သတင်း

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ ပေးပို့သော အမျိုးသားရေး သဝဏ်လွှာ

“မကွေးတိုင်း ပခုက္ကူမြို့၌ ကျင်းပသော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲသို့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ ပေးပို့သော အမျိုးသားရေး သဝဏ်လွှာ”
===================================================

မကွေးတိုင်း၊ ပခုက္ကူမြို့၌ကျင်းပသော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြကုန်သော မျိုးချစ်ဇာနည် ရဟန်းရှင်လူပြည်သူအပေါင်းတို့ ယနေ့အချိန်အခါ၌ မြန်မာနိုင်ငံသည် အကြမ်းဖက်သမားဘင်္ဂလီများနှင့် နိုင်ငံတကာကပေးသော ဒုက္ခများကို ခါးစီးခံနေရသော အချိန်အခါဖြစ်ပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့၌ သြဂုတ်လက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြီးတွင် အသက်သေဆုံးခဲ့ရသော နိုင်ငံ့ဝန်ထမ်းကောင်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းကောင်းများသည် အပြစ်မဲ့တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို အကာအကွယ်ပေးကြသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ပါသည်။

ထိုနိုင်ငံ့ဝန်ထမ်းကောင်းများ၏ ကျေးဇူးတရားကို အသိအမှတ်ပြုသောအားဖြင့် ယခုလို အခမ်းအနားကျင်းပ၍ ထောက်ခံကြိုဆိုကြခြင်းသည် ကတညုတ ကတဝေဒီမင်္ဂလာတရားနှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘုရားရှင် သာဓုခေါ်မည့်နေ့ထူးနေ့မြတ်ပင် ဖြစ်ပါသည်။ ဂျီဟဒ်ဝါဒီဘင်္ဂလီများ၏ နိုင်ငံရေးလောဘကြောင့် အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ်ဆုံးရှုံးခဲ့ရပါသည်။ အမိမြန်မာပြည်၌ မိမိတို့သည် မြန်မာပြည်သား တိုင်းရင်းသားအစစ် အိမ်ရှင်အစစ်များ ဖြစ်ကြပါကုန်လျက် တရားမဝင်ခိုးဝင်လာသူ တိုင်းတစ်ပါးသား ဧည့်ဆိုးများ၏ အကြမ်းဖက်မှုကို ခံခဲ့ရပေသည်။

ရဲကင်း(၃၀)တစ်ပြိုင်နက်တည်း ဝင်စီးခံခဲ့ရခြင်းနှင့်အတူ ဟိန္ဒူလူမျိုးများအပါအဝင် ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားကျောင်းကန် စေတီပုထိုးများ သာသနိက အဆောက်အဦးများ လူနေအိမ်ခြေများ၊ မော်တော်ယာဉ်များ မီးရှို့ဖျက်ဆီးခံခဲ့ရပေသည်။

အပြစ်မဲ့ပြည်သူများ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရသလို မောင်တောမြို့၏ အချုပ်အခြာအာဏာလည်း ကျူးကျော်ခံလိုက်ရပေသည်။ ဘင်္ဂလီအကြမ်းဖက်အရေးတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်သည် ခုခံကာကွယ်သည့်အဆင့်မှာသာရှိခဲ့ပါသည်။ ဥပဒေဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်ခဲ့ခြင်း ဖြစ်ပါသည်။ ဤဖြစ်စဉ်ကို ကြည့်၍ မောင်တောအရေး၌ မြန်မာ့တပ်မတော်သာ မရှိပါက ဟူသော အတွေးကို အလေးအနက် တွေးကြည့်မိပါသည်။ ရှေ့ဆက်မတွေးရဲတော့ပါ။ သေချာတွေးလေ ကြောက်စရာကောင်းလေဖြစ်ပါသည်။

မြန်မာ့တပ်မတော်သည် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို အကာအကွယ်ပေးခဲ့ပါသည်။ ယခုအခါ တိုင်းရင်းသားပြည်သူများက မြန်မာ့တပ်မတော်ကို ပြန်လည်၍ အကာအကွယ်ပေးနေရပေသည်။ ပြည်သူ့ရင်ခွင်က လုံခြုံပါသည်။ ပြည်သူ့အရိပ်က အေးမြပါသည်။

ပြည်သူလူထု၏ အရိပ်အာဝါသကြောင့် မြန်မာ့တပ်မတော်သားများ ဘေးကင်းလုံခြုံမည်ဟု ခံယူထားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းလည်း တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့ပါသည်။ တိုင်းပြည်အတွက် တိုက်ပွဲဝင်တာချင်းအတူတူ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးဗိသုကာအဖြစ် ဂုဏ်ပြုခံရပါသည်။ ဗိုလ်ချုပ်မောင်မောင်စိုးက လူ့အခွင့်အရေးချိုးဖောက်မှုဖြင့် စွဲချက်အတင်ခံရ ပိတ်ဆို့အရေးယူခံနေရပါသည်။

ဤသည်မှာ အဘယ့်ကြောင့် ဖြစ်ပါသနည်း။ ပြည်သူကို အကာအကွယ်ပေးသော တပ်မတော်ကို ပြည်သူကသာ အကာအကွယ်ပေးရပါတော့မည်။

မြန်မာ့တပ်မတော်ကြီး ဘေးကင်းလုံခြုံနိုင်ပါစေ။
မြန်မာပြည်ကြီး အချုပ်အခြာအာဏာတည်မြဲပါစေ။
မြန်မာပြည်သူများ အကြမ်းဖက်ဘေးမှ ဝေးကြပါစေ။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)