ဆောင်းပါး

“အရူးကွက်နင်း၍ မထူးဇာတ်ခင်းနေသော NLD” (၂)

“အရူးကွက်နင်း၍ မထူးဇာတ်ခင်းနေသော NLD” (၂)

သင်္ဃန်းဖြူဆရာတော်

(7.10.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၄၂) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)

“ဦးစောစံချိန် ကျော်ဖြတ်ခဲ့သော NLD”

အနီရောင်နိုင်ငံရးသမားများသည် ကြေးစားနိုင်ငံရေးသမားများ ဖြစ်ကြလေ၏။ ၎င်းတို့သည် ကြေးစားလူမိုက်များ တစ်ဆင့်ပြန်ငှားကာ နိုင်ငံရေးကလဲ့စား ချေနေကြခြင်းဖြစ်၏။ ယခုအချိန်အခါ၌ အဖြူအမည်းမကွဲသေး၍ ဇာတ်ရည်မလည်ကြသေးသော်လည်း နောင်တစ်ချိန်တွင် ဖုံးမရ ဖိမနိုင်လောက်အောင် ‘ဘူး’ပေါ်သလိုပေါ်သည့်အခါ၌မူ ပြည်သူများသည် NLDများကို မစင်ကိုရွံသကဲ့သို့ ရွံမုန်းစက်ဆုပ်သွားကြတော့ပေမည်။ ထိုအခါ မြန်မာ့နိုင်ငံရေး၌ NLDတစ်ဇာတ်သိမ်းရတော့မည်ဖြစ်၏။ ထိုသို့သောအခြေအနေမျိုးသို့ ရောက်ရှိရတော့မည်ကိုသိလျက် NLDများသည် အရူးကွက်နင်းကာ မထူးဇာတ်ခင်းနေခြင်း၏ အကြောင်းတရားကား နိုင်ငံရေးအာဃာတပင်တည်း။ ၎င်းနိုင်ငံရေးအာဃာတကြောင့် မစားရသည့်အမဲ သဲနှင့်ပက်ခြင်း မင်းသားကြီးမလုပ်ရ၍ ပတ်မထိုးဖောက်ခြင်းအပါအဝင် အလုံးစုံပျက်သုဉ်းရေးဆီသို့ ဦးတည်ဖျက်ဆီးနေခြင်းဖြစ်၏။

စာရေးသူသည် အနီရောင်နိုင်ငံရေးသမားများ၏ နိုင်ငံရေးအာဃာတနှင့် နိုင်ငံရေးကလဲ့စားချေမှုများကို တွေ့မြင်ရသည့်အခါတိုင်း၌ ဂဠုန်ဦးစောကို စာနာမိနေ၏။ ဂဠုန်ဦးစောကား ဝန်ကြီးရုံး၌ရှိသောသူကိုသာ သတ်ခိုင်း၏။ ၎င်းတို့၏မိသားစုကို လုံးဝ မသတ်ပေ။ ၎င်းတို့ကို ထောက်ခံသည့်ပြည်သူများကိုလည်း လုံးဝ မသတ်ပေ။ အနီရောင်နိုင်ငံရေးသမားများကား ရဟန်းသံဃာလည်းမရှောင် အရပ်သူအရပ်သားလည်းမရှောင် အမြင်မတူသူ သူတို့ကိုမထောက်ခံသူ သူတို့စကား နားမထောင် (CDMမလုပ်)သည့် တာဝန်သိ နိုင်ငံ့ဝန်ထမ်းများနှင့် အိမ်သာစောင့်ကိုပါမချန် တွေ့ကရာအကုန်သတ်ကြလေတော့၏။ နှစ်ဆယ့်တစ်ရာစု၌ ဂဠုန်ဦးစော ကျန်ရစ်ခဲ့လေပြီ။ NLDများ စံချိန်ချိုးခဲ့လေပြီတည်း။

NUGကို မေးချင်သည်။ ယခုအခါ NUGလက်အောက်ခံ PDFဆိုသူများက အပြစ်မဲ့ပြည်သူများနှင့် တာဝန်သိပြည်သူ့ဝန်ထမ်းများကို ပစ်မှတ်ထား သတ်ဖြတ်နေကြသည်ကို သဘောတူသလော၊ အစိုးရတစ်ရပ်သည် မိမိကိုမထောက်ခံ မဝန်းရံသူများကို သတ်ခိုင်းသင့်သလော၊ ထိုသို့သတ်ခိုင်းခြင်းသည် ဥပဒေနှင့် ညီလေသလော ဟူ၍ဖြစ်၏။ NUGအာဏာပြန်ရလျှင် အမြင်မတူသူများကို အလျင်ခြေမှုန်းမည့်သဘောရှိ၏။ ဘုန်းတော်ကြီးများ အမျိုးသားရေးသမားများနှင့် အခြားပါတီဝင်များ အသက်ကို ဖက်နှင့်ထုပ်ထားရမည့်သဘောရှိချေ၏။

“NLDအာဏာပြန်ရရေး တိုက်ကွက်ဆန်းများ”

NLDများသည် ၎င်းတို့အာဏာပြန်ရရေးအတွက် နစကအစိုးရအား တိုက်ကွက်မျိုးစုံဖြင့် တိုက်ခိုက်လာသည်ကိုတွေ့ရ၏။ ၎င်းတို့ကား နိုင်ငံရေးတိုက်ကွက်၊ စီးပွားရေးတိုက်ကွက်၊ စစ်ရေးတိုက်ကွက်၊ အကြမ်းဖက်တိုက်ကွက်၊ ရောဂါဘေးတိုက်ကွက်တို့ ဖြစ်၏။ နိုင်ငံရေးတိုက်ကွက်ကို အနောက်ကမ္ဘာနှင့်ပေါင်း၍ မြန်မာပြည်ကို ပိတ်ဆို့ဒဏ်ခတ်ခြင်းအပါအဝင် နည်းမျိုးစုံဖြင့် ဖိအားပေးအကြပ်ကိုင်ရာ၌ တွေ့ရ၏။ စီးပွားရေးတိုက်ကွက်ကို ကုန်ဈေးနှုန်းများ အဆမတန်တက်အောင် ကစားခြင်း၊ ဆိုင်များ ဘဏ်များဖွင့်မရအောင် ဖိအားပေးခြင်းမျိုး၌ တွေ့ရ၏။ စစ်ရေးတိုက်ကွက်ကို လုံခြုံရေးတပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်ခြင်းအပါအဝင် PDF(ပြည်သူ့ကာကွယ်ရေးတပ်)ဆိုသူများ၏ လုပ်ဆောင်မှု၌ တွေ့ရ၏။ အကြမ်းဖက်တိုက်ကွက်ကို မီးရှို့ဖျက်ဆီးခြင်း အုပ်စုဖွဲ့တိုက်ခိုက်ခြင်း အွန်လိုင်းမှခြိမ်းခြောက်ခြင်း ချောင်းမြောင်းသတ်ဖြတ်ခြင်းတို့၌ တွေ့မြင်ရ၏။ ရောဂါဘေးတိုက်ကွက်ဖြင့် တိုက်ခိုက်ရာ၌ အရာကျယ်ပြန့်၏။ သိမ်မွေ့နက်နဲမှုလည်း ရှိ၏။ ရောဂါပိုးကူးစက်စေနိုင်သော လူစုလူဝေးများဖြင့် မြို့တိုင်းနီးပါး ဆန္ဒပြပွဲများ ပြုလုပ်ကြ၏။ နှစ်ငါးလုံးနေ့ဟုဆိုကာ မြို့တိုင်းမြို့တိုင်း၌ လူထောင်ချီသောင်းချီ ဆန္ဒပြပွဲများ ကျင်းပကြ၏။ အိမ်နီးချင်းနိုင်ငံများသို့ အလုံးအရင်းဖြင့် သွားရောက်သင်တန်းတက်ကာ ရောဂါကူးစက်မှ ပြန်ဝင်လာခဲ့ကြ၏။ ယခု တတိယလှိုင်း အတက်ကြမ်းရခြင်းသည် အနီရောင်နိုင်ငံရေးသမားများ၏ လက်ချက်ကြောင့်ဖြစ်၏။ ဤသည်ကိုပင် ရောဂါဘေးတိုက်ကွက်ဟု ဆိုခြင်းဖြစ်၏။

“နိုင်ငံရေးမျက်နှာဖုံးစွပ်ထားသော ဂျီဟဒ်စစ်ပွဲ”

နစကအစိုးရလက်ထက် NLD၏ တိုက်ကွက်များကိုကြည့်လျှင် နိုင်ငံရေးနည်းဗျူဟာဟု ထင်မှတ်နိုင်၏။ အမှန်ဆိုရသော် နိုင်ငံရေးမျက်နှာဖုံးတပ်ထားသော ဂျီဟဒ်စစ်ပွဲပါပင်တည်း။ ဂျီဟဒ်ဝါဒီများသည် ယခင်က ဘာသာရေးမျက်နှာဖုံးတပ်ကာ ဂျီဟဒ်လုပ်ခဲ့ကြ၏။ ယခုမူ နိုင်ငံရေးမျက်နှာဖုံးတပ်လာကြခြင်းဖြစ်၏။ ၎င်းတို့ပစ်မှတ်ထားသူများ၏ ဦးခေါင်းကိုချိန်ရွယ်၍ တေ့ပစ်သည်များကိုကြည့်လျှင် သိသာ၏။ ကိုနီကလဲ့စား အစစ်အမှန်ပင်တည်း။ ဝတ်စုံနက်များ အလံနက်များကိုကြည့်လျှင်လည်း သိသာ၏။ တရားပွဲများစီစဉ်သူ ဆွမ်းလောင်းလှူနေသူများကိုပါ ပစ်သတ်နေသည့်ကလည်း ထင်ရှား၏။ NLDတို့ကျင့်သုံးလျက်ရှိသော နည်းဗျူဟာများသည်လည်း ဂျီဟဒ်ဝါဒီတို့၏ နည်းဗျူဟာများဖြစ်နေသည်ကို တွေ့ရ၏။ မိမိတို့ကိုယ်တိုင် မိမိတို့ရွာကို ဦးအောင်မီးရှို့၍ လုံခြုံရေးများက မီးရှို့သည်ဟု သတင်းမီဒီယာများ၌ ဦးစွာလွှင့်ခြင်း၊ မိမိတို့တပ်ဖွဲ့က အပြစ်မဲ့ပြည်သူများကို ရက်စက်စွာသတ်ဖြတ်သည့်အခါ အစိုးရတပ်ဖွဲ့က သတ်ဖြတ်သွားသည့်ပုံသဏ္ဌာန် ဖန်တီးခြင်းတို့သည် ဂျီဟဒ်ဝါဒီတို့၏ လွှဲချဗျူဟာပင် ဖြစ်လေ၏။ ရခိုင်ပြည်နယ် ဂျီဟဒ်အရေးအခင်းများ၌ အမြဲတွေ့ရသော ဗျူဟာများဖြစ်၏။ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်း အကြောက်တရားရအောင် ခြိမ်းခြောက်ခြင်းသည်လည်း ဂျီဟဒ်ဝါဒီများ၏ ဗျူဟာများဖြစ်လေ၏။ CDMမလုပ်သူများကို ပစ်သတ်ခြင်း၊ အုပ်ချုပ်ရေးမှူးများကို သတ်ပစ်ခြင်း၊ ဆိုင်မပိတ်လျှင် မီးရှို့ခြင်း၊ ကျောင်းမဖွင့်ရဲ ကျောင်းမတက်ရဲအောင် ခြိမ်းခြောက် အကြမ်းဖက်ခြင်းတို့သည်လည်း မောင်တောနှင့် အာရပ်ကမ္ဘာတို့၌ ကျင့်သုံးခဲ့ကြသော နည်းများဖြစ်ကြ၏။ ထူးဆန်းသည်ကား ယခင်ဂျီဟဒ်ဖြစ်ရပ်များ၌ ဂျီဟဒ်ဝါဒီများကိုယ်တိုင် တိုက်ခိုက်ခဲ့ကြသော်လည်း ယခုဖြစ်ရပ်၌မူ  ဂျီဟဒ်ဝါဒီများက နောက်ကွယ်နေ လက်မည်းကြီးများအဖြစ် ကြိုးကိုင်နေကြခြင်း၊ တိုင်းရင်းသားရင်းချားများက ရှေ့ထွက်တိုက်ခိုက်နေကြခြင်းဖြစ်၏။ ထို့ကြောင့်လည်း ဂျီဟဒ်စစ်ပွဲဟု မထင်မြင်ကြခြင်းဖြစ်၏။ အမှန်အားဖြင့် ယခုစစ်ပွဲသည် ဂျီဟဒ်ဝါဒီများက NLDများကို အိုးမည်းသုတ်ကာ အိမ်ကြက်ချင်း ခွပ်ခိုင်းသည့် တိုက်ကွက်အသစ် ဂျီဟဒ်စစ်ပွဲဖြစ်လေ၏။ ယာလည်းညက်စေ ကြက်လည်းပန်းစေ စစ်ပွဲမျိုးတည်း။ ယခုအခါ ဂျီဟဒ်ဝါဒီများ အကျေနပ်ကြီး ကျေနပ်ကာ ဝမ်းအသာကြီး သာနေပေရော့မည်။ NLDများ မသိရှိ မရိပ်မိစေရန် ပြည်သူ့ကာကွယ်ရေးတပ်ဦးဟူ၍လည်းကောင်း၊ စစ်ဖိနပ် စစ်ကျွန် စစ်အာဏာရှင် ဟူ၍လည်းကောင်း ဘုံရန်သူကို ချေမှုန်း ဖက်ဒရယ်ကို အရရုန်း ဟူ၍လည်းကောင်း မျက်မှန်စိမ်း (သို့မဟုတ်) အိုးမည်းအစစ်နှင့်တူသော ဆိုင်းဘုတ်လှလှတပ်ဆင်ပေးထားကြ၏။ ယခင်က အနောက်ကမ္ဘာကသာ ဦးဆောင်ပါဝင်ခဲ့သော်လည်း ယခုအခါ OICအဖွဲ့ဝင် အာရပ်ကမ္ဘာ ပါဝင်လာသည်ကိုလည်း တွေ့ရပေမည်။ NUGခေါင်းဆောင် ဒေါက်တာဇော်ဝေစိုးနှင့် ကျောင်းသားခေါင်းဆောင် ဝေမိုးနိုင်တို့၏ ဦးဆောင်မှုအောက်မှာ NLDတည်ရှိနေခြင်းကပင် ဂျီဟဒ်စစ်ပွဲဟု အတတ်ပြောနိုင်၏။ NLDများပိန်းကြသောကြောင့် မြေခွေးများက ခြင်္သေ့သား ကျားသားများကို စားသောက်ကာ အောင်ပွဲခံနိုင်ကြခြင်းဖြစ်၏။ မြန်မာစကားပုံတစ်ခုရှိ၏။ ၎င်းကား “ကျားကိုလည်း အစာမကျွေးနှင့် ကုလားကိုလည်း နေရာမပေးနှင့်”ဟူ၏။ မှန်၏။ မြန်မာ့နိုင်ငံရေး၌ ကုလားများကိုနေရာမပေးသင့်ပေ။ မူဆလင်ဝန်ကြီးရာရှစ်မှစ၍ ရှေ့နေကိုနီအလယ် NUGဇော်ဝေစိုးအဆုံး မူဆလင်မှန်သမျှသည် မြန်မာပြည်သူများအပေါ် ကောင်းကျိုးမပြုသူများဖြစ်ကြ၏။ NLDလက်ထက်၌ ၎င်းတို့နေရာရသွားရုံသာမက အစစ အရာရာ ခြယ်လှယ်ခွင့်ရသဖြင့် ယခုအခါ မြန်မာပြည်၌ နေ့စဉ်နှင့်အမျှ သတင်းဆိုးများ ကြားနေရခြင်းဖြစ်၏။ ဤသည်ကား မူဆလင်များ၏ ကောင်းမှုပင်တည်း။

“Facebook Teamက သက်သေတည်”

ယခု နစကလက်ထက်၌ NLDတို့ပစ်မှတ်ထား၍ ဖျက်ဆီးခဲ့ကြသော အိမ်များနှင့် လုပ်ကြံခဲ့ကြသော လူများကိုကြည့်လျှင် အမျိုးသားရေးဝါဒီ မျိုးချစ်ပြည်သူများဖြစ်နေကြသည်ကို တွေ့ရ၏။ ဒလန်(ဓားလှံ)အကြီးစား၊ စစ်ကောင်စီသတင်းပေး၊ ပျူစောထီးအဖွဲ့ဝင် စသည်ဖြင့် စွပ်စွဲရေးသားနေကြခြင်းသည် ဂျီဟဒ်လုပ်မှန်းမသိစေရန် လှည့်စားဖုံးကွယ်ပြနေခြင်းပင်ဖြစ်၏။ အကြောင်းမှာ ဒလန်လည်းမဟုတ် စစ်ကောင်စီသတင်းပေးလည်းမလုပ် ပျူစောထီးအဖွဲ့ထဲလည်း မဝင် အေးအေးလူလူနေထိုင်သူများကိုပါ လိုက်လံလုပ်ကြံနေသောကြောင့်ဖြစ်၏။ အမျိုးသားရေးလုပ်ခဲ့သူများ၊ အမျိုးသားရေးဆရာတော်များကို ဝန်းရံခဲ့သူများ၏ စာရင်းကို ဓာတ်ပုံနှင့်တကွ မှတ်တမ်းပြုစုထားကာ လိုက်လံရှာဖွေ သတ်ဖြတ်နေသည်ကို တွေ့ရ၏။ စာရေးသူ၏ ကပ္ပိယတစ်ဦးသည် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် အိမ်ပြောင်းရွှေ့ခဲ့ရ၏။ စာရေးသူတောထဲရောက်နေချိန်တွင် ဆင်းရဲသားရပ်ကွက်တစ်ခုတွင်  မထင်မရှားနေထိုင်ကာ တက္ကစီမောင်းနေ၏။ လွန်ခဲ့သည့်တစ်လခန့်တွင် လူငယ်သုံးဦးက တက္ကစီကိုတားကာ ဖုံးထဲမှဓာတ်ပုံနှင့် တိုက်ကြည့်၏။ ‘မင်း ဘုန်းကြီးရဲ့တပည့်မဟုတ်လား’ဟုလည်း မေးသေး၏။ ကပ္ပိယက ရိပ်မိ၍ မောင်းထွက်ခဲ့သဖြင့်သာ အသက်ချမ်းသာရာ ရခဲ့ခြင်းဖြစ်၏။ ဤသည်ကိုထောက်လျှင် ယခုအခြေအနေသည် နိုင်ငံရေးအယောင်ပြထားသော ဂျီဟဒ်စစ်ပွဲဆိုသည်ကို မငြင်းနိုင်လေတော့ပြီတည်း။ NLDအစိုးရလက်ထက် Facebook Teamကို ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၆၄၂၆သန်း အကုန်အကျခံ ဝယ်ခဲ့သည်မှာလည်း ဂျီဟဒ်အတွက်ဖြစ်သည်မှာ ပို၍ထင်ရှားလာ၏။ အကြောင်းမှာ ယခု နစကလက်ထက်၌ Facebook Teamက အစိုးရဘက်မှာမရှိဘဲ NLDဘက်မှာ ရှိနေသောကြောင့်တည်း။ ထို့ကြောင့် NLDအစိုးရလက်ထက်၌ ပြည်ပရန်ကို ကာကွယ်ရေးအတွက်ဟု အကြောင်းပြထားခြင်းသည် အမှန်တကယ် ပြည်ပရန်ကို ကာကွယ်ရန် ရည်ရွယ်ခြင်းမျိုးမဟုတ်ဘဲ Facebookကို မွတ်ပိုင်စီးခဲ့ခြင်းပင်ဖြစ်၏။ ယခုအခါ Facebook Team၏ မူဝါဒသည် နိုင်ငံတော်ကို ကာကွယ်ရေးလော၊ အကြမ်းဖက်မှုကို အားပေးရေးလောဆိုသည်ကို သာမန်အရပ်သားတစ်ဦးပင် သိမြင်နိုင်လောက်အောင် ပေါ်လွင်ထင်ရှားလျက် ရှိပေ၏။

“ခွေးရူးအိပ်မက် မထူးဇာတ်”

NLDအစိုးရခေါင်းဆောင် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသူကြီး ပေါ်လာ၏။ ပြည်သူများအား ကျန်းမာရေးဂရုစိုက်ရန် အထူးမှာသည်ဆို၏။ သူမ၏ရှေ့နေနှင့် အကြိမ်ကြိမ်တွေ့ခွင့်ရသော်လည်း သည်းခံဖို့ မေတ္တာထားဖို့မပြောနှင့် ‘အကြမ်းမဖက်ကြပါနဲ့၊ အဖျက်အမှောင့်တွေ မလုပ်ကြပါနဲ့’ဟု တစ်ခွန်းမပြောခဲ့။ သူမ ဘာမျှမသိသလို ကလေးကွက်လုပ်သွားလေ၏။ ယခုအထိ ကလေးကွက်ကနေသည်မှာ အံ့သြစရာ။ သူမအာဏာလက်ဝယ်ရှိစဉ်အခါ၌လည်း ပြည်သူ့အကျိုးစီးပွားကို ဘေးချိတ်ကာ ဘင်္ဂါလီအကျိုးစီးပွား မူဆလင်အကျိုးစီးပွားများကိုသာ မသိအောင်တစ်မျိုး သိအောင်တစ်မျိုး လုပ်ပေးခဲ့လေ၏။ တပ်မတော်နှင့် ညီညွတ်ရေးတည်ဆောက်ရမည့်အစား တပ်မတော်ပြိုကွဲရေးကိုသာ အစဉ်တစ်စိုက် လုပ်ဆောင်ခဲ့၏။ ယခုလည်း အာဏာသိမ်းထားသည့်အစိုးရကို အာဏာပြန်သိမ်းနိုင်မှ အာဏာပြန်ရမည်ဟူသော ခွေးရူးအိပ်မက် မက်နေသူများကို တစ်ခွန်းတစ်ပါဒမျှ မတားမြစ်ဘဲ ပြည်သူများကိုသာ ကျန်းမာရေးဂရုစိုက်ဖို့ မှာနေသည်မှာ သူမကိုယ်တိုင်ပင် ခွေးရူးအိပ်မက်ကို သဘောခွေ့နေပုံရလေ၏။ ထိုသို့သော ခွေးရူးအိပ်မက်ဖြင့် မထူးဇာတ်ခင်းရာ၌လည်း NLDများကိုယ်တိုင် ရှေ့ထွက်၍ ဦးဆောင်တိုက်ခိုက်ကြလျှင်ကား ပြောစရာမရှိပေ။ ယခုမူ ၎င်းတို့က ဘယ်ဆီနေမှန်းမသိဘဲ မမြင်ကွယ်ရာမှနေ၍ ပြည်သူများကို သတ်ကွင်းထဲပို့နေသောကြောင့်ဖြစ်၏။ အချို့ဆိုလျှင် အမေရိကန်ဒေါ်လာ သိန်းချီသန်းချီ ကိုင်ဆောင်ကြလျက် ငွေကိုရေလိုသုံးနေကြသူများ၊ အနောက်နိုင်ငံကြီးများ၌ အဆင့်မြင့်စွာ နေထိုင်ကြသူများ၊ နိုင်ငံတကာခေါင်းဆောင်များ၏ ချီးမြှင့်မြှောက်စားမှုဖြင့် အထက်တန်းကျစွာ မျက်နှာပန်းလှနေကြသူများပင် ရှိလေ၏။ ၎င်းတို့သည် တာဝန်ယူမှု တာဝန်ခံမှုလည်းမရှိ၊ သစ္စာပြုမှု သစ္စာခံမှုလည်း မရှိဘဲ လေပေါ်၌သာ လေဖြင့်မှာ၍ မြှောက်ပေးနေသည်ကား ခေါင်းဆောင်မပီသရာလည်း ရောက်၏။ ၎င်းတို့အာဏာရရေးအတွက် ပြည်သူများကို အသက်စတေးခိုင်းရာလည်း ရောက်၏။ မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက် NLDအာဏာရရေးအတွက် ရဟန်းရှင်လူ ပြည်သူတို့၏ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရ၏။ ယခုလည်း အာဏာပြန်သိမ်းနိုင်ရေးအတွက် ပြည်သူများကို သေခိုင်းနေပြန်၏။ မည်ရွေ့မည်မျှ ထပ်မံသေပေးနေရဦးမည်မသိ။ လုံးဝ မဖြစ်နိုင်သော အာဏာပြန်သိမ်းရေးစီမံကိန်းကြီးအတွက် တန်ဖိုးရှိလှသော မိမိတို့၏ ဘဝနှင့် အသက်ကို စတေးလိုသူ မိုက်ရူးရဲလေးများရှိနေသမျှ လူသတ်နိုင်ငံရေးသံသရာ လည်နေဦးမည်သာ ဖြစ်လေသတည်း။

သင်္ဃန်းဖြူဆရာတော်