Daily Archives: December 7, 2017

သတင်း

ဘဝတက္ကသိုလ်ကျောင်းသားကြီးများ လာရောက်ဖူးမြော်

6.12.2017 ရက်နေ့ ညနေပိုင်းမှာ လာရောက်ဖူးမြော်ကြပါတယ်။ သပိတ်စခန်းသံဃာတော်များနှင့် ကိုကျော်မျိုးရွှေတို့ရဲ့ ချမ်းမြသာစည်တရားရုံး ရုံးချိန်းကို လာရောက်အားပေးရင်း ရောက်လာခဲ့ကြတာပါ။ ပူပူနွေးနွေးလွတ်လာတဲ့ သက်မျိုးဦးနှင့် နေဝင်းအောင်အပြင် တင်လင်းထိုက် အကြီးကောင် မြတ်ဘုန်းမိုရ် တို့လည်း ပါပါတယ်။ ဝင်းကိုကိုလတ်၏ဇနီး မလေပြေနှင့် ပဲခူးမြို့က မော်စကိုပြန်ကျောင်းသူကြီး စန္ဒီမြင့်အောင်လည်း ပါပါတယ်။ အမျိုးသားရေးညီအစ်ကိုမောင်နှမတွေ တွေ့ဆုံကြရင်း အားပေးစကားပြောကြားပါတယ်။
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၈၁)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မစိုးရိမ်တိုက်ဟောင်း ဦးမေဓာဝိမှ အလှူငွေ ၃၀၀၀၀(သုံးသောင်း)ကျပ် လှူဒါန်းစဉ်။(6.12.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၂၂,၀၈၀,၅၀၀ိ ကျပ်။ စုစုပေါင်း – ၁၈၇,၂၈၀,၅၀၀ (တစ်ထောင့်ရှစ်ရာ့ ...
သတင်း

ရမ္မာဝတီဆရာတော်ကြီး အလှူတော်(၅)

ယနေ့အလှူရှင် နှစ်ဦး ကိုစည်သူလှိုင်+မဇာခြည်ဝင်းမိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ရခိုင်ပန်းထိန်ပညာရှင်များ လူမှုဘဝစောင့်ရှောက်ရေးအသင်း(ရန်ကုန်)မှ အလှူငွေ ၈၃၀၀၀၀(ရှစ်သိန်းသုံးသောင်း)ကျပ် လှူဒါန်းပါသည်။(7.12.2017) ============================================================= ထောက်ကြံ့မြို့နယ် ဘုရားသုံးဆူကွက်သစ် ရမ္မာဝတီဆရာတော်ကြီး ဘဒ္ဒဣန္ဒကအတွက် နဝကမ္မအလှူငွေ ၉၁၁၀၀၀၀(ကိုးဆယ့်တစ်သိန်း)ကျပ် ရရှိပါပြီ။ ၁။ 1.12.2017 ရက်နေ့ ရေနံချောင်းမြို့ ဦးကျော်စိုးဟန်မှ အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ်၊ ၂။ 2.12.2017 ရက်နေ့ မန္တလေးမြို့ ဦးစိုးမိုးနိုင်(မေမေချိုရည်ကုမ္ပဏီ)မှ အလှူငွေ ၁၀၀၀၀၀၀(ဆယ်သိန်း)ကျပ်၊ ၃။ 4.12.2017 ရက်နေ့ ဖားကန့်မြို့နယ် U Saung Nya မိသားစုမှ ...
သတင်း

အတိုက်အခံဆိုရင် အတိုက်ခံကောင်းပီသရမယ်။ ပြည်သူကိုမျက်နှာမူပြီး အနစ်နာခံရပ်တည်နေတဲ့ အတိုက်အခံဖြစ်နေရမယ်(၂-နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – မဘသနဲ့ ပတ်သက်ပြီး မေးရရင် မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံပျောက်နေတဲ့ကိစ္စပေါ့ဘုရား။ အရင်တုန်းက မဘသက အတိုက်အခံကောင်းအနေနဲ့ ရှိခဲ့တယ်။ အခု မဘသမရှိတော့တဲ့နောက်မှာ၊ နာမည်ပြောင်းပြီးနောက်မှာ အတိုက်အခံပျောက်သလိုဖြစ်နေတယ်။ တခြားရှိတဲ့ပါတီတွေကလည်းပဲ ကောင်းကောင်းအားမကိုးရတော့ အဲဒီအပေါ်မှာ ဘယ်လိုများ သုံးသပ်ပါသလဲဘုရား။ ဖြေ – ဒီအစိုးရသစ်တက်ခါစတုန်းက ဖေ့ဘုတ်မှာတွေ့ခဲ့ရတာလေးတစ်ခု အကြောင်းပြုပြီး ပြောရမယ်ဆိုရင်တော့ အတိုက်အခံလုပ်လာတဲ့သူကလည်း အစိုးရလုပ်တဲ့အခါမှာ မလုပ်တတ်မကိုင်တတ်၊ အစိုးရလုပ်ခဲ့တဲ့သူကလည်း အတိုက်အခံမလုပ်ခဲ့ဖူးတော့ အတိုက်အခံလည်း မလုပ်တတ်၊ အဲဒီမှာတင် မြန်မာ့နိုင်ငံရေးက အဆိုးဘက်ကို ဦးတည်သွားတာပေါ့။ ပြောရမယ်ဆိုရင်တော့ အရင်အစိုးရရဲ့ ဒီမိုကရေစီလေးဟာ တဖြည်းဖြည်းနောက်ကို ဆုတ်ဆုတ်သွားတာပေါ့။ အဲဒါက ...
သတင်း

ပဒုမငရဲသား (သို့မဟုတ်) ဝစီဘေဒ နှုတ်ဓားမတရားတော်

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ကောကာလိကဘွဲ့အမည်ရသော ရဟန်းတော်နှစ်ပါး ရှိခဲ့ဖူးသည်။ ၄င်းတို့ကို မဟာကောကာလိက၊ စူဠကောကာလိကဟူ၍ ခေါ်ကြ၏။ မဟာကောကာလိကသည် ရှင်ကြီးဒေဝဒတ်၏ တပည့်ဖြစ်ကာ စူဠကောကာလိကသည် ကောကာလိကတိုင်း၊ ကောကာလိကမြို့၊ ကောကာလိကသူဌေးသားဖြစ်၏။ စူဠကောကာလိကသူဌေးသားရဟန်းတော်သည် ကောကာလိကမြို့မှာပင် ဖခင်သူဌေးကြီးဆောက်လုပ် လှူဒါန်းသောကျောင်းတိုက်၌ သီတင်းသုံးနေထိုင်၏။ ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလန်တို့သည် ပရိသတ်များကို စွန့်ခွါကာ နားအေးပါးအေးနေတော်မူလို၍ စူဠကောကာလိကထံသို့ ရောက်လာကြ၏။ ကောကာလိကကလည်း နှုတ်လုံသည်။ မထေရ်တို့၏ အလိုတော်အတိုင်း မည်သူ့ကိုမျှ အသိမပေးဘဲ မထေရ်နှစ်ပါးအား ပြုစုလုပ်ကျွေးရှာ၏။ ဝါကျွတ်သည့်အခါ မထေရ်နှစ်ပါးက ပြန်ကြွတော့မည်ဖြစ်ကြောင်း အသိပေးလေသော် ...
သတင်း

ဒို့ဆရာတော်ကြီး ဘုန်းကံတက်လာပါပြီ

ဒို့ဆရာတော်ကြီး ဘုန်းကံတက်လာပါပြီ။ အာဏာရပါတီကြီးကလည်း လှူလာပြီ။ ဘယ်သူလှူလှူ။ လှူတာသူတော်ကောင်းလမ်းစဉ်ဗျ။ ဝမ်းမြောက်ဝမ်းသာ လှိုက်လှဲစွာ သာဓုခေါ်ပါတယ်ဗျာ။ မောင်မင်းကြီးသား မယ်မင်းကြီးမတို့အားလုံး ကျန်းမာ အောင်မြင် ပျော်ရွှင် ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ——-။
သတင်းအင်တာဗျူး

အတိုက်အခံဆိုရင် အတိုက်ခံကောင်းပီသရမယ်။ ပြည်သူကိုမျက်နှာမူပြီး အနစ်နာခံရပ်တည်နေတဲ့ အတိုက်အခံဖြစ်နေရမယ်(၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – ထောက်ကြံ့က လမင်းသာဘီယာဆိုင်က သံဃာတု ခေါင်းစဉ်တပ်ပြီး ရိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အရှင်ဘုရားရဲ့ အမြင်ကို သိချင်ပါတယ်ဘုရား။ ဖြေ- သံဃာအတုဆိုတာကတော့ သူတို့ဘက်က အပြစ်ပေါ့အောင် ပြောတာမျိုးပေါ့။ တကယ်တမ်းကျတော့ သံဃာအစစ်မှန်း အသိသာကြီးပါ။ အငြိုးအတေးလည်းမရှိဘူး၊ စော်ကားမော်ကားပြုတာမျိုးလည်းမရှိဘူး။ ကိုယ့်ဆိုင်ထဲ အကူအညီလာတောင်းတာနဲ့တင် သူတို့က သံဃာတွေကို မုန်းတီးတဲ့စိတ်နဲ့ မချေမငံပြောလွှတ်လိုက်တဲ့ကိစ္စမှာ ဆရာတော်ကြီးက ငယ်ဖြူဆိုတော့ သည်းမခံနိုင်လို့ တောင်ဝှေးနဲ့ ရိုက်လိုက်တယ်လို့ ကြားတာပေါ့နော်။ အဲဒီအပေါ်မှာ သံဃာတုခေါင်းစဉ်တပ်ပြီးတော့ ချကျတာပေါ့။ တချို့ပြောတာဆိုရင် ဆရာတော်ကြီးက ရေတောင်းသောက်တယ်၊ သူတို့က ရေမရှိဘူး ဘီယာပဲရှိတယ်လို့ ...
သတင်း

မီဒီယာသမားတွေ မီဒီယာကျင့်ဝတ် ဖောက်ဖျက်တာကြာပြီ

စာရေးသူမှာလည်း 7 Day အပါအဝင် သတင်းစာနှင့် ဂျာနယ်အချို့က အခုလို စော်ကားခဲ့ဖူးပါတယ်။ အဲဒီတုန်းက သတင်းရင်းမြစ်ဖြစ်တဲ့ စာရေးသူနှင့် မန္တလေးတိုင်း သံဃနာယက ဥက္ကဋ္ဌဆရာတော်ကြီး အတွင်းရေးမှူးဆရာတော်ကြီးတို့ရဲ့ အတည်ပြုချက်ကို မရယူခဲ့ဘဲ အစည်းအဝေးတက်တဲ့အထဲမှာပါတဲ့ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆိုသူစကားကိုပဲ အတည်ယူပြီး စော်ကားခဲ့တာပါ။ ဥပမာ အသိပေးစကားပြောကြားတာကို 7 Day က သတိပေးစကားလို့ ရေးသွားပါတယ်။ အစည်းအဝေးမှတ်တမ်း လက်မှတ်ထိုးတာကို ခံဝန်ကတိလက်မှတ်ထိုးတယ်လို့ ရေးသွားပါတယ်။ မဟနထုတ်ပြန်စာ သိရှိကြောင်းကို မသိရှိဘူးငြင်းပယ်ကြောင်း ရေးသွားပါတယ်။ အဲဒီမြို့နယ်ဥက္ကဋ္ဌဆိုသူရဲ့ ပြောစကားက ဘယ်လောက်ခိုင်မာမလဲ၊ ဘယ်လောက် ယုံကြည်လို့ရမလဲ မီဒီယာသမားတွေ မစဉ်းစားတော့ပါဘူး။ တိုင်းသံဃနာယကဆရာတော်ထံ ...
သတင်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမင်းသာ(၂) စားသောက်ဆိုင်အတွင်း ရိုက်ပုတ်နှိပ်စက်ခံရသော ဆရာတော်ဦးဣန္ဒကနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ချက်

ရက်စွဲ၊ ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက် ၁။ ၂၀၁၇ခု၊ နိုဝင်ဘာလ (၂၈)ရက်နေ့ နေ့လည် ၂း၀၀ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာ ရမ္မာဝတီကျောင်းတိုက်နေ ဆရာတော် ဦးဣန္ဒက သက်တော်(၆၉)နှစ်အား မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမင်းသာ(၂)စားသောက်ဆိုင်၌ ဆိုင်ပိုင်ရှင် ဦးအောင်မိုးနှင့် ဆိုင်တွင်ရောက်ရှိနေသူ ဦးမြင့်ကျော်တို့က ရဟန်းအတုဟု စွပ်စွဲခြင်း၊ ပြင်းထန်စွာရိုက်နှက်ခြင်း၊ ညစ်နွမ်းစွာ ဆဲဆိုခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်ဟု သိရှိရပါသည်။ ထိုဖြစ်စဉ်၏ အကြောင်းမှန်ကို သိစေနိုင်ရန်အတွက် မိမိတို့အနေဖြင့် လေ့လာကြည့်ရှုနေခဲ့ကြပါသည်။ ၂။ ထိုဖြစ်စဉ်၌ ဆရာတော်ဦးဣန္ဒကမှာ မတရားစွပ်စွဲခံရခြင်း၊ မတရားနှိပ်စက်ညဉ်းပမ်းခံရခြင်းတို့ကိုသာ ...
သတင်း

မဟနဆရာတော်များ ဒီအတိုင်းကြည့်နေကြတော့မှာလားဘုရား

မဟနဆရာတော်များ ဒီအတိုင်းကြည့်နေကြတော့မှာလားဘုရား (အနှိပ်စက်ခံ အစွပ်စွဲခံ ရခိုင်ဆရာတော်ကြီး၏ ဂုဏ်သိက္ခာပြဿနာအပေါ်ဖွင့်ဟချက်များ) ● ———————————————(အပိုင်း ၁) ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဘာသာခြား ငုံးဥပြုတ်သည် ဦးအောင် သန်းကိစ္စကြောင့် အများပြည်သူကြား နောက်ဆက်တွဲအသံတွေ ပွက်လော ရိုက်ခဲ့ရသလို အောက်တိုဘာ ၂၄ ရက်၊ မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်မှာ ကျင်း ပခဲ့တဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲ ဓာတ်ပုံမြင်ကွင်းကြောင့်လည်း ဗုဒ္ဓဘာ သာဝင် ရဟန်းရှင်လူပြည်သူတွေကြား တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပွက်လော ရိုက်ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ နိုဝင်ဘာ လကုန်ပိုင်းမှာတော့ ထောက်ကြန့်လမ်းဆုံ၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းအနီး ...
သတင်း

ရမ္မာဝတီဆရာတော်ကြီး အလှူတော်(၄)

ယနေ့အလှူရှင် ငါးဦး ဖားကန့်မြို့ ဦးအောင်ကျော်လင်း(ခ)လောပန်းကိုယ်တော်လေး မှ အလှူငွေ ၅,၀၀၀,၀၀၀(သိန်းငါးဆယ်)ကျပ်၊ လှည်းကူးသံဃနာယကအတွင်းရေးမှူး ဦးပညာဒီပမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ USA မှ ဒေါ်စန်းညွန့်မိသားစုမှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ်၊ ဒေါ်အေးစန္ဒာမြင့်၊ မအိနြေ္ဒစန္ဒာထွန်း ၄၀၀၀၀(လေးသောင်း)ကျပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသမီးရေးရာကော်မတီမှ ၁,၀၀၀,၀၀၀(ဆယ်သိန်း)ကျပ်၊ မနီလာမြင့်၊ မဝတ်ရည်၊ မမီးမီး ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (6.12.2017) ============================================================= ထောက်ကြံ့မြို့နယ် ဘုရားသုံးဆူကွက်သစ် ရမ္မာဝတီဆရာတော်ကြီး ဘဒ္ဒဣန္ဒကအတွက် နဝကမ္မအလှူငွေ ၈၁၈၀၀၀၀(ရှစ်ဆယ့်တစ်သိန်းရှစ်သောင်း)ကျပ် ရရှိပါပြီ။ ၁။ 1.12.2017 ရက်နေ့ ရေနံချောင်းမြို့ ...