Monthly Archives: April 2023

မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

ပညာရေး အကယ်ဒမီ ရိက္ခာအလှူခံပွဲ (၃)

ပညာရေး အကယ်ဒမီ ရိက္ခာအလှူခံပွဲ (၃) မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း သံဃာတော်များနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ ၏ စားနပ်ရိက္ခာအတွက် ကျေးရွာများသို့ အလှူခံထွက်နေပါသည်။ ၁၃၈၄ – ခုနှစ်၊ တန်ခူးလပြည့်ကျော် (၃)ရက်၊ (၇.၄.၂၀၂၃) ရက်နေ့နံနက်ပိုင်း၌ ရမည်းသင်းမြို့နယ် ညောင်အိုင်ရွာသို့ ရောက်ရှိကာ ရွာခံဆရာတော်များနှင့် ရွာသူ/သားများက ဝမ်းပန်းတစ်သာ လှူဒါန်းကြပါသည်။ ဤအလှူခံပွဲ ဖြစ်မြောက်ရေးအတွက် ရမည်းသင်းမြို့ KT – 2 စတိုးဆိုင်မှ ဒေါ်ချိုနှင့် ရွာခံ ဆရာတော်များက စီးစဉ်ပေးခြင်းဖြစ်ကာ ပညာရေးအကယ်ဒမီမှ အရှင်တေဇောဘာသ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

ပညာရေးအကယ်ဒမီကျောင်း ရိက္ခာအလှူတော်အတွက်

ပညာရေးအကယ်ဒမီကျောင်း ရိက္ခာအလှူတော်အတွက် ရမည်းသင်းမြို့၊ရန်အောင်မင်းကျောင်းဆရာတော်ကြီးဘုရားကြီးမှ အလှူငွေ ၃၀၀၀၀၀ (သုံးသိန်းကျပ်) လှူဒါန်းပါသည်။ ရန်အောင်မင်းကျောင်းဆရာတော်ကြီးနှင့် တပည့် ဒကာ ဒကာမများ ကိုယ်စား ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကာ အမျိုးဘာသာ သာသနာအကျိုးကို ဆတက်ထမ်းပိုး တိုး၍သယ်ပိုးနိုင်ပါစေဘုရား။
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

” ပညာရေးအကယ်ဒမီရိက္ခာအလှူခံပွဲ(ရမည်းသင်း)မှလှူဖွယ်စာရင်း “

” ပညာရေးအကယ်ဒမီရိက္ခာအလှူခံပွဲ(ရမည်းသင်း)မှလှူဖွယ်စာရင်း “ မင်းကွန်း၊ပုထိုးတော်ကြီး၊ပညာရေးအကယ်ဒမီကျောင်း၏၂၀၂၃-၂၀၂၄ ခု ပညာသင်နှစ်အတွက် ရိက္ခာအလှူခံထွက်လျက်ရှိရာ ရမည်းသင်းမြိုနယ် ၊ကမ္မရွာ၊သစ္စေးရွာ၊လက်ပန်တောရွာ၊ရိုးကြီးရွာ၊ပုတီးကုန်းရွာ၊သီးကုန်းရွာ၊ညောင်အိုက်ရွာနှင့်ပျော်ဘွယ်မြို့နယ် ဒိုင်းချောင်းရွာ သို့ရောက်ရှိခဲ့ပါသည်။ ၎င်းရွာတို့၌ 5.4.2023 မှ 8.4.2023 အထိလေးရက်တိတိ အလှူခံခဲ့ရာ – အလှူငွေ – ၁,၀၃၇,၅၅၀ ကျပ်နှင့် ဆန် – ၁၅အိတ် ကြက်သွန် -၂၃အိတ် ခေါက်ဆွဲ – ၁အိတ် မြေပဲ ၊ငရုပ်သီး ၊ဆား အိတ်၀က်စီ ရရှိခဲ့ပါသည်။ မင်းကွန်း ၊ပုထိုးတော်ကြီး ၊ပညာရေးအကယ်ဒမီးကျောင်း၌ G-9 မှ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

ပညာရေး အကယ်ဒမီ ရိက္ခာအလှူခံပွဲ (၂)

ပညာရေး အကယ်ဒမီ ရိက္ခာအလှူခံပွဲ (၂) ************************ ပညာရေးအကယ်ဒမီ မင်းကွန်းပုထိုးတော်ကြီး အကယ်ဒမီကျောင်း သံဃာတော်များနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ ၏ စားနပ်ရိက္ခာအတွက် ကျေးရွာများသို့ အလှူခံထွက်နေပါသည်။ ၁၃၈၄ – ခုနှစ်၊ တန်ခူးလပြည့်ကျော် (၂)ရက်၊ (၆.၄.၂၀၂၃) ရက်နေ့နံနက်ပိုင်း၌ ရမည်းသင်းမြို့နယ် ပုတီးကုန်းရွာ၊ ညနေပိုင်း၌ သီးကုန်းရွာတို့သို့ ရောက်ရှိကာ ရွာခံဆရာတော်များနှင့် ရွာသူ/သားများက ဝမ်းပန်းတစ်သာ လှူဒါန်းကြပါသည်။ ၎င်းနေ့ တစ်ရက်တည်းမှာပင် ဆန် (၄)အိတ်ခွဲ၊ ကြက်သွန်နီ (၆)အိတ်ခွဲ၊ မြေပဲ အိတ်ဝက်၊ ငရုပ်သီး ...
သတင်း

၂၀၂၃ ခုနှစ် စာဖြေသံဃာ – ဆွမ်းအလှူရှင်များ

၂၀၂၃ ခုနှစ် စာဖြေသံဃာ – ဆွမ်းအလှူရှင်များ           မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၌ နှစ်စဉ်ကျင်းပသော စာဖြေသံဃာအရုဏ်ဆွမ်း ဆက်ကပ်ပွဲကို ၁၃၈၄ခု တန်ခူးလ္ဆန်း ၁ ရက်မှ ၁၄ရက်(၂၁.၃.၂၀၂၃မှ ၃.၄.၂၀၂၃) အထိ ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ ကုသိုလ်ရှင်များ၏ အလှူငွေမှာ ၁၂,၃၃၅,၀၀၀ (တစ်ရာ့နှစ်ဆယ့်သုံးသိန်းသုံးသောင်းငါးထောင်) ဖြစ်ပြီး အသုံးပြုငွေမှာ ၁၀,၈၈၁,၉၀၀(တစ်ရာ့ရှစ်သိန်းရှစ်သောင်းတစ်ထောင်ကိုးရာ) ကျပ်ဖြစ်ပါသည်။           သို့ဖြစ်၍ ၁,၄၅၃,၁၀၀ (တစ်ဆယ့်လေးသိန်းငါးသောင်းသုံးထောင့်တစ်ရာ)ကျပ် ပိုပါသည်။           ၎င်းပိုငွေကို စာဖြေသံဃာအရုဏ်ဆွမ်း ခေါင်းစဉ်ဖြင့် ဖွင့်လှစ်ထားသော ...
Uncategorizedသတင်း

နှစ်ဦးအထူးတရားပွဲ

နှစ်ဦးအထူးတရားပွဲ           ၁၃၈၅ ခုနှစ်ရဲ့ အရင်ဦးဆုံး ရက်စွဲလေးပါ။ နှစ်ဆန်းတစ်ရက်နေ့လို့ခေါ်ပါတယ်။           ဦးတန်ခူးလပြည့်ကျော် ၁၃ရက်၊ (၁၇-၄-၂၀၂၃) တနင်္လာနေ့ဖြစ်ပါတယ်။           နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာ၊ နှစ်ဦးအထူးဓမ္မမှာ ဟောကြားခဲ့ပါတယ်။           သံဃာတော်များ၊ သီလရှင်များ၊ ရွာသူ/ရွာသားများ ဧည့်ပရိသတ်များ တက်ရောက်နာယူကြပါတယ်။           တရားအမည်ကတော့ မေတ္တာရေနဲ့ဆေးကြောစေ ဖြစ်ပါတယ်။           စိတ်မှာစွဲကပ်နေတဲ့ ရမ္မက်နဲ့ အမျတ် အညစ်အကြေးတွေကို မေတ္တာရေနဲ့ ဆေးကြောကြစေဖို့ပါ။           အားလုံး ဖြစ်မျိုးမှဲ့မထင်၊ နာကျင်မှုများ ကင်းရှင်းကြပါစေ။ ...