သတင်း

ဘဝတက္ကသိုလ်ကျောင်းသားကြီးများ လာရောက်ဖူးမြော်

6.12.2017 ရက်နေ့ ညနေပိုင်းမှာ လာရောက်ဖူးမြော်ကြပါတယ်။ သပိတ်စခန်းသံဃာတော်များနှင့် ကိုကျော်မျိုးရွှေတို့ရဲ့ ချမ်းမြသာစည်တရားရုံး ရုံးချိန်းကို လာရောက်အားပေးရင်း ရောက်လာခဲ့ကြတာပါ။

ပူပူနွေးနွေးလွတ်လာတဲ့ သက်မျိုးဦးနှင့် နေဝင်းအောင်အပြင် တင်လင်းထိုက် အကြီးကောင် မြတ်ဘုန်းမိုရ် တို့လည်း ပါပါတယ်။
ဝင်းကိုကိုလတ်၏ဇနီး မလေပြေနှင့် ပဲခူးမြို့က မော်စကိုပြန်ကျောင်းသူကြီး စန္ဒီမြင့်အောင်လည်း ပါပါတယ်။ အမျိုးသားရေးညီအစ်ကိုမောင်နှမတွေ တွေ့ဆုံကြရင်း အားပေးစကားပြောကြားပါတယ်။