ဆောင်းပါး

“ငရဲလောင်းတို့ ပွဲတောင်းသံ” (ခ)

 “ငရဲလောင်းတို့ ပွဲတောင်းသံ” (ခ)

သင်္ဃန်းဖြူဆရာတော်

(26.8.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၃၇) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)

တစ်ကိုယ်တော်အတွေးများ

          “လက်လုပ်သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်း၊ လေသေနတ်၊ တူမီး၊ ဂျင်ကလိ၊ ဓား၊ လှံ၊ မှိန်း၊ လေးခွ၊ ပေသီး၊ ကုန်းသီး … သြော် … ရရာလက်နက်တွေ စွဲကိုင်ပြီး တော်လှန်နေကြတာပေါ့လေ … ဟုတ် လား”

          “အခု အုပ်ချုပ်နေတဲ့ နိုင်စီမံအစိုးရက ကိုလိုနီအစိုးရပေါ့လေ … ဟုတ်လား”

          “ရရာလက်နက်ကိုင်စွဲပြီး တော်လှန်နေသူတွေက မြန်မာ့သူရဲကောင်းကြီးတွေပေါ့လေ … ဟုတ်လား”

          “အေး အေး … မှတ်ထားရမယ်၊ မှတ်ထားပါ့မယ်”

          ဤသည်မှာ သတင်းစာဖတ်ရတိုင်း ပြောမိနေသည့် ရင်တွင်းစကားများ ဖြစ်ပါသည်။

          “ရဲတွေကိုလည်း သတ်၊ အရပ်ဝတ်နဲ့ ခရီးသွားတဲ့ စစ်သားတွေကိုလည်း သတ်၊ သြော် … အဲဒီရဲတွေ၊ စစ်သားတွေက အင်္ဂလိပ်တွေပေါ့လေ”

          “ပြည်သူအချင်းချင်းလည်း အကြမ်းဖက်သတ်ဖြတ်၊ မီးရှို့၊ ဖျက်ဆီး၊ သြော် … အဲဒီပြည်သူတွေက ဖက်ဆစ်အလိုတော်ရိမို့ ဆုံးမကြတယ်ပေါ့နော်”

          “စက်ရုံ အလုပ်ရုံတွေ မီးရှို့၊ စာသင်ကျောင်းတွေ မီးပုလင်းပစ်၊ ဗုံးခွဲ၊ ကျောင်းအုပ်ကို ဖမ်းဆီး မျက်ခုံး မွေး ရိတ်၊ ၀န်ထမ်းတွေပုံကို အသုံးပြုပြီး နည်းမျိုးစုံနဲ့ အရှက်ခွဲ”

          “စက်ရုံ အလုပ်ရုံတွေ မီးရှို့တော့ သူဌေးတွေ စက်ရုံမထောင်ရဲတော့ဘူးပေါ့နော်။ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီး ထမင်းငတ်ဆူပူတော့ အစိုးရအကျပ်ရိုက်ပြီပေါ့နော်”

          “အလုပ်ဆင်းတဲ့ဝန်ထမ်းတွေကြောင့် တိုင်းပြည်ပျက်စီးသွားနိုင်လို့၊ ပညာရေးကို လေးစားအားပေးတဲ့ ဆရာ-ဆရာမတွေကြောင့် ကလေးတွေ အညွန့်တုံးသွားနိုင်လို့၊ ၀န်ထမ်းကောင်း ဆရာ-ဆရာမကောင်းတွေကို Social Bullying အပါအ၀င် နည်းမျိုးစုံ အရှက်ခွဲပြပြီး ဆုံးမကြတယ်ပေါ့နော်”

          “အဲဂလိုလား”

          “အံမယ် … အမှိုက်သပိတ်တဲ့”

          “တော်သေးတာပေါ့လေ၊ သပိတ်အမှိုက်သာဆို ဒုက္ခ”

          “သပိတ်နဲ့ ဆန္ဒလည်း ကွဲပုံမရ”

          “CDM လုပ်တာက သပိတ်၊

          ဗီနိုင်း (ပိုစတာ) ကိုင်တာ၊ ကြွေးကြော်တာက ဆန္ဒ၊

          သံပုံးတီးတာ၊ ကြေညာချက်ထုတ်တာက ဆန့်ကျင်မှု၊

          မီးရှို့တာက ဖျက်ဆီးမှု၊

          သတ်ဖြတ်တာက အကြမ်းဖက်မှု၊

          လမ်းပိတ်တာက တားဆီးပိတ်ပင်မှု၊

          အမှိုက်ပစ်တာက နှောင့်ယှက်မှု”

          “အင်း … တယ်ဟုတ်ပါ့လား”

          “ငြိမ်းချမ်းရေးမိခင်ကြီးရဲ့ သားသမီးတွေဆိုတော့လည်း မိခင်ရဲ့အဆုံးအမဖြစ်တဲ့ ငြိမ်းချမ်းရေးအမွေ တွေရထားလို့ တိုင်းပြည်ငြိမ်းချမ်းရာ ငြိမ်းချမ်းကြောင်းတွေကို သူတို့တတ်နိုင်သလောက် လုပ်ပေးရှာတာနေမှာ ပေါ့။ အဖြည့်ခံ အုတ်ချပ်သဲပွင့်လေးတွေပဲ။ ဂုဏ်ယူထိုက်တယ်ပေါ့နော်”

          “ကောင်းလေစွ”

          “ငြိမ်းချမ်းရေးအလုပ်လုပ်တာတော့ ဟုတ်ပါပြီ”

          “ရထားသံလမ်းတွေကိုဖြုတ်၊ မူလီတွေ၊ ကလစ်တွေကို ဖြုတ်၊ ရထားလမ်းပေါ် အတားအဆီးတွေတင် ပြီး ပိတ်ပင်တားဆီးတော့ ရထားတွေ မှောက်ကြမယ်ပေါ့နော်။ ပြည်သူတွေ သေမယ်ပေါ့နော်။ နောင် ဘယ်သူမှ ရထားမစီးရဲကြတော့ဘူးပေါ့နော်”

          “ဒါဆိုရင် ငှက်ပါတီပြန်တက်ပြီး တိုင်းဖျက်၊ ပြည်ဖျက်၊ အမျိုးဖျက်၊ သာသနာဖျက်၊ ယဉ်ကျေးမှုဖျက်၊ အဖျက်လုပ်ငန်းတွေ အကြီးအကျယ် တရားဝင်ပြန်လုပ်ခွင့် ရပြီပေါ့နော်”

          “ဒါဆိုရင် ငှက်မကြီးရဲ့ သားသမီးတွေ ပျော်ရွှင်ဝမ်းသာ စိတ်ချမ်းသာနိုင်ပြီပေါ့နော်”

          “သြော် …

          ဒင်းတို့ စိတ်ချမ်းသာဖို့ တိုင်းပြည်အပျက်ခံရမယ် ဟုတ်လား”

          “အတော် တရားတာပဲ”

          “အတော်တရားတဲ့ နိုင်ငံရေးသမားတွေပဲ”

          “ကျွတ် … ကျွတ် … ကျွတ် …”

          “ဒါပေါ့လေ”

          “တိုင်းပြည်အပျက်ခံသင့်ရင်လည်း ခံရမယ်ပေါ့လေ”

          “ရိုးသားတဲ့ ငှက်မေမေ၊ အရိယာသူတော်စင်မကြီး ငှက်မေမေ၊ ဒုတိယဘုရားသခင်မကြီး ငှက်မေမေ မဟုတ်လား”

          “ငှက်မေမေလက်ထက်မှာ တိုင်းပြည်စီးပွားရေး အရမ်းကြီးတိုးတက်လာပြီး ပြည်သူတွေ အရမ်းအရမ်း ချမ်းသာလာကြတယ်မဟုတ်လား”

          “ဥပဒေ တအားနင်းလေးစားတဲ့ ငှက်မေမေလက်ထက်မှာ ဥပဒေစိုးမိုးခဲ့တယ်မဟုတ်လား”

          “အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများကြီးဖန်တီးပေးခဲ့လို့ ငှက်မေမေလက်ထက်မှာ နိုင်ငံခြား သွားပြီး အလုပ်လုပ်စရာ မလိုတော့ဘဲကိုး”

          “ထွီ”

          “ဒါကြီးကိုများ ဘာမက်စရာရှိလို့”

          “ဝေါ့ … အဲ့”

          စာရေးသူသည် အင်းစိန်တောရ၊ ဦးစောရိပ်သာတွင် တစ်ကိုယ်တည်း နေထိုင်ရပါသည်။ စာရေး၊ စာဖတ်၊ ပရိတ်ရွတ်၊ တရားမှတ် စသည့် နေ့စဉ်လုပ်ငန်းများ ပြီးဆုံးလျှင် မြန်မာ့နိုင်ငံရေးအကြောင်း တွေးနေမိ သည်က များလေသည်။ အထက်ပါ အတွေးများသည် ငှက်ဆိုးများကို ပြောဆိုလိုသည့် ရင်တွင်းစကားများ ဖြစ်ပါသည်။

ပြည်သူတွေကပဲ ပိန်းတာလား

          အမှိုက်နှင့် သပိတ် အပ်စပ်သည်၊ မအပ်စပ်သည် အသာထားဘိဦး။ ငှက်ပါတီကို အမှိုက်ပါတီဟု ခေါ် ဝေါ်ထိုက်ကြောင်းကိုမူ အကြောင်းများစွာ ပြဆိုနိုင်ပေသည်။ အမှန်အားဖြင့် မြန်မာ့နိုင်ငံရေး၌ အမှိုက်ကောက် လည်း သူတို့၊ အမှိုက်ပစ်တော့လည်း သူတို့၊ အမှိုက်လုပ်တော့လည်း သူတို့၊ အမှိုက်ထုတ်တော့လည်း သူတို့၊ အမှိုက်ရှုပ်တော့လည်း သူတို့ပင်။ ထို့ကြောင့် ၎င်းတို့ကို အမှိုက်ပါတီဝင်များ၊ အမှိုက်များအဖြစ်လည်းကောင်း၊ ၎င်းတို့၏ပါတီကို အမှိုက်ပါတီဟုလည်းကောင်း၊ ၎င်းတို့၏ ပါတီခေါင်းဆောင်ကြီးကို အမှိုက်မကြီးဟုလည်း ကောင်း ခေါ်ဆိုမည်ဆိုလျှင် ရူဠှီမဖက် အနွတ္ထသက်သက်သာ အမည်သညာအစစ် ဖြစ်လေသတည်း။ မှန်၏။ ရူဠှီဆိုသည်မှာ တင်စားအမည်ကို ခေါ်ဆိုပါသည်။ အမည်သညာသက်သက်သာဖြစ်ပြီး အမည်နှင့် ပုဂ္ဂိုလ် လိုက် ဖက်ခြင်း (ဂုဏ်နှင့် ဒြပ်) စပ်ဟပ်ခြင်း မရှိပါ။ ဥပမာ-ငယ်ငယ်ရွယ်ရွယ်နှင့် သေသွားရှာသော မောင်သက်ရှည်၊ ပလတ်စတစ်ကောက်၍ တောင်းစားနေရသော မောင်ပြည့်စုံ၊ အမျိုးသားရေးကို ရန်သူလိုသဘောထားပြီး အာဏာရှင်ဆန်နေသည့် အမျိုးသားဒီမိုကရေစီပါတီ၊ တိုင်းပြည်ကိုရောင်းစားနေသော ပြည်ထောင်စုမိခင် စသည်တည်း။ အနွတ္ထဆိုသည်မှာ ပုဂ္ဂိုလ်နှင့် လိုက်ဖက်သည့်အမည် (ဒြပ်နှင့် လိုက်ဖက်သည့် ဂုဏ်) ကို ဆိုလိုပါ သည်။ ဥပမာ-ရိုးရိုးအေးအေးနေထိုင်သည့် မအေး၊ ငယ်ငယ်ရွယ်ရွယ်နှင့် ရင်သွေးများစွာ မွေးထားသည့် ရှင်မွေး လွန်း၊ အမြဲတမ်း ဂြိုဟ်ထိုးနေသည့် ငှက်ဆိုးမ၊ နိုင်ငံခြားသားတွေ့တိုင်း ပလူးပြသည့် ပလူးမ စသည်တည်း။ ဤသို့ဆိုလျှင် အမှိုက်ပါတီနှင့် တိုင်းပြည်၏ အမှိုက်သရိုက်များကို သိလောက်ပြီဖြစ်ပေသည်။

          အို … ငှက်ဆိုးအပေါင်းတို့

          သင်တို့သည် တိုင်းပြည်နှင့် လူမျိုးအတွက် အမှိုက်သရိုက်များသာ ဖြစ်သတည်း။

          ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုအတွက် အမှိုက်သရိုက်များသာ ဖြစ်သတည်း။

          ငှက်ဆိုးများ သောင်းကျန်းလွန်းအားကြီးလျှင် ပျူစောထီးကား ပေါ်လာမည်သာ။ ပျူစောထီးကား အပြစ် မဲ့ ပြည်သူအပေါင်း၏ ကုသိုလ်ကောင်းမှုကြောင့် ပေါ်ပေါက်လာသည့် ငှက်နိုင်မင်းတစ်ပါးသာ ဖြစ်သတည်း။

          ငှက်မကြီးဦးဆောင်၍ အမှိုက်ကောက်ပွဲများ ကျင်းပခဲ့ကြဖူးလေ၏။ သန်းပေါင်းများစွာက ချီးကျူးကြ သော်လည်း စာရေးသူက မချီးကျူးရဲ။ “အမှိုက်ကောက်တာ ကုသိုလ်အလုပ်၊ ကောင်းတဲ့အလုပ် မဟုတ်ဘူး လား”ဟု မေးကြသူလည်း ရှိခဲ့၏။ “ဟုတ်တယ်လေ။ ဒါပေမဲ့ အဲဒါသူ့အလုပ်မှ မဟုတ်တာ။ သူ့ကို ပြည်သူတွေ ရွေးကောက်တင်မြှောက်ခဲ့တာက အမှိုက်ကောက်ဖို့မှ မဟုတ်တာ”ဟု ဖြေခဲ့ရ၏။ သူ့ကိုအကြောင်းပြု၍ သူ၏ သားကြီးများကပါ အမှိုက်ကောက်၊ အမှိုက်လှည်းလာကြ၏။ လူတစ်ယောက် တံမြက်လှည်းရန်အတွက် လုံခြုံ ရေးများစွာ အစောင့်ချထားရ၏။ ဓာတ်ပုံရိုက်သူက ရိုက်၊ ရပ်ကြည့်သူက ကြည့်နှင့် ငှက်များလက်ထက် မြန်မာ့ နိုင်ငံရေးကား ရယ်စရာ ဟာသကမ္ဘာ ဖြစ်ခဲ့ရလေ၏။ လော်ဘီများ တော်ကီထည့်လွန်း၍သာ အမှိုက်ကောက် သီအိုရီကို မသိခဲ့ကြခြင်းဖြစ်၏။ အမှန်အားဖြင့် သူသည် “ပြည်သူများရွေး၍သာ ဤနေရာရောက်နေသည်။ သူ့ အဆင့်က အမှိုက်ကောက်အဆင့်သာ ရှိပါသည်”ဟု ပါဖောမန့်စ် လုပ်ပြသွားခြင်းဖြစ်၏။ ပိန်းလွန်းသည့် ပြည်သူ များ ခံကြလေဟူလိုသော်။

          အမှန်အားဖြင့် အမှိုက်ကောက်အဆင့်သာရှိပြီး မည်သည့်အလုပ်ကိုမျှ ပြီးဆုံးသည့်တိုင်အောင် ဖြစ်ဖြစ် မြောက်မြောက် ပြုလုပ်လေ့မရှိဘဲ အရာရာကို တစ်ပိုင်းတစ်စ၊ တစ်ဝက်တစ်ပျက်ဖြင့်သာ ပစ်ထားခဲ့လေ့ရှိသော ပေါက်ပန်းလေးဆယ် မိန်းမကြီးတစ်ယောက်ကို နိုင်ငံ့ခေါင်းဆောင်တင်မြှောက်ကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် တည်ငြိမ်အေးချမ်း သာယာဝပြော စည်ပင်စိုပြည်လိမ့်မည်ဟူသော ယုံကြည်ချက်ဖြင့် ဘုရားလိုကိုးကွယ်သည့် နိုင်ငံဟူ၍ ဤကမ္ဘာတွင် ကျွန်ုပ်တို့ မြန်မာတစ်နိုင်ငံတည်းသာ ရှိလေသတည်း။

ငရဲလောင်းတို့ ပွဲတောင်းသံ

          သတင်းစာဆောင်းပါးရှင်တစ်ဦးက ငှက်ဆိုးများကို နိုင်ငံရေးမိစ္ဆာဒိဋ္ဌိဟူ၍လည်းကောင်း၊ ၀ါရင့်သတင်း စာဆရာကြီးတစ်ဦးက ငှက်ပါတီကို မိစ္ဆာပါတီဟူ၍လည်းကောင်း ရေးသားခေါ်ဝေါ်သွားသည်ကို တွေ့ရပါသည်။ မှန်ပါသည်။ မိစ္ဆာဒိဋ္ဌိတို့ မပြုဝံ့သည့် အကုသိုလ်ဒုစရိုက်ဟူ၍ မရှိသကဲ့သို့ ငှက်ဆိုးများမပြုဝံ့သည့် အကုသိုလ် ဒုစရိုက်ဟူ၍ မရှိပါ။ ကလေးအရွယ် လူမမည် မိန်းကလေးများ၊ အမျိုးသမီးများ၊ အရပ်သူ၊ အရပ်သားများကိုပင် သတ်ဖြတ်ရဲကြသူ၊ လမ်းတံတားများ ဖျက်ဆီးရုံတင်မက ရထားလမ်းကိုပါ ဖြုတ်ရဲ၊ ပိတ်ဆို့တားဆီးရဲကြသူ၊ မီးရှို့ ဖျက်ဆီး၊ အကြမ်းဖက် ရိုက်နှက်၊ အမှိုက်ပစ်နှောင့်ယှက်၊ ပိတ်ဆို့ဟန့်တား၊ တားဆီးပိတ်ပင်၊ ဖိအားပေးခြိမ်း ခြောက်၊ အရှက်ခွဲ ခေါင်းတုံးရိတ်၊ မျက်ခုံးမွေးရိတ်၊ နဖူးတက်တူးထိုး၊ ဆရာတော်ကြီးများအား မဖွယ်မရာစော် ကား စသည်အားဖြင့် ၎င်းတို့၏ အကုသိုလ်ကား ကမ်းကုန်နေပေပြီ။ ယခင်ကလည်း မင်းကွန်းဆရာတော်ကြီးကို ပြစ်မှားခဲ့ကြသည်။ ယခုလည်း ဆရာတော် သံဃာတော်များကို စော်ကားပြစ်မှားနေကြသည်။ ရွှေတိဂုံစေတီ တော်ပါမချန် ပြစ်မှားရဲသော ၎င်းတို့၏အကုသိုလ်ကား သာမန်အကုသိုလ် မဟုတ်တော့ပါ။ သေချာပေါက် ငရဲ ရောက်စေမည့် အကုသိုလ်အစစ်သာ ဖြစ်ပေသည်။ နိယတမိစ္ဆာဒိဋ္ဌိ၌ နိယတဟူသည် သေလျှင် ငရဲဂတိမြဲခြင်း ကို ဆိုလိုပေသည်။ နိယတမိစ္ဆာဒိဋ္ဌိများသည် ကံနှင့် ကံ၏အကျိုးကို မယုံကြည်သူ၊ လက်မခံသူများ ဖြစ်ကြသော ကြောင့် ကုသိုလ်ကောင်းမှုဆိုလျှင် ဝေးစွာရှောင်ပြီး အကုသိုလ် မကောင်းမှုဆိုလျှင် ပယ်ပယ်နယ်နယ် ပြုလုပ်ရဲ ကြပေသည်။ ဤကမ္ဘာတွင် နိယတမိစ္ဆာဒိဋ္ဌိတို့ မကျူးလွန်ဝံ့သည့် ဒုစရိုက်ဟူ၍ မရှိသကဲ့သို့ မပြစ်မှားဝံ့သည့် ပုဂ္ဂိုလ်သတ္တ၀ါဟူ၍လည်း လုံးဝမရှိပါ။ ယခုအချိန်၌ ဂေါတမမြတ်စွာဘုရားက ငြိမ်းချမ်းရေးတရားဟောလျှင် လည်း မြတ်စွာဘုရားကို ပြစ်မှားစော်ကားကြဦးမည်သာ ဖြစ်ပါသည်။ မြတ်စွာဘုရားဟူ၍ ချမ်းသာပေးမည် မဟုတ်ပေ။ ဤသို့ဆိုလျှင် သောင်းကျန်းနေသော ငှက်ဆိုးများသည် သေချာပေါက် ငရဲကျမည့် ငရဲလောင်းများ ဖြစ်သည်ကို သိရှိလောက်ပေပြီ။ ငှက်ဆိုးထိုးသံ ကြားရသည့်အခါတိုင်း ငရဲလောင်းတို့၏ ပွဲတောင်းသံဟု မှတ်ယူ ကြရပါမည်။ ငှက်ဆိုးများကား အသည်းကောင်း၍ ပွဲတောင်းနေသည့် ငရဲလောင်းများသာ ဖြစ်သတည်း။

          မိစ္ဆာဒိဋ္ဌိ၊ ယူဘိတိမ်းစောင်း၊ သူအပေါင်းကား၊ အကြောင်းမရှု၊ မကောင်းမှုကို၊ မပြုဟူသည်၊ တစ်မည်မရှိ၊ ပြုသည်တိကြောင့်၊ ၀ီစိအထဲ၊ ငရဲဘ၀၊ ယေဘုယျ၌၊ မထနိုင်ပြီ။

          ပထ၀ီဂေါပက၊ ဟူထတုံဘိ၊ သုဂတိမျှ၊ မသိဝေးကွာ၊ ဤလူ့ရွာနှင့်၊ ဖီလာကွယ်ထောင့်၊ မြေစောင့်ဝဋ် ငုတ်၊ မပြုတ်နိုင်စွာ၊ မီးစာဖြစ်လျက်၊ ကမ္ဘာပျက်လည်း၊ ကမ္ဘာသာကြေ၊ ကံမကြေဘူး။ (မဃဒေ၀။    )

          အာသေ၀န၊ ပစ္စယဖြင့်၊ ၀ါဒအလို၊ မြေကြီးမျိုလည်း၊ ယူကိုယူမြဲ၊ စွန့်နိုင်ခဲ၏။ ငရဲခံလိမ့် မည်သော ကြောင့်။ (မဃဒေ၀။   ။)

          မဃဒေ၀သည် ဘုရားတရားတော်များကို ကဗျာစီထားသည့် အလင်္ကာကျမ်းကြီး ဖြစ်ပါသည်။ နိယတ မိစ္ဆာဒိဋ္ဌိသမားတို့ ငရဲရောက်နေချိန် ကမ္ဘာပျက်သည်နှင့်ကြုံလျှင် မပျက်သည့်ကမ္ဘာသို့ ပြောင်းရွှေ့ခံရပါသည်။ ဤသည်ကို “မီးစာဖြစ်လျက်၊ ကမ္ဘာပျက်လည်း၊ ကမ္ဘာသာကြေ၊ ကံမကြေဘူး”ဟု ဆိုထားခြင်း ဖြစ်ပါသည်။

စက်ကွင်းမမိအောင် ဝေးဝေးရှောင်

          အွန်လိုင်းပေါ်တွင်ဖြစ်စေ၊ အရပ်ထဲတွင်ဖြစ်စေ ဆရာတော် သံဃာတော်များကို စော်ကားပြစ်မှားနေ သည့် လော်ဘီများကိုတွေ့ရလျှင် “နိုင်ငံရေးသမား မလုပ်ရဲသည့် အကုသိုလ်မရှိ”ဟု တွေးနေမိသကဲ့သို့ ရွံလည်း ရွံ၊ သနားလည်း သနားသည့် စိတ်အမူအရာများလည်း ဖြစ်ပေါ်လေ့ရှိပါသည်။

          သံဃာသုံးထောင်ကျော်ရှိသည့်ကျောင်းတိုက်သို့ ထဘီထုပ်ပစ်၍ ရေဒီယိုလွှင့်သောနိုင်ငံရေးသမားများ၊

          ဆရာတော်ကြီးများ ပုံတော်ကို မဖွယ်မရာပြုလုပ်ရဲသော နိုင်ငံရေးသမားများ၊

          ဘုန်းကြီးကျောင်းကို ၀င်စီးဖျက်ဆီး၊ ဘုန်းကြီးကို ရိုက်နှက်ရဲသော နိုင်ငံရေးသမားများ၊

          မင်းကွန်းဆရာတော်ကြီး မရှောင်၊

          ရွှေတိဂုံစေတီတော်လည်း ချမ်းသာမပေး၊

          ပြည်သူ့လမ်းများကိုလည်း ပိတ်ဆို့၊        

          ရထားစီးပြည်သူများကိုလည်း လုပ်ကြံနှင့်

          ဧရာမ ကြောက်စရာ နိုင်ငံရေးပေတည်း။

          ထိုသူများကို ရှောင်ရှားကြပါ ပြည်သူအပေါင်းတို့။

          စက်ကွင်းမိနိုင်သောကြောင့်ပါ ပြည်သူအပေါင်းတို့။  ။

သင်္ဃန်းဖြူဆရာတော်

၇-၄-၂၀၂၁