Monthly Archives: September 2021

သတင်း

သင်္ကန်းဖြူကို ဝတ်ဆင်ခဲ့ရပြီး ဆယ်လနဲ့ ရက်နှစ်ဆယ်ပြည့်တဲ့နေ့

သင်္ကန်းဖြူကို ဝတ်ဆင်ခဲ့ရပြီး ဆယ်လနဲ့ ရက်နှစ်ဆယ်ပြည့်တဲ့နေ့ ဆယ်လအတွင်းမှာ ဘုရားစေတီတွေကို အဝေးကပဲ ဖူးမြှော်ခဲ့ရသူ။ နရသိန်ထဲက ဘုရားတော့ ဖူးရမှာပေါ့။ အပြင်ကမ္ဘာက ဘုရားတွေကိုတော့ အချုပ်ကားကြီးစီးပြီး ရုံးထုတ်တုန်းက ကားပေါ်ကနေ ခဏတာ ဖူးမြင်ခဲ့ရသူ။ ကိုဗစ် ၁၉ ​ရောဂါကူးစက်ခံရတော့ ကျောက်တော်ကြီးဘုရားနားက သာသနာ့ဗိမ္မာန် ကိုဗစ်စင်တာမှာ သီတင်းသုံးရပြီး ပြန်မကြွခင် ကျောက်တော်ကြီးဘုရားကို တက်ရောက်ဖူးမြှော်ခွင့်ရခဲ့သူ။ ဆေးရုံတက်နေရတဲ့အချိန်မှာလည်း ကိုဗစ်တတိယလှိုင်းဂယက်ကြောင့် ဘယ်မှမသွားရသလို၊ ဘယ်သူနဲ့မှမတွေ့ရသူ။ အခုတော့ အပြင်ကမ္ဘာကို ခဏရောက်လာပြန်ပြီ။ မြင့်မြတ်တဲ့ အရဟတ္တဓဇမြတ်သင်္ကန်းကို ဆင်မြန်းဖို့ အပြင်ကမ္ဘာကို ခဏရောက်ရတာပါ။ ...
သတင်း

နရသိန်နှင့်သေခန်းပြတ်သူ သို့မဟုတ် မင်းသားပဲလုပ်တော့မည့် လူကြမ်းကြီး

နရသိန်နှင့်သေခန်းပြတ်သူ သို့မဟုတ် မင်းသားပဲလုပ်တော့မည့် လူကြမ်းကြီး ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ *** ဗုဒ္ဓမြတ်စွာဘုရားရှင်ပွင့်တော်မူပြီး နောက်သုံးနှစ်အကြာ မဟာသက္ကရာဇ် ၁၀၆ ခုနှစ်၌ ရဟန္တာအရှင်သူမြတ် ၁၀၈ ပါးတို့ဖြင့် သမုတ်တော်မူခဲ့သော ရှေးဟောင်းရဟန္တာမဟာသိမ်တော်ကြီးတွင် သာသနာ့ဦးသျှောင်ဆရာတော်ကြီး ငါးပါး၏ ချီး​မြှောက်မှုဖြင့် သင်္ကန်းဖြူကို စွန့်လွှတ်ခဲ့သူ *** မြင့်မြတ်သော အရဟတ္တဓဇ မြတ်သင်္ကန်းကို သိက္ခာဆင့် ကံမြှင့်မင်္ဂလာပြုလုပ်ပြီး သင်္ကန်းဖြူမှ မူလဘူတ ရွှေဝါရောင် မြတ်သင်္ကန်းကို ဆင်မြန်းခဲ့သူ *** အရဟတ္တဓဇ(ရဟန္တာတို့၏ တံခွန်) မြတ်သင်္ကန်းကို ဝတ်ရုံပြီးနောက် နရသိန်နှင့် ဒီတစ်ခါ သေခန်းပြတ်ပြီဟု ...
သတင်း

“သဘာဝမန်ကျည်းမျက်စဉ်း ခတ်ခြင်းဖြင့် မျက်လုံးကျန်းမာရေး စောင့်ရှောက်နိုင်ကြပါစေ”

“သဘာဝမန်ကျည်းမျက်စဉ်း ခတ်ခြင်းဖြင့် မျက်လုံးကျန်းမာရေး စောင့်ရှောက်နိုင်ကြပါစေ” ========================================= အခုပုံပါ ကလေးငယ်လေး ခံစားနေရတဲ့ ရောဂါမျိုးကို သဘာဝမန်ကျည်းမျက်စဉ်းက အရှင်းပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။ ဆေးထိုး/ဆေးစားစရာမလိုဘဲ မျက်စဉ်းပုံမှန်ခတ်ရုံနဲ့ အကောင်းပကတိ အဆင့်သို့ ပြန်လည်ရောက်ရှိသွားမှာပါ။ နေ့လယ် အနားယူချိန် ညအိပ်ရာဝင်ချိန်လောက်သာ ခတ်ရင်တော့ တစ်ပတ်အတွင်း ပျောက်ကင်းသွားနိုင်ပြီး ပထမတစ်ရက်မှာတင် အရောင်ဖျော့သွားတာကို တွေ့မြင်ရမှာပါ။ တစ်နေ့ လေးကြိမ်အထက် ခတ်ရင်တော့ ငါးရက်အတွင်းကို ပျောက်ကင်းနိုင်ပါတယ်။ ရွှေမျက်စဉ်းကို မန်ကျည်းသီးမှည့်၊ မိုးရေတို့ဖြင့်သာ ဖော်စပ်ထားပေမဲ့ မျက်လုံး မျက်ကြည်လွှာ မျက်ကြောနဲ့ သက်ဆိုင်တဲ့ နီခြင်း၊ ...
ဆောင်းပါး

“နိုင်ငံရေးသွေးနှင့် နိုင်ငံရေးပိုး” (၃)

“နိုင်ငံရေးသွေးနှင့် နိုင်ငံရေးပိုး” (၃) သင်္ဃန်းဖြူဆရာတော် (16.9.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၃၉) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။) NLD သည် အစိုးရကောင်းတစ်ရပ် ဟုတ်လေသလော             ဒီမိုကရေစီဆိုသည်မှာ By the people, For the people, Of the people (ပြည်သူက ပြည်သူ့အတွက် ပြည်သူကို အုပ်ချုပ်ရသောစနစ်) ဖြစ်၏။ အတိုက်အခံကာလ၌ ထို P သုံးလုံးကို အမြဲပြောလေ့ရှိသော NLDပါတီ ခေါင်းဆောင်များသည် အစိုးရတစ်ရပ်အဖြစ် ...
သတင်း

“စခန်းဝင်သက်န်းလေးပါ”

“စခန်းဝင်သက်န်းလေးပါ” 2.9.2020 ရက်နေ့ ဒဂုံရဲစခန်းမှာ ထားရစ်ခဲ့တဲ့ ဒွိစုံရယ် ကိုယ်ပတ်ရယ် နေရာထိုင်အခင်းရယ် တပည့်တွေသိမ်းထားပေးတာပါ။ အခု ပြန်ဝတ်ပါတော့မယ် ဗုဒ္ဓသာသနာတော်ကို ဤသက်န်းရောင်ကဲ့သို့ တောက်ပထွန်းလတ်အောင် ပြုစွမ်းဆောင်နိုင်ရလိုပါ၏ မြတ်စွာဘုရား….. အရှင်ဝီရသူ 25.9.2021 pm 9.58
သတင်း

“သိက္ခာဆင့် ကံမြှင့်အခမ်းအနား”

“သိက္ခာဆင့် ကံမြှင့်အခမ်းအနား” ================ စာရေးသူရဲ့ သင်္ကန်းတော်ဆင်မြန်းပွဲ အခမ်းအနားလေးပါ။ အလွယ်ပြောရရင်တော့ သင်္ကန်းဝတ်ပွဲ ကံထပ်ပွဲပေါ့နော်။ 22.9.2021 ရက်နေ့ မွန်းလွဲ ၃း၀၀ နာရီမှာ ကျင်းပပါတယ်။ ရွှေတိဂုံတောင်ဘက်မုခ်အနီး မဟာဝိဇယစေတီတော်ကြီးဘေးက ရဟန္တာသိမ်တော်ကြီးမှာ ကျင်းပတာပါ။ ရွာမဆရာတော်ကြီးနှင့်အတူ ဇွဲကပင်ဆရာတော်ကြီး၊ မြစေတီဆရာတော်ကြီး၊ ပန်းတနော်ဆရာတော်ကြီးနှင့် မော်ကျွန်းတိပိဋကဆရာတော်တို့ ကြွရောက်ချီးမြှောက်တော်မူကြပါတယ်။ ကမ္မဝါရွတ်ဖတ်တော်မူတဲ့အခါ ဝိစိတ္တော ဝိစိတ္တံ စသည်ဖြင့် စာရေးသူရဲ့ ရဟန်းဘွဲ့အမည်နာမကို တိုက်ရိုက်သုံးစွဲပြီး ရွတ်ဖတ်တော်မူခဲ့ကြပါတယ်။ သင်္ကန်းဒွိစုံနှင့် ဒုကုဋ်သင်္ကန်းကြီး အလှူရှင်ကတော့ ဦးရန်ကြီးအောင်+ ဒေါ်တင်တင်မော် မိသားစုဖြစ်ပြီး သပိတ်နှင့် ...
သတင်း

“သီတဂူဆရာတော် ရုရှားခရီးစဉ်သတင်း”

“သီတဂူဆရာတော် ရုရှားခရီးစဉ်သတင်း” (လွင်တီးခေါင်ပြင်မှ ထူးထူးခြားခြား ဆွေမျိုးများနှင့် ဆုံတွေ့ခြင်း) သီတဂူ ဆရာတော်ဘုရားကြီး ဦးဆောင်သောသာသနာပြုအဖွဲ့သည် ကာမီးကီးယားခရိုင် အယ်လစ်တာမြို့ပြင် လွင်တီးခေါင်၌ လွန့်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ဗုဒ္ဓဘာသာများ စိုက်ပျိုးခဲ့သော လင်းလွန်းပင်ခြေရင်း၌ ကာမီးကီယား ဗုဒ္ဓဘာသာများကို တွေ့ဆုံသည်။ တွေ့ဆုံပွဲ၌.. သက်တော် ၈၀၊ ၉၀ အရွယ်ရှိ အမျိုးသား အမျိုးသမီးကြီးများ၊ အရွယ်စုံမှ ဗုဒ္ဓဘာသာဝင်များက မနက် ၁၀ နာရီကတည်းက စောင့်စားနေကြပါသည်။ ဆရာတော်ကြီးနှင့် သံဃာတော်များ ကြွရောက်ချိန်မှာတော့ သက်တော် ၈၀၊ ...
ဆောင်းပါး

“ငရဲလောင်းတို့ ပွဲတောင်းသံ” (ခ)

 “ငရဲလောင်းတို့ ပွဲတောင်းသံ” (ခ) သင်္ဃန်းဖြူဆရာတော် (26.8.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၃၇) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။) တစ်ကိုယ်တော်အတွေးများ           “လက်လုပ်သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်း၊ လေသေနတ်၊ တူမီး၊ ဂျင်ကလိ၊ ဓား၊ လှံ၊ မှိန်း၊ လေးခွ၊ ပေသီး၊ ကုန်းသီး … သြော် … ရရာလက်နက်တွေ စွဲကိုင်ပြီး တော်လှန်နေကြတာပေါ့လေ … ဟုတ် လား”           “အခု အုပ်ချုပ်နေတဲ့ နိုင်စီမံအစိုးရက ကိုလိုနီအစိုးရပေါ့လေ … ဟုတ်လား” ...
ဆောင်းပါး

“ငရဲလောင်းတို့ ပွဲတောင်းသံ” (က)

“ငရဲလောင်းတို့ ပွဲတောင်းသံ” (က) သင်္ဃန်းဖြူဆရာတော် (26.8.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၃၆) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)           တိုင်းရေးပြည်ရေးကား မအေးချမ်းသေးဟုထင်၏။ တပ်မတော်နေ့မတိုင်မီ ညနေပိုင်းမှစ၍ အပစ်အခတ် သံများ ကြားနေရ၏။ အသံများကား အတော်နီး၏။ ရိပ်သာဝင်းထဲက ငှက်ပစ်သံဟုပင် ထင်မိ၏။ ငှက်များလည်း ကြောက်လန့်အော်ဟစ် ပျံသန်းနေကြလေ၏။ ညရောက်သည့်အခါ၌လည်း ဆန္ဒပြသံများ ကြားရ၏။ ခါတိုင်းဆို လျှင် သံပုံးတီးသံမျှသာ ကြားရ၏။ ယခုကား ဆန္ဒပြသံများပင် အထင်အရှားကြားနေရလေသည်။ တပ်မတော် နေ့၌ကား ...
ဆောင်းပါး

ပျက်သုဉ်းတော့မည့် နိုင်ငံရေးမျိုးဆက်

ပျက်သုဉ်းတော့မည့် နိုင်ငံရေးမျိုးဆက် သင်္ဃန်းဖြူဆရာတာ် (19.8.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၃၅) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)           တိုင်းရေးပြည်ရေးကား မည်သည့်အခါများမှာမှ ငြိမ်းချမ်းလိမ့်မည်မသိ။ သတင်းစာဖတ်ရသည့်အခါတိုင်း စိတ်မချမ်းမြေ့ဖွယ် သတင်းဆိုးများကိုသာ နေ့စဉ်တွေ့မြင်နေရ၏။ မုဆိုးမသား လူရမ်းကားများကြောင့် တိုင်း ပြည် မတည်မငြိမ်ဖြစ်ကာ တစ်ခါဖူးမျှ မကြုံဖူးသော ဆိုးသွမ်းရမ်းကားမှုများနှင့် ကြုံနေရလေ၏။ အဆိုပါ မြို့ တွင်းသောင်းကျန်းသူဟု ခေါ်ဆိုအပ်သော အနီရောင်ရမ်းကားသူများ၏ အလုံးစုံပျက်သုဉ်းရေး အဖျက်အမှောင့် လုပ်ငန်းများကို သတင်းအဖြစ် တွေ့မြင်ရဖန်များသဖြင့် ဤဆောင်းပါးကို ရေးဖြစ်ခြင်းဖြစ်၏။ ...
သတင်း

“မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး အလှူတော်”

“မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး အလှူတော်” ========================== 25.8.2021 ရက်နေ့၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ-မစိုးရိမ်)အတွက် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ သင်္ကန်း(၁၂၁)စုံ ပေးပို့လှူဒါန်းပါတယ်။ ဆရာတော်ဘုရားကြီး၏ တပည့်ဒကာ ဒကာမများက လာရောက်လှူဒါန်းခြင်းဖြစ်ပါတယ်။ (24.7.2021)ရက်နေ့တုန်းကလည်း မဟာသင်္ကန်း(ဒုကုဋ်)အပါဝအဝင် သင်္ကန်း(၁၃၄)စုံနှင့် ထီး၊ ဖိနပ်၊ သဘက်၊ စာအုပ်၊ ဘောပင်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ သွားတိုက်တံ စတဲ့ အသုံးအဆောင်လှူဖွယ်ပစ္စည်းများကို တပည့်ဒကာ ဒကာမများမှတစ်ဆင့် ပေးပို့လှူဒါန်ခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူအတွက် အမှာစကားမိန့်သည်မှာ “မဟာသင်္ကန်းလှူတော့ မဟာဝီရသူပေါ့ကွာ”ဟူ၏။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ဆရာတော်ဦးဝီရသူအား ...
သတင်းပေးစာ

သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စာအမှတ်။       ။ ၄/ဝီရဝံသ(ပထစ)/၂၀၂၁ ရက်စွဲ။           ။ ၂၀၂၁ ခုနှစ်၊ ဇူလှိုင်လ (၂၂)ရက်။ အကြောင်းအရာ။         ။ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ-မစိုးရိမ်)အား စွဲဆိုထားသော အမှုမှ ရုပ်သိမ်းပေးပါရန် ဒုတိယအကြိမ် ထပ်မံတင်ပြခြင်း။ ၁။ ဝီရဝံသအဖွဲ့သည် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(အရှင်ဝီရသူ-မစိုးရိမ်)က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၂ ရက်၊ တနင်္လာနေ့တွင် ...