သတင်း

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် အာဒိကမ္မိက အဂ္ဂါဘိဓဇဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ မဟာထေရ် လွန်တော်မူခြင်း (၁၅)နှစ်ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ အထိမ်းအမှတ်စာအုပ် ထုတ်ဝေပူဇော်ရန် စာမူဖိတ်ခေါ်ခြင်း

ဆရာတော်ကြီး၏ ဘဝပုံရိပ်ကို တပည့်များ၏ အတွေ့အကြုံမျိုးစုံ ခံယူချက်မျိုးစုံ ရှုထောင့်မျိုးစုံတို့ဖြင့် လည်းကောင်း၊ မစိုးရိမ်သာသနာ့သမိုင်းတစ်လျှောက် ‘မန်းသီရိန်’ဟု ဆိုရလောက်အောင် ထူးခြားသည့်ဂုဏ် ကို ဆောင်နိုင်သော ဆရာတော်ကြီး၏ သာသနာပြုစွမ်းရည်/စိတ်ဓာတ်နှင့် ဘဝရပ်တည်မှု စသည်တို့ကို သတိပြုမိသည်နှင့်အမျှ ကြည်ညိုလေးစား တန်ဖိုးထားကြသော စာပေပညာရှင်အသီးသီးတို့၏ စာပေ လက်ရာ အဖြာဖြာတို့ဖြင့်လည်းကောင်း၊ စာပန်းချီ ချယ်မှုန်းနိုင်ရေးအတွက် ကိုယ်တိုင်ရေး (ဆောင်းပါး၊ ရတု၊ တေးထပ်၊ ကဗျာ) စာမူများကို ‘၁၃၇၉-ခုနှစ်၊ တပို့တွဲလပြည့်နေ့'(31.1.2018)အထိ အောက်ပါလိပ်စာသို့ ဆက်သွယ် ပေးပို့ ပူဇော်နိုင်ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

စာမူပေးပို့ရန် လိပ်စာ=
ဦးနန္ဒာဘိဝံသ၊ ဓမ္မပါကဋကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
ဖုန်း= 092035013