Monthly Archives: November 2023

မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

ယွန်းဝတီ မိသားစု၏
ဆဋ္ဌမအကြိမ်
ပညာရေးပဒေသာပင် အလှူတော်

ယွန်းဝတီ မိသားစု၏ဆဋ္ဌမအကြိမ်ပညာရေးပဒေသာပင် အလှူတော် မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ပညာရေးပဒေသာပင်အဖြစ် မော်လမြိုင်မြို့၊ ယွန်းဝတီရွှေဆိုင်မိသားစုက အောက်တိုဘာလ အတွက် အလှူငွေ ၃သိန်းကျပ်လှူဒါန်းပါသည်။ ယ္ခုအလှူတော်သည် ဆဋ္ဌမအကြိမ် အလှူတော်ဖြစ်ပြီး ၂၀၂၃ခုနှစ် မေလမှစ၍ လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ဒေါ်အေးအေးသိန်း(ယွန်းဝတီ) ရွှေဆိုင် မိသားစုသည် ကမ္ဘာကျော်ဆရာတော် တည်ထောင်ထားသည့် ကျန်းမာချမ်းသာ တရားရိပ်သာအတွက် ကျောင်းမြေ ဧက၂၀ အလှူရှင်များဖြစ်သလို ၎င်းရိပ်သာနှင့် ဆရာတော်၏ နဝကမ္မအတွက် လစဉ် ၁၀သိန်းကျပ် လှူဒါန်းနေသူလည်း ဖြစ်ပါသည်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ သံဃာများ၊ ဆရာ/ဆရာမများ၊ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

၁၅ကြိမ်မြောက် ရွှေအိမ်မိသားစု အလှူတော်

၁၅ကြိမ်မြောက် ရွှေအိမ်မိသားစု အလှူတော်======================== မင်းကွန်း၊ပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီကျောင်း၊ ပညာရေးပဒေသာပင်အဖြစ်ဦးတင်မောင်ဝင်း+ဒေါ်ဌေး၊ ရွှေအိမ်မိသားစု၊ နေပြည်တော်က အလှူငွေ၁၅၀၀၀၀၀(တစ်ဆယ့်ငါးသိန်)ကျပ် လှူဒါန်းပါသည်။ ယခု လှူဒါန်းမှူသည် ၁၅ကြိမ်မြောက် ဖြစ်ပြီး ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်၌ ပထမအကြိမ်မှ နဝမ အကြိမ်အထိ စုစုပေါင်း အလှူငွေ ၁၂,၀၀၀,၀၀၀(သိန်းတစ်ရာ့နှစ်ဆယ်)ကျပ် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ ယခုအလှူတော်သည် ၂၃-၂၄ ပညာသင်နှစ်အတွက် ဆဋ္ဌမအကြိမ် အလှူတော်ဖြစ်ပါသည်။ ယခင်အလှူငွေများနှင့်ဆိုလျှင် ရွှေအိမ်မိသားစု၏ ထာဝရပဒေသာပင်အလှူတော်သည်၂၁,၀၀၀,၀၀၀ (သိန်းပေါင်းနစ်ရာ့တစ်ဆယ်)ကျပ် ရှိပြီဖြစ်ပါသည်။ ယ္ခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မင်းကွန်း၊ပုထိုးတော်ကြီး၊ပညာရေးအကယ်ဒမီကျောင်း၌ဆရာတော်သံဃာတော်များ၊ကျောင်းဆရာ၊ဆရာမများ၊ကျောင်းသူကျောင်းသားများ၄၅၄ ဦးရှိရာ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

ဒုတိယအကြိမ် သက်တော်ရှည်ပူဇော်ပွဲ ကျင်းပ

————————–။—————————– “ဒုတိယအကြိမ် သက်တော်ရှည်ပူဇော်ပွဲ ကျင်းပ” ————————–။—————————–        သက်တော်ရှည် ဆရာတော်ကြီးများအား ဒုတိယအကြိမ်အဖြစ် ပူဇော်ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ (30.10.2023) မှာ ကျင်းပခဲ့ပါတယ်။         မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းမှာ ကျင်းပခြင်းဖြစ်ပြီး မန္တလေးခုနစ်မြို့နယ်မှ သက်တော်ရှစ်ဆယ်ပြည့်တော်မူပြီးသည့် ဆရာတော်ကြီးများ ကြွရောက်ကြပါတယ်။         မစိုးရိမ်တိုက်သစ်၊ မဟာနယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသော တပည့် ဒကာ ဒကာမများက ဩကာသကန်တော့ချိုးဖြင့် ပူဇော်ခြင်း၊ မိုးကောင်းတိုက်၊ ဇယဝတီဆရာတော်ကြီး ဘဒ္ဒန္တသုဇနာဘိဝံသက ဩဝါဒပေးခြင်း၊ ...
သတင်း

“ပညာရေးအကယ်ဒမီ ရေကန်တော်နှင့်ကျောင်းဆောင်သစ် ရေစက်ချ အလှူပွဲ”

“ပညာရေးအကယ်ဒမီ ရေကန်တော်နှင့်ကျောင်းဆောင်သစ် ရေစက်ချ အလှူပွဲ” —————————————————————————————           သီတင်းကျွတ်လပြည့်ကျော် ၂ရက်(31.10.2023) ရက်နေ့မှာ ကျင်းပပါတယ်။           စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ စံတော်မူကျောင်းတိုက်၊ ပညာရေးအကယ်ဒမီကျောင်းမှာ ကျင်းပတာပါ။           ရေကန်တော်နှင့် ဆွမ်းစားကျောင်းဆောင်သစ် ရေစက်ချပွဲဖြစ်ပြီး သီရိဓဇဆရာတော်ကြီး၊ ဓမ္မနာဒတိုက်အုပ်ဆရာတော်ကြီး အမှူးပြုသော မင်းကွန်းတောင်ရိုးသံဃာတော်များ ကြွရောက်ချီးမြှောက်တော် မူကြပါတယ်။           ကျောင်းသူကျောင်းသားများအား တစ်ရက်စာထမင်းသုံးနပ်ကျွေးမွေးခြင်း၊ မုန့်ထုပ်များ လှူဒါန်းခြင်း၊ ဇာတ်သဘင်ဖြင့်ဖျော်ဖြေခြင်း၊ သံဃာတော်များအား နဝကမ္မအလှူငွေ သုံးသောင်းကျပ်စီလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။           သုံးရေကန်အလှူရှင်ကတော့ ရမည်းသင်းမြို့၊ KT(2) ...