သတင်း

ထားဝယ် သင်တန်းသူများ၏ ကုသိုလ်

26.12.2017 ရက်နေ့ ဓမ္မသဟာယကျောင်းသို့ လာရောက်လှူဒါန်းသွားပါတယ်။ ရေနွေးပွဲကပ်လှူရန် ခေါက်မုန့်များနှင့် ဒေသထွက် ငပိငခြောက်များ အကြော်အလှော်များ လာရောက်လှူဒါန်းတာပါ။ လှူဒါန်းသူက သာသနာပြုစွမ်းရည်မြှင့်သင်တန်း တက်ရောက်ဖူးသူ သင်တန်းသူတစ်ဦးဖြစ်ပါတယ်။

အခြားသူများကတော့ စာရေးသူပရိသတ်ဖြစ်ပါတယ်။ ဒေါ်သန်းစိုး၊ ဒေါ်ကြည်ခိုင်နှင့် သင်တန်းသူတို့ရဲ့ ကုသိုလ်ဖြစ်ပါတယ်။
စာရေးသူထံမှာ ကပ္ပိယငါးဦး၊ ဦးဇင်းဆယ်ပါး အလုပ်လုပ်ကြပါတယ်။ ဂျာနယ်အတွက် အလုပ်လုပ်ကြသူများ စာကြည့်တိုက်ဝိုင်းတော်သားများ၊ နဂါးနီဝိုင်းတော်သားများ၊ အွန်လိုင်းဝိုင်းတော်သားများ၊ ဥပဒေပိုင်းဆိုင်ရာ ဝိုင်းတော်သားများ တာဝန်ကိုယ်စီဆောင်ရွက်နေကြတာပါ။

ဒါပေမဲ့ ဆွမ်းချိုင့်ကတော့ ရက်အပြည့်မရှိပါဘူး။ ဆွမ်းချိုင့်မရှိတဲ့နေ့ဆိုရင် ကပ္ပိယတွေ ချက်ပြုတ်ကပ်လှူကြရပါတယ်။
ဆွမ်းချိုင့်ရှိလည်း မလောက်ငတဲ့နေ့ဆိုရင် ဝယ်စရာရှိတာဝယ်၊ ချက်စရာရှိတာချက်ပြုတ် ကပ်ကြရတာပါ။ ဝီရသူက လိုင်းပေါ်မှာသာ စပွန်ဆာပေါတာပါ။ တကယ်တမ်းကျတော့ အခုလိုလာရောက်လှူဒါန်းတဲ့ ကုသိုလ်ရှင် အနည်းအကျဉ်းပဲ ရှိတာပါ။
ကျန်တာကတော့ နဝကမ္မအလှူငွေတွေထဲကပဲ ချက်ပြုတ်ကပ်လှူနေရတာပါပဲ။ အဝေးကြီးမှ လာရောက်လှူဒါန်းကြသော သာသနာပြုစွမ်းရည်မြှင့်သင်တန်းသူအပါအဝင် ထားဝယ်သူ ထားဝယ်သားအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။