟာ အမေ့သားသမီးတွေဖြစ်စေဦးတော့ သို့မဟုတ် အမျိုးသားရေးသမားတွေကို ဆန့်ကျင်ဘက် ပြုနေသူတွေ ဖြစ်စေဦးတော့ စေတနာမေတ္တာအပြည့်အဝနှင့် ကူညီဖို့ အသင့်ရှိကြောင်းပါခင်ဗျာ။

ဝီရသူ(မစိုးရိမ်)
29.11.2017
AM 00:28