သတင်း

“မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး အလှူတော်”

“မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး အလှူတော်”

==========================

25.8.2021 ရက်နေ့၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ-မစိုးရိမ်)အတွက် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ သင်္ကန်း(၁၂၁)စုံ ပေးပို့လှူဒါန်းပါတယ်။

ဆရာတော်ဘုရားကြီး၏ တပည့်ဒကာ ဒကာမများက လာရောက်လှူဒါန်းခြင်းဖြစ်ပါတယ်။

(24.7.2021)ရက်နေ့တုန်းကလည်း မဟာသင်္ကန်း(ဒုကုဋ်)အပါဝအဝင် သင်္ကန်း(၁၃၄)စုံနှင့် ထီး၊ ဖိနပ်၊ သဘက်၊ စာအုပ်၊ ဘောပင်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ သွားတိုက်တံ စတဲ့ အသုံးအဆောင်လှူဖွယ်ပစ္စည်းများကို တပည့်ဒကာ ဒကာမများမှတစ်ဆင့် ပေးပို့လှူဒါန်ခဲ့ပါတယ်။

ဆရာတော်ဦးဝီရသူအတွက် အမှာစကားမိန့်သည်မှာ “မဟာသင်္ကန်းလှူတော့ မဟာဝီရသူပေါ့ကွာ”ဟူ၏။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ဆရာတော်ဦးဝီရသူအား သင်္ကန်းပရိက္ခရာများဖြင့် နှစ်စဉ် ချီးမြှောက်လှူဒါန်းနေကျ ဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးသည် အမျိုးဘာသာ သာသနာအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်လျက်ရှိသော ဆရာတော်ဦးဝီရသူအား ဂုဏ်ပြုသောအားဖြင့် ဆရာတော်ဘုရားကြီးကိုယ်တိုင်ရေးစပ်တော်မူတဲ့ “တစ်ဖက်စောင် အောင်သွယ်နဲ့ရန်ဖြစ်”ကဗျာရှည်ကြီးတွင် “ဝီရာသဘ”ဟူသော ဘွဲ့ထူးဖြင့် ချီးမြှောက်တော်မူခဲ့ဖူးပါတယ်။

သဟာယဆရာစိုင်း