သတင်း

“သီတဂူဆရာတော် ရုရှားခရီးစဉ်သတင်း”

“သီတဂူဆရာတော် ရုရှားခရီးစဉ်သတင်း”

(လွင်တီးခေါင်ပြင်မှ ထူးထူးခြားခြား ဆွေမျိုးများနှင့် ဆုံတွေ့ခြင်း)

သီတဂူ ဆရာတော်ဘုရားကြီး ဦးဆောင်သော
သာသနာပြုအဖွဲ့သည် ကာမီးကီးယားခရိုင် အယ်လစ်တာမြို့ပြင် လွင်တီးခေါင်၌ လွန့်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ဗုဒ္ဓဘာသာများ စိုက်ပျိုးခဲ့သော လင်းလွန်းပင်ခြေရင်း၌ ကာမီးကီယား ဗုဒ္ဓဘာသာများကို တွေ့ဆုံသည်။

တွေ့ဆုံပွဲ၌.. သက်တော် ၈၀၊ ၉၀ အရွယ်ရှိ အမျိုးသား အမျိုးသမီးကြီးများ၊ အရွယ်စုံမှ ဗုဒ္ဓဘာသာဝင်များက မနက် ၁၀ နာရီကတည်းက စောင့်စားနေကြပါသည်။

ဆရာတော်ကြီးနှင့် သံဃာတော်များ ကြွရောက်ချိန်မှာတော့ သက်တော် ၈၀၊ ၉၀ ကျော် အဖွားကြီးများသည် မိမိတို့ သားသမီး ပြန်လာလေပြီဟု စိတ်မှတ်ထင်ကာ ပြေးဖက်တော့သည်။

နားမလည်သော စကားများဖြင့်လည်း မျက်ရည်ဝဲကာ ပြောတော့သည်။ ထိုမြင်ကွင်းကို မြင်ရသူ အဖို့မှာတော့ စိတ်မထိန်းနိုင်စရာပင်။

ဆရာတော်ကြီးက.. ဒေသတွေ ဘယ်လောက်ဝေးဝေး၊ ဘာသာစကား တူတူ.. မတူတူ၊ ဒို့အားလုံးဟာ
ဗုဒ္ဓရင်ခွင်မှ ပေါက်ဖွားလာတဲ့ ဗုဒ္ဓဘာသာတွေ၊
တစ်ဆူတည်းသော ဘုရား၌ ကိုးကွယ် ဆည်းကပ်သော ညီအကို မောင်နှမများသာ ဖြစ်သည်ဟု မိန့်ကြားပြီး..
ဗုဒ္ဓတရားကို ထိန်းသိမ်းဖို့၊ ကျင့်ကြံ လိုက်နာဖို့ မိန့်ကြားခဲ့သည်။

ဆရာတော်ကြီး ကားပေါ်တက်ပြီး အပြန်မှာတော့
ကားနောက်ကို ပြေးလိုက်၍ လက်လေးများပြကာ ဝမ်းနည်းစွာ သူတို့တတွေ ကျန်ရစ်ခဲ့လေသည်။

ရဟန်းသံဃာ မမြင်ဘူး..တရားမနာဘူးလေတော့
ရဟန်းသံဃာကို မြင်ရတဲ့အခါ၊ တရားစကား အနည်းငယ်ကို ကြားရတဲ့အခါ သူတို့၏ မျက်နှာပေါ်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကြည့်ပြီး အတော်လေးကို
သံဃာကို ဖူးမြင်ချင်စိတ်၊ တရားနာချင်စိတ် ငတ်နေပါလားဟု သုံးသပ်မိသည်။

ဆရာတော်ကြီး ဦးဆောင်သည့် သံဃာတော်များမှ
မေတ္တာပို့ခြင်း၊ ပရိတ်တရားတော်များလည်း ရွတ်ပေးခဲ့ပါသည်။

==============================
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီတဂူ သာသနာပြုအဖွဲ့
==============================

Posted by သီတဂူသတင်း
ဓါတ်ပုံ – သီတဂူအရှင်ဝိသုတ