မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

” ပညာရေးအကယ်ဒမီရိက္ခာအလှူခံပွဲ(ရမည်းသင်း)မှလှူဖွယ်စာရင်း “

” ပညာရေးအကယ်ဒမီရိက္ခာအလှူခံပွဲ(ရမည်းသင်း)မှလှူဖွယ်စာရင်း “

မင်းကွန်း၊ပုထိုးတော်ကြီး၊ပညာရေးအကယ်ဒမီကျောင်း၏၂၀၂၃-၂၀၂၄ ခု ပညာသင်နှစ်အတွက် ရိက္ခာအလှူခံထွက်လျက်ရှိရာ ရမည်းသင်းမြိုနယ် ၊ကမ္မရွာ၊သစ္စေးရွာ၊လက်ပန်တောရွာ၊ရိုးကြီးရွာ၊ပုတီးကုန်းရွာ၊သီးကုန်းရွာ၊ညောင်အိုက်ရွာနှင့်ပျော်ဘွယ်မြို့နယ် ဒိုင်းချောင်းရွာ သို့ရောက်ရှိခဲ့ပါသည်။

၎င်းရွာတို့၌ 5.4.2023 မှ 8.4.2023 အထိလေးရက်တိတိ အလှူခံခဲ့ရာ –

အလှူငွေ – ၁,၀၃၇,၅၅၀ ကျပ်နှင့်

ဆန် – ၁၅အိတ်

ကြက်သွန် -၂၃အိတ်

ခေါက်ဆွဲ – ၁အိတ်

မြေပဲ ၊ငရုပ်သီး ၊ဆား အိတ်၀က်စီ ရရှိခဲ့ပါသည်။

မင်းကွန်း ၊ပုထိုးတော်ကြီး ၊ပညာရေးအကယ်ဒမီးကျောင်း၌ G-9 မှ G-12 အထိ ကျောင်းသူကျောင်းသား (၄၀၀)နီးပါးရှိမည်ဖြစ်ရာ တစ်ရက်လျှင် ဆန်လေးပိုင်း(သုံးနပ်စာ)ကျွေးမွေးရပါမည်။

သို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန် ဆီ ငရုပ် ကြက်သွန် ပဲ အာလူး စသော အခြေခံစားသောက်ကုန်များ လှူဒါန်းလိုပါက သီးနှံပေါ်ချိန်၌ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

ဆက် သွယ် တာဝန်ခံဆရာတော် ဦးဇဝန

09 445580969