သတင်း

သာသနာ့စွမ်းရည်မြှင့်သင်တန်း

နိဒါန်း

သာသနာတော်၏ လိုအပ်ချက်အရဗုဒ္ဓဘာသာတည်တံ့တိုးပွားရေးလုပ်ငန်းများမဖြစ်မနေလုပ်ရန် ခေတ်ကတောင်းဆိုလာပါသည်။ ထိုအခြေအနေတွင် သာသနာအတွက်တစ်ထောင့် တစ်နေရာမှာ အားဖြစ်လာစေရန် သာသနာ့စွမ်းရည်မြှင့်သင်တန်းကို ဖွင့်လစ်ပို့ချရန် ဆောင်ရွက်လာရခြင်းဖြစ်ပါသည်။

ရည်ရွယ်ချက်

ဗုဒ္ဓဘာသာ သာသနာတည်တံ့တိုးပွားရေး၊ ကာကွယ်ရေးလုပ်ငန်းနှင့် ဘာသာကြီးလေးခုအကြောင်းတို့ကို သိရှိပြီးဘာသာ သာသနာကို လက်တွေ့ကာကွယ်စောင့်ရှောက်စေရန်။
လုပ်နည်း။ ။ အောက်ပါအတိုင်း အပိုင်းနှစ်ပိုင်းနဲ့ ဆောင်ရွက်သွားပါမည်–
၁။ သင်ကြားပို့ချခြင်း။
၂။ လေ့လာခြင်း။
၃။ ဆွေးနွေးခြင်း။
အကြမ်းဖျဉ်းစီမံချက်
၁။ သင်တန်းနေရာ။ ခင်နှင်းပညာဒါနဖောင်ဒေးရှင်း၊ တောင်စလင်းတိုက်သစ် လေးထပ်ဆောင် ၃၂/၃၃ လမ်းကြား၊ ၆၁/၆၂လမ်းကြား။

၂။ သင်တန်းဆရာများ

ဆရာတော်ဦးတိက္ခ
ဆရာတော်ဦးတေဇောဘာသ
ဆရာတော်ဦးနေမိန်
ဆရာတော်ဦးခေမာစာရ
ဆရာတော်ဦးသောဘိတ
ဆရာတော်ဦးကုမာရ
ဆရာတော်ဦးကုဏ္ဍလ
ဆရာတော်ဦးအဒ္ဒိစ
ဆရာဦးလှဝင်း
ခင်မောင်နှင်း(ကျောက်ပန်တောင်း)

၃။ သင်တန်းကာလ။ အချိန် ၆၀၊ တစ်ချိန် တစ်နာရီ၊ နားချိန် ၁၀မိနစ်၊ တစ်ရက် ၄ နာရီ။

၎။ သင်ကြားမည့်ဘာသာရပ်များ
၁။ စာသင်တိုက်တည်ထောင်နည်း ဆရာတော်ဦးကုမာရ ၄ ချိန်
၂။ တရားစခန်းဖွင့်လစ်ခြင်း သစ္စဝေဒဂူဆရာတော်ဦးခေမာစာရ ၂ ချိန်
၃။ မိဘမဲ့ဂေဟာဖွင့်လစ်ခြင်း သစ္စဝေဒဂူဆရာတော် ဦးခေမာစာရ ၂ ချိန်
၎။ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လစ်ခြင်း သစ္စဝေဒဂူဆရာတော် ဦးခေမာစာရ ၂ ချိန်

၅။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖွင့်လစ်ခြင်း ဆရာတော်ဦးတေဇောဘာသ(ကံတက်ကုန်းမစိုးရိမ်) ၄ချိန်
၆။ စီမံခွန့်ခွဲမှုနှင့်ခေါင်းဆောင်မှု IBEC ဆရာတော်ဦးသောဘိတ ၄ ချိန်
၇။ တောင်တန်းသာသနာပြုနည်း ဆရာတော်ဦးတိက္ခ၊ ဦးလှဝင်း ၄ ချိန်
၈။ ပရဟိတလုပ်ငန်း ဆရာတော်ဦးတိက္ခ၊ ဗြဟ္မစိုရ်တာဝန်ခံတစ်ဦး ၂ချိန်
၉။ ဘာသာကြီးလေးခုအကြောင်း ဆရာတော်ဦးကုဏ္ဍလ(ဓမ္မဝါဒီ) ၃ ချိန်
၁၀။ ဘာသာပေါင်းစုံငြိမ်းချမ်းရေး ခင်မောင်နှင်း(ကျောက်ပန်တောင်း) ၂ ချိန်
၁၁။ ဘာသာရေးသမိုင်း ခင်မောင်နှင်း(ကျောက်ပန်တောင်း) ၆ ချိန်
၁၂။ ကျောင်းထိုင်တာဝန် ခင်မောင်နှင်း(ကျောက်ပန်တောင်း) ၂ ချိန်
၁၃။ ဟောနည်းပြောနည်း ဆရာတော်ဦးနေမိန် ၁ ချိန်
၁၄။ သီရိလင်္ကာသာသနာ ဆရာတော်ဦးအဒ္ဒစ ၂ ချိန်
၁၅။ လေ့လာရေး(IBEC ကံတက်ကုန်း၊ သစ္စဝေဒဂူ၊ ဆရာတော်ဦးကုမာရကျောင်း၊ ဗြဟ္မစိုရ်) ၈ ချိန်
၁၆။ အတွေ့အကြုံအပေါ်မူတည်၍ ဘာသာရပ်ထပ်ဖြည့်ချင်းကိုဆွေးနွေးဆောင်ရွက်ပါမည်။
၅။ သင်တန်းသားအရည်အချင်းနဲ့ဦးရေ။ ရဟန်း(ပထမကြီးတန်းအောင်အထက်)၊ လူယဉ်ကျေးလိမ္မာ၊ ဓမ္မစကူးဆရာ/ဆရာမများ။ ၃၀ ပါး။
၆။ အုပ်ချုပ်မှုနဲ့ ဆက်သွယ်ရေး။
(၁) အုပ်ချုပ်မှုအဖွဲ့–
နာယက။ ဆရာတော်များအားလုံး။
သင်တန်းတာဝန်ခံ။ ခင်မောင်နှင်း(ကျောက်ပန်တောင်း)
သင်တန်းတွဲဖက်တာဝန်ခံ။ ဆရာဝေမင်းသူ။

(၂) ဆက်သွယ်ရေး—
၀၉၇၉၇၇၈၃၃၀၆ ခင်မောင်နှင်း(ကျောက်ပန်တောင်း)
သင်တန်းတာဝန်ခံ