သတင်း

လောကအလင်း ကျောင်းသူကျောင်းသားများအတွက် အလှူတော်

28.12.2017 ရက်နေ့ မနက် ၈း၀၀ နာရီ မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် လောကအလင်း ပညာဒါနကျူရှင်ကျောင်းမှာ လှူဒါန်းပါတယ်။ အစမ်းစာမေးပွဲဖြေဆိုနေတဲ့ ဆယ်တန်းကျောင်းသူကျောင်းသားများအား ဗလာစာအုပ် ၅ အုပ်စီနှင့် ဘော့ပင် ၅ချောင်းစီ လှူဒါန်းတာပါ။

အလှူရှင်တွေကတော့ ကလေးအဆိုတော် သမီးချောလေး နှင်းချယ်ရီ ဦးစီးသော စေတနာရှင် ချယ်ရီပရဟိတအသင်းဖြစ်ပါတယ်။ အလှူလည်းပေးရင်း သီချင်းလည်းဆိုပြရင်းနဲ့ လောကအလင်း ကျောင်းသူကျောင်းသားကို စိတ်ခွန်အားတွေ တိုက်ကျွေးခဲ့တဲ့ သမီးငယ်လေးပါ။

အလှူရှင် နှင်းချယ်ရီမိသားစုနှင့်အတူ ကုသိုလ်ပါဝင်ယူကြကုန်သော ဆရာတော်သံဃာတော်များ ဆရာ ဆရာမများ ကျောင်းသားကျောင်းသူအားလုံး ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။