သတင်း

အကျိုးတော့ နည်းကုန်ပြီ

သံဃာနှစ်ပါးကို ဝရမ်းထုတ်တယ် တရားခံပြေးကြေညာတယ်တဲ့။ NLD အစိုးရ လုပ်ချလိုက်ပုံများ။ မြို့နယ်သံဃနာယက တိုင်းသံဃနာယကက လက်မခံလို့ တရားစွဲဆိုခွင့်မပြုတာကို တရားခံပြေးကြေညာ တယ်ဆိုတော့ မြန်မာ့တရားစီရင်ရေးမဏ္ဍိုင် ဘာတွေဖြစ်ကုန်ပြီလဲ။

မြို့နယ်သံဃနာယကနှင့် တိုင်းသံဃနာယကအဖွဲ့က ခွင့်မပြုတာဟာလည်း ဒီကိုယ်တော်လေးတွေမှာ အပြစ်လုံးဝမရှိလို့ပါ။
တာဝန်သိ ပြည်သူတစ်ဦးအနေနဲ့ သတင်းပေးတိုင်ကြားတယ်။ တာဝန်အရ စစ်ဆေးနေတာကို စောင့်ကြည့်လေ့လာတယ်။
ဒီထက်မပိုဘူးလေ။

ဒီထက်ပိုပြီး ဘာတွေများလုပ်ခဲ့လို့လဲ? တုတ်ဓားလက်နက်တွေ ကိုင်ဆောင်လာခဲ့လို့လား? အုပ်စုဖွဲ့ပြီး အော်ဟစ် ဆူပူနေကြလို့လား? မြန်မာအဖွဲ့ရောက်လာတယ်ဆိုတာနဲ့ ညာသံပေးပြီး ဝိုင်းအာကြတဲ့ကုလားတွေကြောင့် ဆူပူမှုဖြစ်တာ မဟုတ်ဘူးလား? ထွေအုပ်တွေ၊ လဝကတွေ ရဲတွေ အားလုံးရှိကြတယ်လေ။

ဘယ်သူက လက်နက်ပါတယ်၊ ဘယ်သူကစတင်တိုက်ခိုက်တယ်၊ ဘယ်သူက အကြမ်းဖက်တယ်၊ ဘယ်သူက ဆူပူတယ်ဆိုတာ အသိသာကြီးပဲ။ ဒါကိုပဲ သံဃာတွေကို ဖမ်းဝရမ်းထုတ်တယ်ဆိုတော့ မလွန်လွန်ဘူးလား? အခုတစ်ခါ တရားခံပြေးကြေညာပြန်ပြီ။

သံဃနာယကခွင့်ပြုချက်ရအောင်တောင်းပါ လာအဖမ်းခံပါလိမ့်မယ်။ ခင်ဗျားတို့ချစ်တဲ့ ခင်ဗျားတို့လင်တွေကို ဖမ်းဆီးအရေးမယူချင်ရင်နေပါ။ သံဃာတွေကိုတော့ အဲ့လိုမစော်ကားပါနဲ့။

ဝီရသူ(မစိုးရိမ်)
19.6.2017
PM 8:34
==========================================================
“မြယာကုန်းပဋိပက္ခတွင် ပါဝင်ခဲ့သည်ဟုဆိုသော သံဃာတော်နှစ်ပါးကို တရားခံပြေးအဖြစ် ကြေညာ”
ရန်ကုန်၊ ဇွန် ၁၇
မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြယာကုန်းပဋိပက္ခတွင်ပါဝင်ခဲ့သည်ဟုဆိုသော ဆရာတော်ဦးသုစိတ္တနှင့် ဆရာတော်ဦးပညာဝံသတို့ကို တရားခံပြေးအဖြစ် ဇွန်လ ၁၆ ရက်နေ့က ကြေညာခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးထံမှ သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ မြယာကုန်းလမ်းနှင့် ၁၂၂ လမ်းထိပ်ရှိ ၈ လွှာတိုက်ခန်းတစ်ခုတွင် ခိုးဝင်ဘင်္ဂါလီများ ဝင်ရောက်နေသည်ဟုဆိုကာ မေလ ၉ ရက်ည ၁၀ နာရီကျော်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် လဝကမှူးနှင့် တာဝန်ရှိသူများအပြင် မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂအဖွဲ့မှ သံဃာတော်နှစ်ပါးနှင့်အတူ အမျိုးသား၊ အမျိုးသမီးအင်အား ၄၀ ခန့်က ဝင်ရောက်စစ်ဆေးရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့မှ သေနတ်သုံးချက်ပစ်ဖောက် ထိန်းသိမ်းခဲ့ရ သဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ဆရာတော်နှစ်ပါးက ဒီနေ့အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူး၊ လာရောက်အဖမ်းခံမှုလည်းမရှိဘူး၊ ဒါကြောင့် ဒီအမှုနဲ့ပတ်သက်လို့ ဆက်စစ်နိုင်အောင် ကြားဖြတ်အမိန့်အဖြစ် ချမှတ်ခဲ့တာပါ။ လာမယ့် မေလ ၂၇ ရက်နေ့ကျရင် တရားလိုဖြစ်တဲ့ ရဲမှူးကို စစစ်မယ်၊ ဆရာတော်တွေကို တရားခံပြေးအဖြစ်ကြေညာထားတဲ့ အတွက်ဘယ်နေရာမှာမဆို ဖမ်းဆီးနိုင်မှာဖြစ်ပါတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးမှ တာဝန်ရှိသူ တစ်ဦးကရှင်းပြသည်။
ယင်းပဋိပက္ခတွင် ပါဝင်ခဲ့သည်ဟုဆိုသော သံဃာတော်နှစ်ပါးနှင့် လူပုဂ္ဂိုလ်ငါးဦးကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဦးက မေလ ၁၁ ရက် မွန်းလွဲပိုင်းတွင် ယင်းမြို့နယ်တရားရုံးသို့ ရဲအရေးမပိုင်သည့် အမှုအမှတ်စဉ် (၁/၁၂)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ဂ)/၃၄ ဖြင့် ဦးတိုက်လျှောက်ထားတရားစွဲဆိုခဲ့ပြီး ပြစ်မှုကျူး လွန်သူများကို ဖမ်းဆီးနိုင်ရန် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဦးတိုက်လျှောက်ထားရာ တရားစွဲဆိုခဲ့ပြီး ဦးဆောင်ပါဝင်သည်ဟုဆိုသော ကိုလတ်(ခ)တင်ထွဋ်ဇော်နှင့် ၄င်း၏ဇနီးမအောင်အောင်မြင့်တို့ကို ဇွန်လ ၁၁ ရက်ညပိုင်းက ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ပါဝင်သည်ဟုဆိုသော ကိုတင်လင်းထိုက်(ခ)လင်းလင်း၊ ကိုတင်ဌေးအောင်(ခ)အကြီးကောင်နှင့် ကိုမြတ်ဖုန်းမိုရ်တို့မှာ ဇွန်လ ၁၅ရက်နေ့က ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း၊ ဆရာတော်ဦးသုစိတ္တနှင့် ဦးပညာဝံသတို့မှာ ယနေ့ အချိန်ထိ လာရောက်ဖမ်းဆီးခံခြင်းမရှိပေ။
J 16