သတင်း

စံချင်းမတူ

ပြည်​သူတင်​ထားတိုင်း ဖူးဖူးမှုတ်​ထားရမယ်​ဆိုတဲ့ဥပ​ဒေမရှိဘူး။

ပြည်​သူတင်ထားတဲ့ အစိုးရကိုပြည်​သူက ပြန်​ဖြုတ်​ချခွင့်​​တော့ အမှန်​တကယ်​ရှိ​နေတယ်​။

ထိုင်းမှာ သက်​ဆင်​ပါတီ အမြဲနိုင်​ပြီးအမြဲဖြုတ်​ချခံရတယ်​။

စစ်​အာဏာရှင်​က သံဃာကိုသာ နှိပ်​ကွပ်​တာ။ သာသနာကို မဖျက်​ဆီးဘူး။

သံဃာ​တောင်​မှ သူ့အာဏာကို ထိပါးလာမှ နှိပ်​ကွပ်​တာ။ မထိပါးရင်​ ​အောက်​ကျို့  ဆည်းကပ်​တာ။

ဒီအစိုးရက သံဃာကို အသလွတ်​နှိပ်​ကွပ်​ရုံတင်​မကဘူး။ သာသနာကိုပါ ရည်​ရွယ်​ချက်​ရှိရှိ ဖျက်​ဆီး​နေတာ။

စစ်​အာဏာရှင်​က နိုင်​ငံ​ရေးသမားသာ နှိပ်​ကွပ်​တာ။ အမျိုးသား​ရေးကို သစ္စာမ​ဖောက်​ဘူး။

ဒီအစိုးရက အမျိုးသား​ရေးကို သစ္စာ​ဖောက်​ရုံမကဘူး နိုင်​ငံကိုပါ ​ရောင်းစား​နေတာ။

အမျိုးသား​ရေးသမားနဲ့ နိုင်​ငံ​ရေးသမား စံထားတာချင်း မတူဘူး​လေ။

ဝီရသူ < မစိုးရိမ်​ >

4.8.2017
am
00.25
……………………………………………………………………………….

NLDအစိုးရပြုတ်ကျရေး ဆန္ဒပြမှု့အပေါ် ၈၈ ကိုမြအေးရဲ့အမြင်
_________

နိုင်ငံရေးမို့လို့ ပြောမယ်။ အာဏာရှင်စစ်အစိုးရ ပြုတ်ကျဖို့ တောင်းတယ်၊ တိုက်တယ်၊ ဆန္ဒပြတယ် ဆိုတာ ရှင်းတယ်။ ဘယ်ပြည်သူကမှ မဲပေးတင်ထားတာ မဟုတ်ဘူး။ ပြည်သူလူထုကို ဗိုလ်ကျစိုးမိုးပြီး အာဏာကို လုယူထားတဲ့အတွက် ဖြစ်တယ်။

NLDအစိုးရက လူထုက မဲပေးပြီး လိုလိုလားလား ရွေးချယ်တင်မြောက်ထားတာ ဖြစ်တယ်။ လူထုအစိုးရ ဖြစ်တယ်။ သဘောထား မတူရင် ဝေဖန်မယ်၊ ထောက်ပြမယ်။ ဒါပေမယ့် NLD အစိုးရ ပြုတ်ကျရေးတော့ မလုပ်ဘူး။

ကိုယ့်ကိုကိုယ် ယုံကြည်ရင် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပေါ့။ ဒါ ဒီမိုကရေတစ်စံဘဲ။ ဒါကြောင့် NLD အစိုးရ ပြုတ်ကျရေး ဆန္ဒပြပွဲတွေကို သဘောမတူဘူး။ ဒီကိစ္စမှာ NLD အစိုးရနဲ့ တသားတည်း ရှိမယ်။

ကိုမြအေး (၈၈)
လေးစားလျက်
wa than aung