Daily Archives: December 29, 2017

သတင်း

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ ပေးပို့သော အမျိုးသားရေး သဝဏ်လွှာ

“မကွေးတိုင်း ပခုက္ကူမြို့၌ ကျင်းပသော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲသို့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ ပေးပို့သော အမျိုးသားရေး သဝဏ်လွှာ” =================================================== မကွေးတိုင်း၊ ပခုက္ကူမြို့၌ကျင်းပသော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြကုန်သော မျိုးချစ်ဇာနည် ရဟန်းရှင်လူပြည်သူအပေါင်းတို့ ယနေ့အချိန်အခါ၌ မြန်မာနိုင်ငံသည် အကြမ်းဖက်သမားဘင်္ဂလီများနှင့် နိုင်ငံတကာကပေးသော ဒုက္ခများကို ခါးစီးခံနေရသော အချိန်အခါဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့၌ သြဂုတ်လက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကြီးတွင် အသက်သေဆုံးခဲ့ရသော နိုင်ငံ့ဝန်ထမ်းကောင်းများနှင့် ...
သတင်း

ကတုံးပေါ် ထိပ်ကွက်သူ

စာရေးသူ ငရဲပြည်မှ ပြန်ရောက်စ ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့ကဖြစ်သည်။ စာရေးသူသည် စစ်ကိုင်းတိုင်း-မြို့တစ်မြို့သို့ တရားဟောရန် ကြွရောက်ခဲ့၏။ အေးအေးဆေးဆေး နားနားနေနေဖြစ်အောင် မွန်းလွဲပိုင်းကတည်းက ရောက်နှင့်နေခဲ့ပေသည်။ စာရေးသူရောက်မဆိုက်ပင် တရားပွဲစီစဉ်သူတစ်ဦးက ဓမ္မပူဇာငွေတွေ ပြန်လှူခဲ့စေလိုကြောင်း ရေလာမြောင်းပေးဖြင့် စကားခေါ်၍နေလေ၏။ ဇွန်လ -၁ရက်နေ့က ဟောခဲ့သော ဓမ္မကထိကဆရာတော်လည်း လှူခဲ့သည်ဆို၏။ လှူခဲ့သော ဆရာတော်မှာ တရားပွဲကျင်းပရာ မြို့နယ်ဇာတိဖြစ်လေသည်။ ၄င်းဇာတိမှာ ၄င်းတရားဟောရသည့် ငွေများကို ပြန်လှူသွားခြင်းဖြစ်၏။ စာရေးသူက ချက်ချင်းအဖြေမပေးသည့်အခါ ခေါင်းဆောင်ဆိုသူကို သတင်းပို့ဟန်ရှိ၏။ ခေါင်းဆောင်ဆိုသူ စာရေးသူထံရောက်လာ၏။ လွယ်အိတ်ကလေးလွယ်ထား၏။ လွယ်အိတ်ကလေးက ...
သတင်း

လောကအလင်း ကျောင်းသားကျောင်းသူများ လာရောက်ဖူးမြော်

ဒီနေ့ ပြာသိုလဆန်း(၁၁)ရက် 28.12.2017 ညနေ ၅း၃၀နာရီမှာ ဓမ္မသဟာယကျောင်းသို့ လာရောက်ဖူးမြော်ကြပါတယ်။ အင်္ဂလိပ်စာနှင့် မြန်မာစာ ဆရာတော်နှစ်ပါး ဦးဆောင်ပြီး သြဝါဒခံယူကြတာပါ။ ဒီနေ့ အစမ်းစာမေးပွဲ နောက်ဆုံးနေ့ဖြေပြီးချိန်ဖြစ်လို့ မနက်ဖြန်ဆို ဘုရားဖူးထွက်ကြမှာပါ။ ဘုရားဖူးမသွားခင် လာရောက် ဖူးမြော်ကြခြင်းဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူများ ဆရာ ဆရာမများအားလုံး ဦးရေ ၆၀ ဘုရားဖူးထွက်ကြပါမယ်။ ဘုရားဖူးထွက်တဲ့အခါ ကုသိုလ်ရအောင်ယူဖို့ သြဝါဒပေးပါတယ်။ စာမေးပွဲ ရက် ၆၀ပဲလိုတော့တာမို့ ကျန်းမာရေးနဲ့ပတ်သက်တာလေးတွေ သြဝါဒပေးပါတယ်။ ဓမ္မစေတိယကျောင်းတော်ကြီး အပေါ်ဆုံးထပ်မှ လောကနာထစေတီတော်ကြီးကို သွားရောက်ဖူးမြော်ပြီးမှ ပြန်ကြပါတယ်။ လောကအလင်း တည်ထောင်ခဲ့တာ ၆နှစ်ရှိပါပြီ။ ကျောင်းသူကျောင်းသားများ မစိုးရိမ်ထိလာပြီးကန်တော့တာ ဒီတစ်ကြိမ်ပါပဲ။ သူတို့လေးတွေပညာရေးအတွက် ...
သတင်း

ရှေးဟောင်းစေတီပုထိုးများနှင့် သီတဂူကြယ်တစ်ပွင့် ဇာတိရွာ

25.12.2017 ပြာသိုလဆန်း(၈)ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အင်းဘဲကြီးကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ အင်းဘဲကြီးကျေးရွာ ရွှေညောင်တော်ကျောင်းတိုက်မှာ ခဏနားပြီး ကျောင်းထိုင်ဆရာတော်နှင့် တွေ့ဆုံကာ ရွှေဟောင်းစေတီပုထိုးများကို ဖူးမြော်ပူဇော်ပါတယ်။ နေ့ဆွမ်းစားနေစဉ် သီတဂူကြယ်တစ်ပွင့်ဆရာတော် အရှင်ပညာနန္ဒ ရောက်ရှိလာပါတယ်။ ဓမ္မကထိက ညီနောင်များ စကားလက်ဆုံကျပြီးသကာလ နေ့ဆွမ်းစားအပြီးမှာ သီတဂူကြယ်တစ်ပွင့်၏ ဇာတိရွာ ဖိုးဝင်းတပ်ရွာသို့ ရောက်ရှိပါတယ်။ ဖိုးဝင်းတပ်ရွာမှာ သီတဂူကြယ်တစ်ပွင့်ဆရာတော် ဆောင်ရွက်လျက်ရှိသော သာသနာပြု ပရဟိတ လုပ်ငန်းများကို လေ့လာခွင့်ရခဲ့ပါတယ်။ အင်းဘဲကြီးကျေးရွာနှင့် ကပ်လျက်ရှိပြီး အင်းဘဲကြီးကျေးရွာမှာလည်း ရှေးဟောင်းစေတီပုထိုး တစ်ရာနီးပါး ရှိတယ်လို့ဆိုပါတယ်။ ဘုရားဒကာ ဦးနိုင်နိုင်အောင်+ဒေါ်ဖြူဖြူအောင် မိသားစုက စေတီ ၂ဆူ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (လောကအလင်း ပညာရေးအလှူတော်)

ဆရာတော် ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန ကျူရှင်ကျောင်းအတွက် ရန်ကုန်မြို့ စေတနာရှင်ချယ်ရီပရဟိတအသင်းမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (27.12.2017) အလှူရှင် စေတနာရှင်ချယ်ရီပရဟိတအသင်းနှင့်အတူ ဆင်းရဲသူ/သားတို့၏ ပညာရေးကို လိုလားကြကုန်ုသော အနုမောဒနာပြုကြသူ ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ…။ လောကအလင်း ပညာဒါန ကျူရှင်ကျောင်းသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၅၃ လမ်းနှင့် ယုဇနလမ်းသွယ်ရှိ မဟာဣန္ဒကာရာမကျောင်းတိုက်အတွင်းမှာ တည်ရှိပါတယ်။ ဆရာတော် ဦးဝီရသူ ၂၀၁၂-ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ဆယ်တန်းကျောင်းသူ/သား ...
သတင်း

ဦးဝင်းတင်စကားနဲ့ ပြောရရင်တော့ ဒီအစိုးရကို ငါမယုံဘူး ဒါပဲ(အပိုင်း-၂-နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- တစ်လောကပဲ မုံရွာက ဆရာတော်ဦးပညာစက္ကာဘိဝံက အရှင်ဘုရားအကြောင်း ရေးထားတဲ့အထဲမှာပါတဲ့ အစိုးရပထမပြန် စာမေးပွဲတွေမှာ ငယ်ရွယ်ပြီးဆိုးသွမ်းတဲ့ ကိုရင်ဦးဇင်းတွေကို စောင့်ကြည့်ကြပ်မတ်ဖို့အတွက် အရှင်ဘုရားဦးစီးလို့ ဝိသောဓနီအဖွဲ့ဖွဲ့ပြီးလှည့်လည် စောင့်ကြည့်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ ခုကော လုပ်သေးလားဘုရား၊ ဘာရည်ရွယ်ချက်ကြောင့် လုပ်ခဲ့တာလဲဘုရား။ ဖြေ- နံပါတ်တစ်အချက်က အဲဒီခေတ်(၂၀၀၀ခုနှစ်ဝန်းကျင်)က တော်တော်ဆိုးတယ်။ ဆယ်တန်းကျောင်းသားတွေ ပုံစံမျိုးကြီးချိုးပြီးတော့ တော်တော်စည်းကမ်းပျက်ကြတာပေါ့နော်။ ဆယ်တန်းကျောင်းသားတွေက ကားပေါ်က စာရွက်တွေကျဲချတယ်ဆိုရင် သူတို့ကလည်းပဲ အဲဒီလိုစာရွက်လေးတွေအဆင်သင့်လုပ်လာပြီး ကျဲချပေါ့၊ ဆယ်တန်းကျောင်းသားတွေက အုပ်လိုက်ကြီး ဆိုင်ကယ်နဲ့ တောင်အော်မြောက်အော်အော်သလို သူတို့ကလည်း ကားခေါင်မိုးပေါ်က တောင်အော်မြောက်အော်အော်ပေါ့နော်။ ကျောင်းသားတွေက အုပ်လိုက်ကြီး ...